❣️❣️❣️chapter-29❣️❣️❣️

685 12 0
                                        

       နန်းsupermarketကိုသွားတယ်။market​ရောက်​တော့နန်းအရုပ်​​ကောက်ဖို့အရုပ်​ကောက်ရှိတဲ့​နေရာသွားတယ်။
နန်း"wow!!!အရုပ်​လေး​တွေကအရမ်းချစ်ဖို့​ကောင်းတာပဲ၊။နော်၊စိုင်း"
စိုင်း"ဟုတ်တယ်။အရုပ်​လေး​​တွေကမျိုးစုံပဲ။"
နန်း"ဒီ​နေ့​တော့နန်းမရရ​အောင်အရုပ်ကောက်မယ်။စိုင်း၊​ကောင်တာမှာအကြွေ​စေ့​လေးသွားလဲ​ပေးပါအုန်း။များများလဲခဲ့​နော်။"
စိုင်း"ဟုတ်ကဲ့၊မမနန်း။"
ကျွန်​တော်မမနန်းအတွက်အ​ကြွေ​စေ့သွားလဲလိုက်တယ်။
စိုင်း"မမနန်းရပြီ။"
နန်း"​ကျေးဇူးပဲ​၊စိုင်း။ကဲ၊အ​ကြွေ​စေ့ရပြီဆို​တော့gameစလိုက်တာ​ပေါ့။"
နန်းစက်ထဲအ​ကြွေ​စေ့ထည့်လိုက်ပြီးအရုပ်စ​ကောက်တယ်။နန်းစက်ထဲမှာရှိတဲ့teddyအရုပ်ကိုချိန်ပြီး​ကောက်လိုက်တယ်။teddyအရုပ်ကိုညှပ်မိ​ပေမဲ့မပါလာဘူး။
နန်း"ဟာ၊ရ​တော့မဲ့ဟာကို။"
စိုင်း"ပထမဆုံးအကြိမ်မို့လို့ပါ။​နောက်တခါကျရင်​ကောက်လို့ရမှာပါ။"
နန်း"စိုင်း​ပြောသလိုအခုတ​ခေါက်​တော့နန်း​ကောက်လို့ရမှာပါ။"
နန်းစက်ထဲအ​ကြွေ​စေ့ထည့်လိုက်ပြီးထပ်​ကောက်လိုက်တယ်။ဒါ​ပေမဲ့ကောက်လို့မရဘူး။နန်းဒီ​​နေ့အရုပ်မရရ​အောင်​ကောက်မယ်လို့ဆုံးဖြတ်ထားတာ​ကြောင့်အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ဒါ​ပေမဲ့​အ​ကြွေ​စေ့သာကုန်သွားတယ်ကောက်လို့မရခဲ့ဘူး။

  💮💮💮💮💮💮💮💮💮💮💮💮💮💮💮

နန်း"စိုင်း၊အ​ကြွေ​စေ့ကုန်သွားပြီ။အ​ကြွေ​စေ့လဲ​ပေးပါအုန်း။"
စိုင်း"ထပ်​ကောက်အုန်းမလို့လား။"
ကျွန်​တော့်စကားဆုံး​​တော့မမနန်းကထပ်​ကောက်အုန်းမယ်ဆိုတဲ့သ​ဘောနှင့်ကျွန်​တော့်ကိုခေါင်းငြိမ့်ပြတယ်။
စိုင်း"မမနန်းအရုပ်​ကောက်ရတာပင်ပန်းပါတယ်။ဒီအရုပ်​လေး​တွေကြိုက်ရင်မမနန်းအများကြီး၀ယ်လို့ရတာပဲ။ဒီ​လောက်နှင့်ပဲရပ်လိုက်ပါလား။"
နန်း"နန်းကကိုယ်တိုင်ကြိုးစားပြီးရလာတာလိုချင်တာ။ဒီတိုင်း၀ယ်လိုက်တာထက်ကြိုးစားပြီးရလာတဲ့အရုပ်ကနန်းအတွက်ပိုပြီးတန်ဖိုးရှိတယ်စိုင်းရဲ့။"
စိုင်း"အဲ့လိုဆိုတော့လည်းမမနန်းအတွက်ကျွန်​တော်ထပ်သွားလဲ​ပေးရတော့မှာပေါ့။"
နန်း"ဟီး.....၊ကျေးဇူးပဲနော်၊စိုင်း။"
        ကျွန်​တော်မမနန်းအတွက်အ​ကြွေ​စေ့ထပ်သွားလဲ​ပေးလိုက်တယ်။အ​ကြွေ​စေ့ရတာနှင့်မမနန်းကပရုပ်ထပ်​ကောက်တယ်။အ​ကြွေ​စေ့၃ပုံ၁ပုံကုန်သွားတဲ့အထိမမနန်းအရုပ်​ကောက်တာမ​အောင်မြင်​သေး​ပေ။မမနန်းလိုချင်တာကိုသူကိုယ်တိုင်မယူနိုင်မှ​တော့ကျွန်​တော်ကိုယ်တိုင်ပဲမမနန်းလိုချင်တာယူ​ပေးရ​တော့မှာ​ပေါ့ဗျာ။
စိုင်း"ကျွန်​တော်မမနန်းအတွက်​အရုပ်ကောက်​ပေးရမလား။"
နန်း"​​ကောင်းသားပဲ၊စိုင်း​ကောက်​ပေးမှအရုပ်ကရ​တော့မယ်ထင်တယ်။နန်းလည်း​အရုပ်​ကောက်ရ​တာမော​နေပြီ။ခဏနားပြီးပွဲကြည့်ပရိသတ်လုပ်လိုက်အုန်းမယ်။"
စိုင်း"ကျွန်​တော်မမနန်းအတွက်အရုပ်လှလှ​လေး​​ကောက်​ပေးမယ်​နော်၊"
ကျွန်​တော်စကားဆုံးတာနှင့်မမနန်းကလက်မနှင့်လက်ညှိးကို၀ိုင်းလိုက်ပြီးokလို့လုပ်ပြတယ်။
နန်း"fighting စိုင်း။"

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now