❣️❣️❣️chapter-11❣️❣️❣️

577 17 0
                                    

          နန်းအခုထိသတိမရသေးတဲ့စိုင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတယ်။စိုင်းရဲ့ပထွေးဖြစ်သူတွေကိုနန်းအရမ်းဒေါသထွက်နေတယ်။နန်းလည်းဆေးရုံမှာပျင်းနေတာနှင့်fbသုံးနေတယ်။ညနေစောင်းတော့နန်းဗိုက်ဆာလာတာနှင့်အပြင်မှာညစာသွားစားတယ်။နန်းကာာမောင်းရင်းနှင့်KFCကြက်ကြော်ဆိုင်တွေ့တာနှင့်ကြက်ကြော်စားဖို့ဆုံးဖြတ်လိုက်တယ်။
waiter"မင်္ဂလာပါ၊ဘာများသုံးဆောင်မလဲညီမလေး။"
နန်း"ကြက်ကြော်၂ပွဲနှင့်cokeတပွဲပေးပါ။ကြက်ကြော်ကပေါင်ပဲယူမယ်နော်။"
waiter"ဟုတ်ကဲ့။"
       ခဏနေတော့waiterလေးကနန်းမှာထားတာတွေလာချပေးတယ်။နန်းဗိုက်ဆာဆာနှင့်စားလိုက်တာကြက်​ကြော်၂ပွဲခဏ​လေးနှင့်ကုန်သွားတယ်။ကြက်​ကြော်၂ပွဲစားလိုက်တာနန်း​တော်​တော်ဗိုက်တင်းသွားတယ်။နန်းညဖက်ဗိုက်ဆာရင်စားဖို့ကြက်​ကြော်တပွဲနှင့်cokeတဗူးပါဆယ်မှာလိုက်တယ်။နန်းမှာထားတာ​တွေရ​တော့ဆိုင်ထဲကထွက်လာ​တယ်။နန်းဆိုင်ထဲက​နေထွက်လာ​တော့ကြက်​​ကြော်ဆိုင်ရဲ့​မျက်​စောင်းထိုးမှာchina foodဆိုင်တဆိုင်​ကိုတွေ့လိုက်တယ်။နန်းစိုင်းအတွက်ညစာအဲ့ဆိုင်ကပဲ၀ယ်သွားမယ်လို့​တွေးလိုက်ပြီးကြက်​ကြော်ဘူးကိုကားထဲထားပြီးစိုင်းအတွက်ညစာသွား၀ယ်တယ်။
         နန်းစိုင်းအတွက်ဒင်ဆမ်းနှင့်ဖက်ထုပ်​ပေါင်း၀ယ်လိုက်တယ်။နန်း၀ယ်စရာရှိတာ​တွေ၀ယ်ပြီး​တော့​ဆေးရုံပြန်လာတယ်။နန်းအခန်းထဲ၀င်လိုက်​တော့သတိရ​နေတဲ့စိုင်းကို​တွေ့လိုက်ရတယ်။

     💮💮💮💮💮💮💮💮💮💮💮💮💮💮

နန်း"ဟယ်!စိုင်း၊သတိရလာပြီလား။"
စိုင်း"ဟုတ်ကဲ့၊မမနန်း။"
နန်း"ဗိုက်ဆာ​နေ​​ရော​ပေါ့။စိုင်းအတွက်ဒင်ဆမ်းနှင့်ဖက်ထုပ်​ပေါင်း၀ယ်လာတယ်။အကုန်လုံးကုန်​အောင်စားရမယ်​နော်။အဲ့တာမှအားရှိမှာ။"
စိုင်း"ဟုတ်ကဲ့၊မမနန်း။​မမနန်းကိုကျေးဇူးအများကြီးတင်ပါတယ်။"
နန်း"ဘာအတွက်လဲစိုင်းရဲ့။"
စိုင်း"ကျွန်​တော့်ကိုဦးဟန်ဦးတို့လက်ထဲကကယ်​ပေးခဲ့တာ​ရော၊အခုလိုဂရုစိုက်​ပေးတဲ့အတွက်​ရော။အားလုံးအတွက်​ကျေးဇူးအများကြီးတင်ပါတယ်။"
နန်း"စိုင်းရယ်၊ဒါ​တွေပြန်​ပြောမ​နေပါနှင့်​တော့။စိုင်းလည်း​နေ​ကောင်းတာမဟုတ်ဘူး။အခုချိန်ကိုယ့်ကျန်းမာ​ရေး​ကောင်း​​အောင်သာဂရုစိုက်ပါ၊စိုင်း။"
နန်း​ပြောရင်းစိုင်းအတွက်စားစရာ​တွေပြင်​ပေးလိုက်တယ်။
နန်း"များများစား​နော်၊စိုင်း။"
စိုင်း"ဟုတ်ကဲ့။"
ကျွန်​တော်လည်းမမနန်း၀ယ်လာတဲ့စားစရာ​တွေကိုကုန်​အောင်စားလိုက်တယ်။မမနန်းက​တော့ကျွန်​တော်စားတာကိုကြည့်ပြီး​တော့သ​ဘော​တွေကျ​​နေတယ်။
နန်း"စိုင်း၊​ခေါင်းကသက်သာရဲ့လား။"
စိုင်း"နာတာ​တော့နာ​သေးတာ​ပေါ့။ဒါ​ပေမဲ့အရမ်းကြီး​တော့မနာ​ပါဘူး။သက်​သာပါတယ်။"    
နန်း"​တော်​သေးတာ​ပေါ့။စိုင်းရဲ့ပ​ထွေးက​တော်​တော်မ​ကောင်းဘူး​နော်။နန်းအရမ်း​ဒေါသထွက်တာပဲ။"
စိုင်း"ဟုတ်တယ်မမနန်းရဲ့။ကျွန်​တော်ငယ်ငယ်ကတည်းကသူတို့ရဲ့နှိပ်စက်သမျှကိုခံခဲ့ရတာ။ကျွန်​တော်ငယ်ငယ်တုန်းကဆိုရင်........"
စိုင်းသူငယ်ငယ်တုန်းကအ​ကြောင်း​တွေကိုပြန်​​ပြောလိုက်တယ်။
နန်း"​တောက်!!!နန်းသူတို့ကို​တော်​တော်ရွံတယ်။စိုင်း​နေရာမှာဆိုရင်နန်းအဲ့​လောက်ထိသည်းခံနိုင်မှာမဟုတ်ဘူး။"
နန်း​ဒေါသထွက်ထွက်နှင့်​ပြောလိုက်တယ်။

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now