နန်းနှင့်စိုင်းအဝတ်အစားဝတ်ပြီးအခန်းထဲကနေထွက်လာကြတယ်။ပြီးတော့ဘိုးဘိုးနှင့်မျက်နှာချင်းဆိုင်ဆိုဖာမှာထိုင်လိုက်ကြတယ်။
နန်း"ဘိုးဘိုး၊ဒါကတွေအားလုံးကနန်းကြောင့်ပါ။စိုင်းက......။"
ဘိုးဘိုး"မြေး၊မြေးမပြောနှင့်အုန်း။ဘိုးဘိုးအရင်ပြောမယ်။အခုကိစ္စကဘယ်သူကပဲအမှားလုပ်ခဲ့တယ်ပြောပြော၊ဖြစ်ပြီးခဲ့တာလည်းဖြစ်ပြီးသွားပြီ။အခုချိန်ကျမှအဲ့ဒီ့အမှားကိုပြန်ပြင်လို့လည်းမရတော့ဘူး။အဲ့တော့ဘာဆက်လုပ်ကြမလဲဆိုတာပဲပြောကြရအောင်။စိုင်း၊ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ။"
စိုင်း"အရင်ဆုံးအခုလိုဖြစ်သွားတဲ့အတွက်ဘိုးဘိုးနှင့်မမနန်းကိုကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်။မမနန်းကိုကျွန်တော်တာဝန်ယူပါ့မယ်ဘိုးဘိုး။"
ဦးအောင်ကျော်"ကောင်းပြီမြေး၊မြေးရဲ့သဘောထားကိုအဘိုးသိပြီ။နန်း.....မြေးလေး၊မြေးသဘောကရော။"
နန်း"မြေးသဘောကလည်းစိုင်းနှင့်အတူတူပါပဲ။"
ဦးအောင်ကျော်"အဲ့တာဆိုအဘိုးမြေးလေးတို့နှစ်ယောက်အတွက်မင်္ဂလာဆောင်ဘိုးလိုးစီစဥ်ပေးရတော့မှာပေါ့။"
ဘိုးဘိုးရဲ့စကားကြောင့်နန်းအရမ်းပဲအံ့သြသွားတယ်။နန်းတို့ကိုဒီလိုလွယ်လွယ်နှင့်သဘောတူလိမ့်မယ်လို့နန်းမထင်ထားဘူး။အခုလိုနန်းတို့နှစ်ယောက်ကိုသဘောတူတဲ့အတွက်နန်းဘိုးဘိုးကိုအရမ်းပဲကျေးဇူးတင်မိတယ်။
နန်း"ဒါနှင့်ဘိုးဘိုး။နန်းနှင့်မဟာ့ကိုစီစဥ်ထားတဲ့ကိစ္စရော။"
မဟာ"အဲ့ဒါတကယ်မဟုတ်ဘူးလေ။"
မဟာပြောရင်းစောနှင့်လက်တွဲပြီးဝင်လာတယ်။
နန်း"မဟာနှင့်စော၊နင်တို့က......။"
မဟာ"ဟုတ်တယ်နန်း။နင်ထင်နေသလိုပဲ။စောနှင့်ငါနှင့်ကချစ်သူတွေဖြစ်နေတာ၆လတောင်ရှိနေပြီ။"
နန်း"ဟုတ်လား၊congratsပါသူငယ်ချင်းတို့ရေ။ဒါနှင့်မဟာ၊နင်ကစောနှင့်ချစ်သူဖြစ်နေရဲ့သားနှင့်ငါ့ကိုဘာလို့ချစ်နေတာလို့ပြောတာလဲ။"
နန်းရဲ့စကားကြောင့်ဘိုးဘိုးရယ်၊မဟာရယ်နှင့်စောတို့၃ယောက်ရယ်လိုက်ကြတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮
ဦးအောင်ကျော်"ကဲ!!!မြေးလေးမဟာရယ်၊မင်းသူငယ်ချင်းကိုဇာတ်ရည်လည်သွားအောင်ပြောပြလိုက်ပါအုန်း။"
မဟာ"ဟုတ်ကဲ့ပါ၊ဘိုးဘိုး။ဒီလိုနန်းနှင့်စိုင်းရဲ့။စိုင်းပြန်ရောက်ပြီးတနှစ်လောက်ကြာတဲ့အထိနင်တို့နှစ်ယောက်ကဘာမှမထူးခြားခဲ့ဘူးလေ။နှစ်ယောက်သားအလုပ်တွေပဲဖိလုပ်နေကြတာ။နင်တို့နှစ်ယောက်တယောက်ကိုတယောက်သိပ်ချစ်တယ်ဆိုတာငါတို့ဘေးကနေကြည့်တာနှင့်တင်ငါတို့သိပါတယ်။အဲ့တာနှင့်ဘိုးဘိုးနှင့်တိုင်ပင်ပြီးနင်တို့ရဲ့ချင်းအဆင်ပြေသွားအောင်အခုလိုလုပ်ပေးလိုက်တာ။"
အဲ့တာဆိုနန်းတို့ကိုဘိုးဘိုးကအစထဲကသဘောတူခဲ့တာပေါ့။နန်းမဟာ့စကားကြားတော့ပျော်သွားတယ်။
နန်း"အဲ့တာဆိုနင်ကတို့နှစ်ယောက်ကိုplayခဲ့တာပေါ့၊ဟုတ်လားမဟာ။"
မဟာ"အဲ့လိုတော့မစွပ်စွဲပါနှင့်ဟာ။နင်တို့နှစ်ယောက်နီးစပ်သွားအောင်ကူညီပေးရုံပါ။"
နန်း"ဟွန့်။ဘိုးဘိုးကလည်းလူကြီးဖြစ်ပြီးမဟာတို့ကိုတားတာမဟုတ်ဘူး။"
ဦးအောင်ကျော်"မြေးတို့ကခေါင်းမာကြတာကိုး။အဲ့တာကြောင့်အခုလိုစီစဥ်လိုက်ရတာပေါ့။"
စိုင်း"အဲ့ဒါဆိုဟိုတနေ့တုန်းကproposeလုပ်ဖို့ပြင်ဆင်နေတာက......။"
စော"အဲ့တာတို့ကိုproposeလုပ်ဖို့လေ၊စိုင်းရဲ့။"
မမစောကပြောရင်းလက်စွပ်ဝတ်ထားတဲ့လက်ကိုကျွန်တော်တို့ကိုပြတယ်။အဲ့ဒီလက်စွပ်လေးကကိုကြီးမဟာလက်ထပ်ခွင့်တောင်းဖို့ဝယ်လာတဲ့လက်စွပ်လေးပါ။ကျွန်တော့်အဲ့ကျမှစိတ်ထဲမတင်မကျဖြစ်နေတာတွေပျောက်သွားတယ်။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...
