မဟာ"စိုင်း၊မင်းလိုက်ခဲ့ရမယ်နော်။စိုင်း၊စိုင်း။"
စိုင်း"ဗျာ!!!ကိုကြီး၊ပြောလေ။"
မဟာ"မင်းလိုက်ခဲ့မယ်မဟုတ်လား။လုပ်ပါနော်။"
စိုင်း"ဟုတ်ကဲ့၊လိုက်ခဲ့မယ်လေ။ခဏစောင့်နော်၊ကျွန်တော်ရေမိုးချိုးလိုက်အုန်းမယ်။"
မဟာ"ရပါတယ်၊စိုင်းရဲ့။အေးဆေးလုပ်နော်။"
စိုင်း"ဟုတ်ကဲ့။"
ကျွန်တော်ရေချိုးဖို့ရေချိုးခန်းထဲဝင်သွားတယ်။ရေချိုးခန်းထဲမှာကျွန်တော့်မျက်ဝန်းကမျက်ရည်တွေကအတားအဆီးမရှိစီးကျလာတယ်။မမနန်းကိုစွန့်လွှတ်လိုက်ဖို့ကျွန်တော်တွေးထားပေမဲ့တကယ်ကျတော့မမနန်းကိုလက်လွှတ်ဖို့တော်တော်ခက်ခဲပါတယ်ဗျာ။ကျွန်တော်ရေချိုးခန်းထဲကနေထွက်လာပြီးတော့အဝတ်အစားလဲလိုက်တယ်။ပြီးတော့ကိုကြီးမဟာနှင့်ကျွန်တော်အပြင်ထွက်ခဲ့ကြတယ်။ကိုကြီးမဟာကmarketတခုမှာအရုပ်အကြီးကြီးတရုပ်နှင့်ပုံမှန်အရွယ်အရုပ်လေးတွေဝယ်လာတယ်။မမနန်းကအရုပ်လေးတွေကြိုက်တာကြောင့်ကျွန်တော်အရုပ်လေးတွေဝယ်ဖို့အကြံပေးလိုက်တာဖြစ်တယ်။ကျွန်တော့်ရဲ့အကြံကို ကိုကြီးမဟာကလည်းသဘောကျတာကြောင့်အရုပ်လေးတွေဝယ်လိုက်တယ်။ပြီးတော့ပန်းဆိုင်တခုဝင်ပြီးတော့ပန်းအလှဆင်ဖို့အလုပ်သမားတွေဌားလိုက်တယ်။ပန်းမှာပြီးသွားတော့လက်ထပ်လက်စွပ်သွားယူလိုက်တယ်။
မဟာ"စိုင်း၊ဒီလက်စွပ်ဘယ်လိုနေလဲ။မိုက်တယ်မလား။"
ကိုကြီးမဟာကကျွန်တော့်ကိုပြတယ်။လက်စွပ်လေးက couple ringလေးနှစ်ခု။လက်စွပ်လေးတွေကစိန်တွေတဖြတ်ဖြတ်လက်ပြီးအရမ်းပဲလှတာပဲဗျာ။
စိုင်း"လှလိုက်တာ၊ကိုကြီးရယ်။ကိုကြီးများရွေးတတ်တယ်။"
မဟာ"ရွေးတာမဟုတ်ဘူးစိုင်းရဲ့။ဒါကိုကြီးကိုယ်တိုက်ဒီဇိုင်းဆွဲထားတာ။ကို့ရဲ့ဇနီးလောင်းအတွက်သူများတွေနှင့်မတူစေချင်ဘူးလေ။ကို့ရဲ့ဇနီးကတယောက်တည်းရှိသလိုသူနှင့်ကိုနှင့်လက်ထပ်လက်စွပ်ကလည်းကမ္ဘာပေါ်မှာတခုတည်းပဲရှိနေစေချင်တယ်။"
ကိုကြီးမဟာစကားကြောင့်ကျွန်တော်မမနန်းကိုကိုကြီးမဟာနှင့်စိတ်ချသွားတယ်။မမနန်းကိုကိုကြီးမဟာအခုလိုပဲဆက်ချစ်သွားနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...
