နန်းစိုင်းကြာနေတော့ခြံထဲဝင်လာတဲ့အချိန်မှာအိမ်ထဲကနေစိုင်းနှင့်စိုင်းရဲ့ပထွေးဖြစ်သူတို့ရန်ဖြစ်သံတွေကြားရတယ်။နန်းသူများအိမ်တွင်းရေးကိစ္စတွေမို့ဝင်မပါပဲပြတင်းပေါက်ကနေပဲအခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ဒါပေမဲ့စိုင်းရဲ့ပထွေးကစိုင်းရဲ့ခေါင်းကိုပန်းအိုးနှင့်ရိုက်လိုက်တဲ့အချိန်မှာတော့နန်း၀င်မပါပဲမနေနိုင်တော့ပေ။
နန်း"ရှင်တို့သိပ်ကိုတရားလွန်နေပြီနော်။"
နန်းအိမ်ထဲ၀င်လာရင်းစိုင်းရဲ့ပထွေးဆိုသူနှင့်သူ့ရဲ့သားဖြစ်ပုံပေါ်သည့်သူကိုဒေါသထွက်ထွက်နှင့်အော်ပြောလိုက်တယ်။
နန်း"စိုင်း၊အဆင်ပြေရဲ့လား။"
နန်းကြမ်းပြင်ပေါ်ထိုင်လိုက်ပြီးစိုင်းကိုထူပြီးဆိုဖာပေါ်တင်ပေးလိုက်တယ်။
နန်း"ရှင်တို့တော်တော်လွန်တာပဲ။ဒီကလေးမှာဘာအပြစ်ရှိလို့ဒီလောက်ထိနှိက်စက်နေကြတာလဲ???။တော်တော်ယုတ်မာရိုင်းစိုင်းတဲ့လူတွေ။"
ဦးဟန်"ဒီမှာ၊မိန်းကလေး။မင်းကဘာမို့လို့ငါအိမ်ထဲထိလာပြီးငါ့ကိုစော်ကားနေတာလဲ။ရာရာစစ၊မင်းလိုမိန်းကလေးကများ။"
နန်း"ကျွန်မဘယ်သူလဲဆိုတာရှင်တို့သိစရာမလိုပါဘူး။ရှင်တို့လိုအဆင့်တွေကကျွန်မအကြောင်းသိစရာလည်းမလိုပါဘူး။စိုင်း၊သွားကြမယ်။ဒီလိုအောက်တန်းကျတဲ့နေရာမင်းရှိနေစရာမလိုဘူး။"
ဇော်မောင်"ဒီကောင်ကိုခေါ်သွားချင်တိုင်းခေါ်သွားလို့ရမလား။ဒီကောင်ကငါတို့ရဲ့ကျွန်ပဲ၊ငါတို့ထွက်သွားခိုင်းမှထွက်သွားလို့ရမှာ။"
ဇော်မောင်ရဲ့စကားကြောင့်နန်းဒေါသကအဆုံးထိရောက်သွားတယ်။လူလူချင်းအတူတူကိုကျွန်တဲ့။နန်းဆီမှာအလုပ်လုပ်နေတဲ့စိုင်းကိုတောင်အဲ့လိုမပြောဖူးဘူး။💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်း"ဒီကလေးကိုကျွန်လို့ပြောရအောင်။မင်းတို့ကရောဘယ်လောက်များတော်နေလို့လဲ။လူတယောက်မှာရှိသင့်တဲ့စိတ်ထားတောင်မရှိတဲ့တိရစ္ဆာန်ကများ။"
ဇော်မောင်"ဘာပြောတယ်။"
နန်း"နားမပါဘူးလား။ထပ်ပြောရမလားလူ့တိရစ္ဆာန်ရဲ့။"
ဇော်မောင်ကနန်းစကားကြောင့်ဒေါသထွက်သွားပြီးဘေးနားကပန်းအိုးတလုံးကိုယူပြီးနန်းကိုရိုက်ဖို့ပြေးလာတယ်။
စိုင်း"မမနန်း၊သတိထား။"
နန်း ဇော်မောင်ရဲ့မျက်နှာကိုခြေတောက်နှင့်ပိတ်ကန်လိုက်တယ်။ဇော်မောင်နန်းရဲ့ကန်ချက်ကိုခံလိုက်ရတော့လက်ထဲကပန်းအိုးလွှတ်ကျသွားတယ်။နန်းလဲကျမလိုဖြစ်နေတဲ့ဇော်လက်ကိုဆွဲလိုက်တယ်။နန်းဖက်ကိုလဲလာတဲ့ဇော်မောင့်မျက်နှာကိုလက်သီးနှင့်တချက်ထိုးချလိုက်တယ်။ဇောမောင်ကြမ်းပြင်ပေါ်လှဲကျသွားတယ်။
နန်း"ဒါကနန်းမွန်ဆိုတဲ့ငါ့ကိုကိုယ်ထိလက်ရောက်ကျူးလွန်ချင်တဲ့အပြစ်ပဲ။"
ဦးဟန်ဦးသူ့သားကိုအခုလိုဖြစ်သွားတဲ့အတွက်နန်းမွန်ဆိုတဲ့ကောင်မလေးကိုကိုဒေါသထွက်သွားတယ်။
ဦးဟန်"မင်းကများ၊ငါ့သားကို။"
စိုင်းရဲ့ပထွေးဆိုသူကကနန်းကိုရိုက်ဖို့ရွယ်လာတဲ့လက်ကိုနန်းကိုင်ထားလိုက်တယ်။
နန်း"ရှင်ကကျွန်မကိုရိုက်မလို့ဟုတ်လား။ရှင့်သားလိုအသားမနာချင်အေးဆေးနေလိုက်။အေးဆေးမနေရင်မနက်ရှင်ဆန်ပြုတ်ပဲသောက်ရလိမ့်မယ်။လူကြီးဆိုပြီးလုပ်ချင်းတိုင်းလုပ်လို့ရမယ်မထင်နှင့်။"
နန်း စိုင်းပထွေးရဲ့လက်ကိုအားနှင့်လွှတ်ချလိုက်တယ်။နန်းစိုင်းပထွေးရဲ့လက်ကိုလွှတ်ချလိုက်တဲ့အရှိန်ကြောင့်စိုင်းရဲ့ပထွေးဆိုသူကြမ်းပြင်ပေါ်ဖင်ထိုင်ရက်လဲကျသွားတယ်။
နန်း"သွားကြမယ်စိုင်း။"
နန်းအိမ်ထဲကထွက်သွားမလို့စိုင်းကိုတွဲမလို့လုပ်နေတုန်းမှာစိုင်းရဲ့ပထွေးကထလာလာပြီးနန်းကိုစကားပြောတယ်။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...