waiterလေးကနန်းမှာထားတာတွေလာချပေးတာကြောင့်နန်းလည်းခေါက်ဆွဲသုတ်ကိုတလုတ်စားလိုက်တယ်။နန်းဒီဆိုင်မှာခေါက်ဆွဲသုတ်တွေမှာစားဖူးပါတယ်။ဒီလောက်ထိအရသာမကောင်းပါဘူး။လက်ရာပြောင်းသွားတယ်ဆိုတာနန်းပထမတလုတ်နှင့်တင်သိပါတယ်။နန်းခေါက်ဆွဲသုတ်ကိုစားတာဘယ်လိုကုန်လို့ကုန်သွားလဲမသိပါဘူး။နန်းခေါက်ဆွဲသုတ်အရသာကိုကြိုက်တာကြောင့်နောက်တပွဲထပ်မှာဖို့waiterလေးကိုခေါ်လိုက်တယ်။
waiter"မင်္ဂလာပါညီမ၊ဘာများလိုအပ်လို့လဲမသိဘူး။"
နန်း"ညီမခေါက်ဆွဲသုတ်နောက်ထပ်တပွဲပေးပါ။ပြီးတော့ညီမခေါက်ဆွဲသုတ်ကိုဒီအရသာတိုင်းပဲထပ်သုတ်ပေးပါနော်။"
waiter"ဟုတ်ကဲ့။ကျွန်တော်စားဖိုဆောင်ကိုသေချာပြောပေးမယ်နော်။"
နန်း waiterလေးကိုခေါင်းငြိမ့်ပြလိုက်တယ်။ waiterလေးကစားဖိုဆောင်ကိုနန်းမှာလိုက်တဲ့အတိုင်းပြန်မှာပေးတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮
waiterအကိုကြီးဆီကအမှာစာရောက်လာတော့ကျွန်တော်သုတ်နေကျအတိုင်းဘဲသေချာသုတ်ပေးလိုက်တယ်။နန်းကတော့စားချင်တဲ့ခေါက်ဆွဲသုတ်လေးကိုနောက်တခါထပ်စားလိုက်ရတဲ့အတွက်စိတ်ထဲကျေနပ်သွားဖြစ်သွားတယ်။နန်းဒီလောက်ကောင်းတဲ့လက်ရာပိုင်ရှင်ကိုသိချင်လာတယ်။နန်းကောင်တာမှာရှိတဲ့ဆိုင်ပိုင်ရှင်အန်တီကြီးကိုခွင့်တောင်းပြီးမီးဖိုဆောင်ထဲ၀င်သွားတယ်။မီးဖိုဆောင်ထဲမှာစားဖိုမှူးတွေက၆ယောက်၇ယောက်လောက်ရှိတယ်။အကုန်လုံးကချက်ပြုတ်ကျော်လှော်နေကြပြီးအကုန်လုံးအလုပ်တွေရှုပ်နေကြတယ်။စားဖိုဆောင်မှာနန်းကိုဝင်တိုက်ခဲ့တဲ့ကောင်လေးကိုတွေ့လိုက်တယ်။နန်းအဲ့ကောင်လေးကိုသွားပြီးစကားပြောလိုက်တယ်။
နန်း"ဟိတ်၊ကောင်လေး။တို့ကိုမှတ်မိလား။"
နန်းပုခုံးပုတ်ပြီးထိုကောင်လေးကိုပြောလိုက်တယ်။
ကောင်မလေးတယောက်ကကျွန်တော့်ကိုစကားလာပြောတာကြောင့်ဘယ်သူလဲလို့လှည့်ကြည့်လိုက်တယ်။စောနတုန်းကကျွန်တော်၀င်တိုက်ခဲ့တဲ့ကောင်မလေးဖြစ်နေတယ်။
စိုင်း"ဟုတ်ကဲ့၊မှတ်မိပါတယ်။ဘာကိစ္စရှိလို့လဲမသိဘူး။"
နန်း"တို့သိချင်တာလေးတခုရှိလို့ပါ။နန်းခေါက်ဆွဲသုတ်မှာစားတာအရသာကအရင်ကနှင့်မတူပဲတော်တော်စားကောင်းတယ်။အဲ့တာနန်းမှာတဲ့အသုပ်ကိုပြင်ဆင်ပေးတဲ့သူကိုသိချင်လို့ပါ။"
စိုင်း"ကျွန်တော်ပါ။ကျွန်တော်ပြင်ပေးလိုက်တာပါ။"
နန်း"ဟုတ်လား။မင်းလက်ရာကတော်တော်ကောင်းတယ်။တို့ကမနက်တိုင်းဒီမှာမနက်စာလာစားဖြစ်တယ်။နောက်ဆိုတို့လာရင်မင်းပဲတို့အတွက်စားစရာတွေပြင်ပေးနော်။"
စိုင်း"ဟုတ်ကဲ့ရပါတယ်။ကျွန်တော့်ပြင်ပေးပါ့မယ်။"
နန်း"မင်းနာမည်ကဘယ်လိုခေါ်လဲ။"
စိုင်း"ကျွန်တော့်နာမည်ကစိုင်းမွန်ပါ။"
နန်း"နာမည်လေးကလှသားပဲ။တို့နာမည်ကနန်းမွန်လို့ခေါ်တယ်။တို့နာမည်လည်းမှတ်ထားအုန်းနော်ချာတိတ်။"
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...
