အိမ်ရောက်တော့ကျွန်တော်စာစကျက်တယ်။ထမင်းစားချိန်ကျတော့မမနန်းကကျွန်တော့်ကိုထမင်းစားဖို့လာခေါ်တယ်။ကျွန်တော်မမနန်းနှင့်ဘိုးဘိုးအောင်ကျော်နှင့်အတူတူထမင်းအတူတူစားကြတယ်။ဒီလိုမိသားစုထမင်းဝိုင်းလေးကကျွန်တော့်လိုတကောင်ကြွက်အတွက်အရမ်းနွေးထွေးမူတွေအများကြီးပေးနိုင်ခဲ့တယ်။အားလပ်ရက်မှာကျွန်တော်မမနန်းကကျွန်တော့်ကိုကားမောင်းသင်ပေးတယ်။မမနန်းကကျွန်တော့်ကိုသေချာရှင်းပြပြီးသင်ပေးတယ်။ကျွန်တော်လည်းသေချာလိုက်နားထောင်တယ်။
နန်း"စိုင်း၊အမရှင်းပြတာနားလည်လား။နားမလည်တာရှိရင်ပြန်မေးနော်။"
စိုင်း"မမနန်းရှင်းပြတာအကုန်နားလည်ပါတယ်။ဒါပေမဲ့ကားမောင်းရမှာရင်တုန်နေတယ်။"
စိုင်းစကားကြောင့်နန်းရယ်လိုက်တယ်။
နန်း"နန်းရှိတာပဲ။ဘာမှကြောက်စရာမရှိဘူး။စိတ်ကိုလျှော့ထားလိုက်စိုင်း။အားလုံးအဆင်ပြေသွားလိမ့်မယ်။"
စိုင်း"ဟုတ်ကဲ့။"
ကျွန်တော်စကားဆုံးတော့မမနန်းကျွန်တော့်ကိုကားသော့လှမ်းပေးတယ်။ကျွန်တော်မမနန်းရဲ့လက်ထဲကကားသော့ယူလိုက်တယ်။ကျွန်တော်ကားသော့ယူလိုက်ပြီးစက်နှိုးလိုက်တယ်။ပြီးတော့လီဗာနင်းပြီးကားစမောင်းတယ်။စစချင်းတုန်းကတော့အဆင်ပြေပေမဲ့လမ်းပကွေ့ရောက်တော့သိပ်မကွေ့တက်သေးတော့သစ်ပင်နှင့်မလွတ်ပဲသစ်ပင်နှင့်တိုက်မိသွားတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်း"စိုင်း၊ဘာဖြစ်သွာသေးလဲ။"
စိုင်း"ကျွန်တော်ဘာမှမဖြစ်ပါဘူး။မမနန်းရောဘာဖြစ်သွားသေးလဲ။"
နန်း"နန်းကဘာမှမဖြစ်ပါဘူး။"
စိုင်း"တော်သေးတာပေါ့။ကားတော့ဘာဖြစ်သွားလဲမသိဘူး။တော်တော်ပျက်စီးသွားတယ်ထင်တယ်။"
နန်း"စိတ်အေးအေးထားပါစိုင်းရယ်။အရင်ဆုံးဆင်းကြည့်ကြတာပေါ့။။"
ကျွန်တော်နှင့်မမနန်းကားပေါ်ကဆင်းပြီးကားကိုဆင်းကြည့်လိုက်တာကားကမီးခွက်ကွဲပြီးအရှေ့ခြမ်းပိန်သွားတယ်။ကျွန်တော်ကြောင့်ကားကအခုလိုဖြစ်သွားတာကြောင့်ကျွန်တော်မမနန်းကိုအားနာသွားတယ်။
စိုင်း"ကားကတော်တော်ထိသွားတာပဲ။ကျွန်တော်ကြောင့်ကားအခုလိုဖြစ်သွားတာတောင်းပန်ပါတယ်။"
နန်း"စိုင်းကဘာလို့တောင်းပန်တာလဲ။ဒါကစိုင်းအမှားမှမဟုတ်တာ။ကားစမောင်းရင်ဒီလိုပဲဖြစ်နေကျ။နန်းလည်းကားစမောင်းတက်တုန်းကအဲ့လိုပဲ။ဘာမှစိတ်မညစ်နှင့်သိလား။ကားကပြန်ပြင်လိုက်ရင်ရတယ်။"
စိုင်း"ဟုတ်ကဲ့။ကျေးဇူးပဲနော်မမနန်း။"
နန်း"အဲ့တာတွေမလိုပါဘူးစိုင်းရယ်။မနင်ဖြန်ကျမှကားဆက်သင်ကြတာပေါ့။ဒီနေ့တော့စိုင်းလည်းကားမောင်းရဲတော့မယ်မထင်ဘူး။it's right။"
စိုင်း"ဟုတ်တယ်၊မမနန်းရဲ့။ကျွန်တော်မမောင်းရဲတော့ဘူး။"
နန်း"ကားထာာခဲ့လိုက်တော့။နန်းတို့အိမ်ပြန်ကြမယ်။"
စိုင်း"ဟုတ်ကဲ့။"
နန်းစိုင်းနှင့်အတူအိမ်ပြန်လာခဲ့တယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းတို့ကအိမ်နားတဝိုက်မှာကားမောင်းသင်နေတာဆိုတော့ခဏလေးလမ်းလျှောက်လိုက်တာနှင့်အိမ်ပြန်ရောက်လာတယ်။အိမ်ရောက်တော့နန်းအသိဝပ်ရှော့ကိုဖုန်းဆက်ပြီးကားပြင်ဖို့လာယူခိုင်းလိုက်တယ်။နန်းတို့အိမ်ပြန်ရောက်ပြီးခဏကြာတော့စောနှင့်မိုးတို့ရောက်လာတယ်။
နန်း"အမယ်မိန်းမတွေဘာကိစ္စရှိလို့လူစုံတက်စုံရောက်လာတာလဲ။"
စော"နင့်ကိုမဟာပေးလိုက်တဲ့လက်ဆောင်လာပေးတာ။နင့်ကိုရောက်ကတည်းကလာပေးမလို့ပဲ။ဒါပေမဲ့ဒီရက်ပိုင်းမအားသေးတာနှင့်အခုမှလာပေးဖြစ်တာ။ရော့၊ရှင့်သူငယ်ချင်းဆီကလက်ဆောင်။"
နန်းစောပေးတဲ့လက်ဆောင်ထုတ်ကိုလှမ်းယူလိိုက်တယ်။
နန်း"gift boxကြီးကလည်းအကြီးကြီးပါလား။ငါကသေးသေးလေးထင်နေတာ။နင်တို့ကိုရောဒီအတိုင်းပေးတာလား။"
မိုး"ဟုတ်တယ်၊ဒီလိုမျိုးပဲ။ပါတဲ့ပစ္စည်းတွေကတော့အစုံပါပဲ။"
စော"ဟုတ်တယ်။အစုံပါတယ်။နန်းဖွင့်ကြည့်လိုက်လေ။ဘာတွေပါလဲဆိုတာငါတို့လည်းကြည့်ချင်တယ်။"
နန်း"အေးပါ။အန်တီမြင့်ရေ၊နန်းသူငယ်ချင်းတွေအတွက်အအေးဘူးနှင့်ဓါးလေးတချောင်းပါယူခဲ့ပါအုန်း။"
စိုင်း"မမနန်း၊အန်တီမြင့်ကနေမကောင်းလို့စောနကဘိုးဘိုးဆီကခွင့်ယူပြီးပြန်သွားတယ်။ကျွန်တော်သွားယူပေးမယ်နော်။"
စိုင်းစကားဆုံးတော့မီးဖိုခန်းထဲသွားပြီးတော့နန်းယူခိုင်းတာတွေသွားယူပေးတယ်။စိုင်းကနန်းသူငယ်ချင်းတွေကိုအအေးဘူးပေးလိုက်တယ်။ပြီးတော့နန်းကိုယူလာတဲ့ဓါးလာပေးတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းဓါးနှင့်gift boxကိုဖွင့်လိုက်တယ်။နန်းgift boxထဲမှာအရုပ်ကြီးတရုပ်ရယ်၊မိတ်ကပ်setတခုရယ်၊ဝတ်စုံလေးတွေလည်းအများကြီးပါတာတွေ့လိုက်ရတယ်။ဝတ်စုံလေးတွေကညဝတ်ဝတ်စုံတွေ၊ဂါဝန်တွေ၊t-shirtတွေ၊ဂျင်းဘောင်းဘီတွေအစုံပါတယ်။ပြီးတော့lap topတလုံး၊ပိုက်ဆံအိတ်၂လုံး၊ဖိနပ်၂ရံပါတယ်။gift boxရဲ့အောက်ဆုံးမှာgift boxအသေးလေးတခုပါတယ်။နန်းအဲ့ဒီ့boxလေးကိုဖွင့်လိုက်တော့အရမ်းလှတဲ့အဖြူရောင်ပွဲတက်ဂါဝန်လေးနှင့်နာရီဘူးလေးတလုံးရှိနေတာတွေ့လိုက်ရတယ်။နန်းအဲ့ဒီဂါဝန်လေးကိုအရမ်းကြိုက်တာပဲ။နန်းဆီမှာရှိတဲ့ပွဲတက်ဂါဝန်တွေထက်အများကြီးလှတယ်။နောက်တော့နန်းနာရီဗူးလေးဖွင့်ကြည့်လိုက်တာကျောက်စိမ်းရောင်rolexနာရီလေးဖြစ်နေတယ်။နန်းလည်းrolexနာရီလေးတလုံးလိုချင်နေတာနှင့်အတော်ပဲ။မဟာပို့လိုက်တဲ့gift boxလေးကတကယ်ကိုamazingပါ။နန်းမဟာ့ကိုစိတ်ထဲကနေကျေးဇူးအများကြီးတင်လိုက်တယ်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
chapter-18 coming soon💌💌💌.
🎀🎀Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...
