❣️❣️❣️chapter-9❣️❣️❣️

603 16 0
                                    

        မမနန်းကျွန်​တော့်ရဲ့ပါး​​လေးကိုရုတ်တရတ်လာဆွဲတာ​ကြောင့်ကျွန်​တော်မမနန်းကိုအံ့သြတဲ့မျက်လုံး​လေးနှင့်ကြည့်လိုက်တယ်။ပြီးတော့မမနန်းစကားကြောင့်ကျွန်တော်ပြုံးလိုက်မိတယ်။
စိုင်း"မမနန်း၊ကျွန်တော်ပန်းကန်သိမ်းလိုက်တော့မယ်နော်။"
နန်း"အင်း၊သိမ်းလိုက်လေ၊စိုင်း။"
စိုင်း"ဟုတ်ကဲ့။"
ကျွန်တော်လည်းစားပြီးတဲ့ပန်းကန်တွေကောက်သိမ်းပြီးဆေးကြောဖို့မီးဖိုခန်းထဲဝင်သွားတယ်။နန်းသူပါးစွဲလိုက်လို့မိန်းကလေးတွေလိုမျက်နှာလေးနီသွားတဲ့စိုင်းကိုရယ်လိုက်မိတယ်။ဒီနေ့ကကျောင်းအပ်ရတော့မှာဆိုတော့စိုင်းနန်းဆီကကျောင်းသွားအပ်ဖို့ကျွန်တော်ခွင့်တောင်းလိုက်တယ်။
စိုင်း"မမနန်း၊ကျွန်တော်ဒီနေ့ကျောင်းသွားအပ်ချင်လို့ပါ။ခွင့်လေးနေ့တပိုင်းလောက်ယူချင်လို့ပါ။"
နန်း"ဟုတ်သားပဲ။ဒီနေ့တို့လည်းကျောင်းသွားအပ်ရမှာ။တူတူသွားကြမယ်လေ။တို့အင်္ကျီသွားလဲလိုက်အုန်းမယ်၊ခဏလေးစောင့်နော်၊စိုင်း။"
စိုင်း"ဟုတ်ကဲ့၊မမနန်း။"
မမနန်းကအပေါ်ထပ်တက်ပြီးအင်္ကျီလဲသွားလဲတော့ကျွန်တော်ဧည့်ခန်းထဲမှာထိုင်ပြီးစောင့်နေတယ်။ခဏနေတော့မမနန်းလှေကားကနေဆင်းလာတယ်။မမနန်းကပေါင်လယ်လောက်ရှိတဲ့ဂျင်းဘောင်းဘီအတိုလေးနှင့်ပန်းရောင်t-shirtလေးဝတ်ထားပြီးဂုတ်​လောက်ရှိတဲ့ဆံပင်တိုလေးကို​အသည်းပုံခေါင်းစီးကြိုး​လေးနှင့်စုချည်ထားတယ်။မမနန်းကbarbieအရုပ်လေးလိုအရမ်းချစ်ဖို့ကောင်းတာပဲဗျာ။အသားလေးတွေများဖြူဖွေးနေတာပဲ။မမနန်းရဲ့ပုံရိပ်လေးကကျွန်တော်မျက်လုံးထဲမှာစွဲပြီးကျန်ခဲ့တယ်။ကျွန်တော်မမနန်းကိုငေးကြည့်နေမိတယ်။
နန်း"သွားမယ်လေ၊စိုင်း။"
စိုင်း"ဟုတ်ကဲ့။"

     💮💮💮💮💮💮💮💮💮💮💮💮💮💮

       ကျွန်တော်မမနန်းကားပေါ်တက်လိုက်တော့ပထမဆုံးမမနန်းကားပေါ်တက်လိုက်ရတုန်းကလိုပဲရေမွှေးအနံ့လေးကအရင်ဆီးကြိုနေခဲ့တယ်။မမနန်းကားလေးကမွှေးကြိုင်နေတာပဲ။ပြီးတော့ဖုတ်လည်းတစက်မှမရှိဘူး။မမနန်းကားလေးကသန့်ပြန့်နေပြီးမွှေးနေတာပဲဗျာ။ကျွန်တော်ကခါးပတ်မပတ်မိတော့မမနန်းကကျွန်တော့်ကိုခါးပတ်ပေးတယ်။မမနန်းကကျွန်တော့်ကိုခါးပတ်ပတ်ပေးတော့ကျွန်တော်နှင့်မမနန်းနှင့်မျက်နှာချင်းနီးသွားတယ်။ကျွန်တော်မမနန်းရဲ့ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုအနီးကပ်မြင်လိုက်ရတယ်။နန်းစိုင်းကိုခါးပတ်ပတ်ပြီးစိုင်းကိုကြည့်လိုက်တော့စိုင်းရဲ့ပါးလေးတွေကပန်းရောင်သန်းနေတယ်။
နန်း"ကလေးကကလေးအတွေးပဲတွေးသင့်တယ်နော်။ကလေးတယောက်မှာလူကြီးအတွေးတွေမရှိသင့်ဘူး။"
စိုင်းဘာဖြစ်နေလဲဆိုတာနန်းရိပ်မိတာကြောင့်စိုင်းကိုနောက်ပြီးပြောလိုက်တယ်။စိုင်းကတော့နန်းစကားကိုရိပ်မိလို့ထင်တယ်။ကားပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်ပြီးနန်းကိုမျက်နှာလွှဲလိုက်တယ်။နန်းအရှက်သည်းနေတဲ့လူပျိုပေါက်လေးစိုင်းကြောင့်နန်းရယ်ချင်စိတ်ကိုမနည်းထိန်းနေရတယ်။နန်းရန်ကုန်တက္ကသိုလ်မှာကျောင်းအပ်ပြီးတော့စိုင်းတက်မဲ့ဆေးတက္ကသိုလ်ကိုကျောင်းအပ်ဖို့လိုက်ပို့တယ်။
        နန်းစိုင်းအတွက်ကျောင်းအပ်ခကိုပေးလိုက်တယ်။စိုင်းကကျောင်းအပ်ဖို့ပိုက်ဆံမပါလာတာကြောင့်အိမ်ပြန်ယူမယ်လို့ပြောပေမဲ့နန်းကတကွေ့တပတ်ပြန်မောင်းရမှာစိုးလို့စိုင်းအိမ်မသွားတော့ပဲကျောင်းအပ်ဖို့ပဲဆေးတက္ကသိုလ်အရင်မောင်းလိုက်တယ်။လိုအပ်တဲ့ကျောင်းအပ်ခကိုနန်းစိုက်ပေးထားမှာမို့အပြန်ကျမှစိုင်းအိမ်မှာကျောင်းအပ်ခဝင်ယူပြီးကျောင်းအပ်ခပေးလို့စိုင်းကိုပြောလိုက်တယ်။အဲ့ဒါကြောင့်နန်းကစိုင်းရဲ့ကျောင်းစရိတ်ကိုခဏစိုက်ထားတာပေါ့။နန်းစိုင်းကိုကျောင်းအပ်ပြီးတော့စိုင်းအိမ်ကိုခရီးဆက်ကြတယ်။စိုင်းအိမ်ရောက်တော့နန်းကစိုင်းရဲ့အိမ်ရှေ့မှာကားရပ်လိုက်တယ်။စိုင်းကအိမ်ထဲဝင်ဖို့ခေါ်ပေမဲ့နန်းအတွက်စိုင်းအလုပ်ပိုနေမှာမို့နန်းကားပေါ်မှာပဲစိုင်းကိုစောင့်နေခဲ့တယ်။ကျွန်တော်ဧည့်ခန်းထဲမှာထိုင်နေတဲ့ဦးဟန်ဦးတို့သားအဖကိုဂရုမစိုက်ဘဲကျွန်တော်အခန်းထဲတန်းဝင်သွားတယ်။

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now