မမနန်းပျော်တာမြင်တော့ကျွန်တော်အရမ်းပဲဝမ်းနည်းသွားတယ်။ရင်ထဲမှာတော့အကြိမ်ကြိမ်ငိုနေမိတယ်။အပြင်မှာတော့မျက်ရည်တွေဝဲနေမိတယ်။မျက်ရည်မကျအောင်ကျွန်တော်ထိန်းထားလိုက်တယ်။စိုင်းကားပေါ်ရောက်တာနှင့်နန်းကားစမောင်းလိုက်တယ်။နန်းအိမ်ပြန်ရောက်တာနှင့်အခန်းထဲဝင်ပြီးအိပ်ယာပေါ်လဲချလိုက်တယ်။နန်းစိုင်းအကြောင်းတွေးရင်းတညလုံးလည်းအိပ်မပျော်ခဲ့ပါဘူး။မနက်ရောက်မှနန်းအိပ်ပျော်ခဲ့တယ်။
ဒီနေ့ကရုံးပိတ်ရက်မို့တော်သေးတာပေါ့။နန်းအိပ်ယာကနိုးလာတော့အိပ်ယာဘေးကစားပွဲခုံပေါ်မှာသံပုရာဖျော်ရည်လေးတင်ထားတာတွေ့လိုက်ရတယ်။နန်းဖန်ခွက်ကိုယူလိုက်ချိန်မှဖန်ခွက်မှာစာရွက်လေးတရွက်ကပ်ထားတာကိုပါနန်းထပ်တွေ့လိုက်တယ်။
နန်းစာရွက်လေးကိုဖတ်လိုက်တဲ့အချိန်မှာ"ညကမမနန်းအိပ်မပျော်တာသိလို့ခေါင်းကြည်သွားအောင်သံပုရာလေးဖျော်ပေးထားတယ်နော်။အအေးလေးသောက်ပြီးအားတင်းထားနော်။အရာအားလုံးအဆင်ပြေသွားမှာပါ။"လို့ရေးထားတယ်။နန်းစာကိုဖတ်ပြီးတော့ပြုံးလိုက်မိတယ်။နန်းစိုင်းဖျော်ပေးထားတဲ့သံပုရာဖျော်ရည်ကိုသောက်လိုက်တယ်။သံပုရာရည်သောက်ပြီးသွားတော့ခေါင်းကြည်သွားပြီးလန်းဆန်းသွားသလိုခံစားရတယ်။နန်းနာရီကြည့်လိုက်တော့၁၀နာရီရှိနေပြီ။အဲ့တာနှင့်နန်းရေချိုးတန်းချိုးလိုက်တယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းရေချိုးပြီးအောက်ထပ်ဆင်းလာပြီးမနက်စာစားမလို့လုပ်နေတုန်းမဟာရောက်လာတယ်။
မဟာ"မိနန်း၊ဘာတွေလုပ်နေတာလဲ။"
နန်း"မနက်စာစားမလို့လေ။"
မဟာ"၁၀နာရီတောင်ကျော်နေပြီ။အခုထိမနက်စာမစားရသေးဘူးလား။"
နန်း"ဟုတ်တယ်၊ဒီနေ့ကရုံးပိတ်ရက်ဆိုတော့အိပ်ရေးဝအောင်အိပ်လိုက်လို့အိပ်ယာထနောက်ကျသွားတာ၊မဟာရဲ့။"
မဟာ"ဟုတ်လား၊အဲ့တာဆိုအပြင်မှာငါတို့မနက်စာအတူတူသွားကြမယ်လေ။"
နန်း"သွားကြမယ်လေ။"
နန်းဘိုးဘိုးကိုပြောပြီးမဟာနှင့်အပြင်သွားလိုက်တယ်။ဒီနေ့တနေ့လုံးနန်းမဟာနှင့်လျှောက်လည်ခဲ့တယ်။မဟာနှင့်လျှောက်လည်နေပေမဲ့စိုင်းအတူတူရှိနေခဲ့တဲ့အချိန်တွေကိုပဲသတိရနေခဲ့တယ်။မဟာကိုသူငယ်ချင်းသံယောဇာဥ်ကြောင့်သာအခုလိုသူနှင့်အတူတူရှိနေပေးတာဖြစ်တယ်။နန်းမဟာနှင့်အတူတူရှိနေတာမပျော်ရွှင်ဘူး။ကျွန်တော်ဆေးရုံကပြန်ရောက်လာတော့ဝရန်ဒါမှာထိုင်ရင်းလေညှင်းခံနေတယ်။ကျွန်တော်ဝရန်ဒါမှာထိုင်နေရင်းကားတစီးကခြံရှေ့မှာရပ်လိုက်တာကျွန်တော်တွေ့လိုက်တယ်။ကားပေါ်ကနေမမနန်းနှင့်ကိုကြီးမဟာဆင်းလာတာတွေ့လိုက်ရတယ်။
ကိုကြီးမဟာကကားနောက်ခန်းကိုဖွင့်ပြီးအရုပ်ကြီးတရုပ်ကိုယူပြီးမမနန်းကိုပေးလိုက်တယ်။မမနန်းကအရုပ်ကြီးကိုကိုကြီးမဟာဆီကယူလိုက်တယ်။အရုပ်ကိုင်ထားတဲ့မမနန်းကိုကိုကြီးမဟာကခေါင်းငုံပြီးမမနန်းမျက်နှာနားကပ်လိုက်တယ်။ပြီးတော့မမနန်းရဲ့နက်မှောင်တဲ့ဆံပင်လေးကိုညင်ညင်သာသာလေးပွတ်လိုက်တာကျွန်တော်တွေ့လိုက်တယ်။အဲ့မြင်ကွင်းကကျွန်တော့်ရင်ကိုအစိမ်းလိုက်ဓားနှင့်ခွဲလိုက်သလိုခံစားရတယ်။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
عاطفيةစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...