စိုင်းမွန်ဆိုတဲ့ကျွန်တော်ကငယ်ငယ်လေးကတည်းကကံမကောင်းတဲ့သူပေါ့။ကျွန်တော့်အမေကျွန်တော့်ကိုမွေးနေတုန်းမှာအဖေဖြစ်သူကဆုံးသွားတယ်။အဲ့တော့ကျွန်တော့်အဖေကကျွန်တော့်ကိုမမြင်လိုက်ရသလိုကျွန်တော်ကလည်းအဖေကိုမမြင်ဖူးလိုက်ဘူး။အဖေ့ကိုပထမဦးဆုံးမြင်ဖူးတာကအမေနှင့်အဖေရဲ့မင်္ဂလာဆောင်ဓာတ်ပုံမှာပေါ့။မေမေကကျွန်တော့်ရဲ့ရှေ့ရေးကောင်းမွန်အောင်ဆိုပြီးကျွန်တော့်အသက်၁၀နှစ်မှာချမ်းသာတဲ့ဦးဟန်ဦးဆိုသူနှင့်နောက်အိမ်ထောင်ပြုလိုက်တယ်။ဦးဟန်ဦးကမေမေနှင့်လက်မထပ်ခင်တုန်းကတော့ကျွန်တော်တို့သားအမိကိုချိုချိိုသာသာဆက်ဆံခဲ့တယ်။ကျွန်တော်လည်းအဖေအစားတယောက်ရတော့မယ်ဆိုပြီးပျော်နေခဲ့တာပေါ့။
မေမေနှင့်အိမ်ထောင်ကျပြီးနောက်ပိုင်းကျွန်တော်တို့အိမ်ကိုသူ့ရဲ့သားဖြစ်သူဇော်မောင်နှင့်အတူပြောင်းလာတယ်။မေမေနှင့်ဦးဟန်ဦးအိမ်ထောင်ကျပြီးနောက်ပိုင်းဦးဟန်ဦးကျွန်တော်တို့သားအမိအပေါ်ဆက်ဆံရေးတာတွေကပြောင်းလဲလာခဲ့တယ်။အမြဲတမ်းအရက်သောက်ဖဲရိုက်တာပဲလုပ်နေခဲ့တယ်။နောက်ပိုင်းမှသိလိုက်ရတာကဦးဟန်ဦးကအလောင်းကစားကြောင့်စီးပွားပျက်နေတဲ့လူကြီးဗျ။ရှင်းရှင်းပြောရမယ်ဆိုရင်အထည်ကြီးပျက်ပေါ့ဗျာ။မေမေ့ကိုလက်ထပ်တယ်ဆိုတာလည်းမေမေရဲ့ပစ္စည်းဥစ္စာတွေကိုလိုချင်လို့ဖြစ်တယ်။မေမေကရိုးသားတဲ့သူမို့ဦးဟန်ရဲ့အလိမ်အညာတွေကိုခံလိုက်ရတာပေါ့။💮💮💮💮💮💮💮💮💮💮💮💮💮💮
ကြာလာတာနှင့်အမျှကျွန်တော်တို့သားအမိကိုဦးဟန်ဦးကရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံလာတယ်။ရန်ဖြစ်ရင်လည်းမေမေ့ကိုလက်တွေပါ ပါလာတယ်။မေမေရှိနေတာ့ကျွန်တော်အတွက်လုံခြုံနေတာပေါ့။မေမေကလည်းသူနှင့်ကွာရှင်းချင်ပေမဲ့လက်ထပ်ထားတာကသိပ်မကြာသေးတော့မေမေလည်းသည်းခံနေရတာပေါ့။တနှစ်ကျော်ရင်ဦးဟန်ဦးနှင့်ကွာရှင်းဖို့ဆုံးဖြတ်ထားတယ်။စိတ်မကောင်းစွာနှင့်ဘဲကျွန်တော်အမေဦးဟန်ဦးနှင့်မကွာရှင်းခင်မှာဆုံးသွားခဲ့တယ်။ကျွန်တော်ရဲ့မြင့်မိုလ်တောင်ကြီးပြိုသွားခဲ့တဲ့အတွက်ကျွန်တော်ယူကျုံးမရဖြစ်ခဲ့တယ်။မေမေဆုံးသွားကတည်းကကျွန်တော်ရဲ့ပျော်ရွှင်မူတွေအကုန်လုံးပျောက်ကွယ်သွားခဲ့တယ်။
ကျွန်တော်တယောက်တည်းဦးဟန်ဦးတို့သားအဖနှိပ်စက်တာကိုခံခဲ့ရတာအခုထိပါပဲဗျာ။ကျွန်တော်ကအခုဆို၁၀တန်းကိုall Dနှင့်အောင်ထားတယ်။ကျွန်တော်မှတ်မိသေးတယ်။မေမေဆုံးသွားတော့ဦးဟန်ဦးကကျွန်တော့်ကိုကျောင်းထုတ်မလို့လုပ်သေးတယ်။ကျွန်တော်ကစာတော်တော့ဆရာမတွေကအိမ်ထိလိုက်လာပြီးကျောင်းမထုတ်ဖို့လာပြောကြတယ်။ပြီးတော့ကျွန်တော်ကလည်းငိုယိုပြီးနေ့တိုင်းကျောင်းမထုတ်ဖို့တောင်းဆိုတော့မှနောက်ဆုံးကျွန်တော့်ကိုကျောင်းဆက်တက်ခွင့်ပေးခဲ့တယ်။ကျောင်းဆက်တက်ခွင့်ရခဲ့ပေမဲ့ကျွန်တော်ကိုအိမ်အလုပ်တွေအကုန်လုပ်ပြီးမှကျောင်းသွားခိုင်းတော့ကျွန်တော်ကျောင်းကိုအမြဲနောက်ကျတယ်။ဆရာမတွေကတော့ကျွန်တော့်အကြောင်းသိတော့ဘာမှမပြောကြဘူး။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...