နန်းအဲ့မိန်းကလေးကဘယ်သူလဲလို့သိချင်တာနှင့်ကားပေါ်ကဆင်းပြီးစောနှင့်အတူစိုင်းရှိတဲ့နေရာသွားလိုက်တယ်။ကျွန်တော့်စာမေးပွဲဖြေပြီးတော့ကျွန်တော်နားမလည်တဲ့စာတွေကိုဂိုက်လုပ်ပြီးရှင်းပြပေးတဲ့မကြီးlucyကအိမ်ပြန်လိုက်ပို့ပေးတာကြောင့်ကျွန်တော်အမlucyကိုကျေးဇူးတင်စကားပြောနေခဲ့တယ်။အဲ့ဒီ့အချိန်မမနန်းကိုတွေ့လိုက်ရတာကြောင့်ကျွန်တော်အရမ်းပျော်သွားတယ်။ကျွန်တော်မျက်လုံးထဲမှာမမနန်းတယောက်ကိုပဲမြင်ရတယ်။ပြီးတော့မှမမနန်းဘေးကမမစောကိုကျွန်တော်မြင်သွားတယ်။
စိုင်း"မမနန်း၊ဒီကိုဘယ်လိုရောက်လာကြတာလဲ။"
နန်း"အလုပ်ကိစ္စလေးရှိလို့ပါ။စိုင်းလည်းစာမေးပွဲပြီးပြီလား။"
စိုင်း"ဟုတ်၊ပြီးပြီလေ၊မမနန်း။"
နန်း"စိုင်း၊သူက။"
စိုင်း"အော်၊ဒါကကျွန်တော့်ကိုစာပြပေးတဲ့စီနီယာလေ။lucyလို့ခေါ်တယ်။မမlucy၊ဒါကကျွန်တော့်ရဲ့အမနန်းမွန်လို့ခေါ်တယ်။မှတ်ထားနော်။"
lucy"စိုင်းအမကအချောလေးပဲ။တွေ့ရတာ၀မ်းသာနော်။"
နန်း"ကျေးဇူးပါ၊lucy။ကျွန်မလည်းတွေ့ရတာ၀မ်းသာပါတယ်။ကျွန်မမောင်လေးကိုစာပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊lucy။"
lucy"ဟုတ်ကဲ့၊ရပါတယ်။လုပ်စရာလေးရှိသေးလို့lucyကိုခွင့်ပြုပါအုန်းနော်။"
lucyစကားဆုံးတော့နန်းlucyကိုခေါင်းငြိမ့်ပြလိုက်တယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮
စိုင်း"မမနန်းကလည်းဒီရောက်နေတာတောင်ကျွန်တော့်ကိုမပြောဘူး။ကျွန်တော်လေဆိပ်မှာလာကြိုမှာပေါ့။အခုမမနန်းတို့ကဘယ်မှာတည်းနေတာလဲ။"
နန်း"စိုင်းအကြောင်းနန်းသိသားပဲ။စိုင်းကစာမေးပွဲရှိလို့အနှောင့်အယှက်ဖြစ်မှာဆိုးလို့တမင်မပြောတာလေ။အခုတော့ဒီနားကhotelမှာတည်းနေတာစိုင်းရဲ့။"
စိုင်း"ဟုတ်ပါပြီ။ဘာပဲဖြစ်ဖြစ်မမနန်းကြောင့်ဒီနေ့တော့surpriseအများကြီးသောက်လိုက်ရပါတယ်ဗျာ။"
စိုင်းစကားကြောင့်နန်းပြုံးလိုက်တယ်။
စော"ကဲ....ကဲ၊မောင်နှမနှစ်ယောက်စကားပြောလို့မပြီးကြသေးဘူးလား။ဒီမှာဗိုက်ဆာလွန်းလို့အူတွေအောင်လိမ်နေပြီဟ။"
နန်း"အေး၊ဟုတ်သားပဲ။စိုင်းနှင့်စကားပြောနေတာနှင့်ညစာစားဖို့မေ့နေတာ။တို့တွေညစာစားသွားကြမလို့။စိုင်းရောညစာစားပြီးပြီလား။မစားရသေးရင်အတူတူသွားကြမယ်လေ။"
စိုင်း"မစားရသေးဘူးမမနန်းရဲ့။ကျွန်တော်လည်းမမနန်းတို့နှင့်လိုက်ခဲ့မယ်လေ။ဒါနှင့်မမမိုးကိုလည်းမတွေ့ပါလား။မမမိုးကမလိုက်လာတာလား။"
စော"ပါတယ်စိုင်းရဲ့။သူကညစာစားပွဲရှိလို့လေ။အဲ့တာကြောင့်တို့နှစ်ယောက်ပဲညစာစားဖို့ထွက်လာခဲ့ကြတာ။"
စိုင်း"အော်၊အဲ့တာဆိုလည်းကျွန်တော်တို့သွားကြမယ်လေ။"
နန်း"သွားကြမယ်လေ။"
နန်းတို့၃ယောက်ညစာစားဖို့စားသောက်ဆိုင်တဆိုင်ကိုထွက်လာကြတယ်။စားသောက်ဆိုင်ရောက်တော့နန်းတို့တွေစကားပြောရင်းညစာအတူတူစားခဲ့ကြတယ်။နန်းတို့တွေညစာစားပြီးတော့စိုင်းကိုတိုက်ခန်းပြန်ပို့ပေးတယ်။ပြီးတော့မှနန်းမိုးနှင့်အတူhotelပြန်လာခဲ့တယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮
hotelပြန်လာတော့မိုးကပြန်ရောက်နေပြီလေ။
မိုး"အမယ်၊နန်းနင့်မျက်နှာကလန်းလှချည်လား။အရမ်းပျော်နေတဲ့ပုံပဲ။အလုပ်ကိစ္စအဆင်ပြေလို့လား။"
စော"အလုပ်ကိစ္စကြောင့်မဟုတ်ဘူးမိုးရေ။"
မိုး"အဲ့တာဆိုဘာကြောင့်လဲ။"
စော"စိုင်းနှင့်တွေ့ခဲ့လို့မိုးရဲ့။ဖြစ်ပုံကတော့............။"
စောကမိုးကိုနန်းတို့တွေစိုင်းနှင့်တွေ့ခဲ့တဲ့အကြောင်းကိုပြန်ပြောပြလိုက်တယ်။
မိုး"အော်၊ဒါ့ကြောင့်ကိုး။အဲ့တာကြောင့်မမရဲ့မျက်နှာကအခုလိုပြောင်းလဲနေတာပေါ့။ဟုတ်လားမမနန်း။"
နန်း"ဟာ!!!နင်တို့ကလည်းအဲ့လိုမဟုတ်ပါဘူး။အလုပ်ကိစ္စအဆင်ပြေခဲ့တာလည်းပါတာပေါ့။နင်တို့ကလည်းငါ့ကိုပြောဖို့ဆိုနှစ်ယောက်သားအတိုင်အဖောက်ကိုညီလို့။ပြောကိုမပြောချင်ဘူး။"
စော"ဟုတ်ပါပြီ။ယုံချင်စရာတော့မရှိပေမဲ့ယုံပေးလိုက်ပါ့မယ်။နော်၊မိုး။"
မိုး"ဟုတ်တယ်။စောပြောသလိုယုံပေးလိုက်ပါ့မယ်။"
နန်းကိုဝိုင်းပြီးစနေတဲ့စောတို့နှစ်ယောက်ကြောင့်နန်းမျက်နှာဘယ်နားသွားထားရမလဲတောင်မသိတော့ဘူး။သူတို့နှစ်ယောက်အာရုံပြောင်းသွားအောင်သူတို့ကြည့်ချင်တဲ့koreaကားအမြန်ဖွင့်ပြီးပြလိုက်ရတယ်။
နန်းတို့တွေUSမှာတလလောက်ကြပြီးတော့မြန်မာနိုင်ငံပြန်လာတယ်။စိုင်းကတော့မြန်မာနိုင်ငံပြန်လာရတော့အရမ်းပျော်နေတယ်ဆိုတာစိုင်းမျက်နှာကြည့်တာနှင့်တင်နန်းသိပါတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းတို့အိမ်ပြန်ရောက်တော့ဘိုးဘိုးနှင့်နန်းတို့တွေထမင်းအတူတူစားခဲ့ကြတယ်။မိသားစုစုံညီစားခဲ့တဲ့အခုထမင်းစားဝိုင်းလေးကိုနန်းဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။နန်းထမင်းစားကောင်းလို့၃ပန်းကန်တောင်စားလိုက်တယ်။ထမင်းစားပြီးတော့နန်းတို့၃ယောက်စကားအကြာကြီးပြောကြတယ်။ညရောက်တော့နန်းတို့တွေအိပ်ယာဝင်ခဲ့ကြတယ်။မနက်ရောက်တော့စိုင်းကဘုရားသွားချင်တယ်ဆိုလို့နန်းနှင့်စိုင်းကိုဘုရားလိုက်ပို့ပေးတယ်။ဒီနေ့တော့နန်းတို့နှစ်ယောက်ရန်ကုန်မှာရှိတဲ့ဘုရားတွေစုံအောင်ဖူးလိုက်တယ်။နန်းစိုင်းနှင့်ပျော်ရွှင်စရာကောင်းရဲ့အချိန်လေးတွေဖန်တီးခဲ့ကြတာပေါ့။နောက်နေ့ကျတော့သူငယ်ချင်းတွေအားလုံးကိုတွေ့ချင်လို့မဟာကနန်းတို့အားလုံးကိုဆိုင်တဆိုင်မှာချိန်းတာနှင့်နန်းလည်းစိုင်းနှင့်အတူမဟာချိန်းတဲ့စားသောက်ဆိုင်ကိုထွက်လာခဲ့တယ်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
chapter-35 coming soon💌💌💌.
🎀🎀 Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...
