နန်းတို့ခြံထဲဆင်းလိုက်တာပန်းပင်လေးတွေမျိုးစုံရှိတယ်။နန်းအရမ်းသဘောကျတာပဲ။နန်းတို့အားလုံးမဟာ့ခြံထဲလျှောက်ကြည့်ကြတယ်။လေညှင်းလေးတွေကပန်းပင်လေးတွေ၊သစ်ပင်တွေဆီကဖြတ်တိုက်သွားတော့ပန်းလေးတွေနှင့်သစ်ရွက်လေးတွေကလေညှင်းခေါ်ဆောင်ရာနောက်ကိုဘယ်ညာဝေ့ယမ်းသွားတယ်။နန်းပန်းချီတချပ်လိုလှပတဲ့သစ်ပင်ပန်းပင်တွေကိုမျက်တောင်မခတ်တမ်းငေးကြည့်နေမိတယ်။နန်းတို့အားလုံးမဟာ့ခြံထဲလျှောက်ကြည့်နေတုန်းအမွှေးဖြူဖြူနှင့်ပြာလဲ့လဲ့မျက်လုံးပိုင်ဆိုင်ထားတဲ့ချစ်ဖို့ကောင်းတဲ့ယုန်လေးတကောင်နန်းတွေ့လိုက်တယ်။
နန်း"ဟယ်၊ယုန်လေးကချစ်စရာကောင်းလိုက်တာ။"
စော"ဘယ်မှာလဲနန်း။ဘယ်မှာလဲ။"
နန်း"ဟိုမှာလေ။ပိတောက်ပင်ကြီးအောက်မှာ။"
နန်းပြောရင်းစိမ်းစိမ်းစိုစိုနှင့်တည်ရှိနေတဲ့ပိတောက်ပင်ကြီးကိုလက်ညှိးထိုးလိုက်တယ်။နန်းလက်ညှိးထိုးလိုက်တဲ့နေရာကိုအားလုံးကြည့်လိုက်တယ်။
စိုင်း"ကိုကြီးတို့ကယုန်လေးမွေးထားတာလား။"
မဟာ"ဟုတ်တယ်ညီရဲ့။အားလုံးအိမ်နောက်ကိုလိုက်ခဲ့ကြ။ပြစရာရှိတယ်။"
မဟာပြောရင်းနန်းတို့ကိုအိမ်နောက်ခေါ်သွားတယ်။နန်းတို့အိမ်နောက်ရောက်ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အရမ်းအံ့သြသွားတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮
အိမ်နောက်မှာအရောင်မျိုးစုံနှင့်ချစ်စရာကောင်းတဲ့ယုန်လေးတွေအများကြီးပဲ။နန်းယုန်လေးတွေအများကြီးတွေ့တော့အရမ်းပျော်သွားတယ်။
နန်း"ဟယ်၊ယုန်လေးတွေအများကြီးပဲ။ချစ်စရာလေးတွေ။နင်အများကြီးမွေးထားတာပဲ၊မဟာ။"
မဟာ"ငါမွေးတာမဟုတ်ပါဘူးဟာ။mommyမွေးတာ။mommyဝယ်လာတုန်းကအထီး၂ကောင်၊အမ၂ကောင်ပဲ။ဒါပေမဲ့သူတွေကနေမျိုးပွားလာတော့အခုလိုများသွားတာ။"
စော"ဟုတ်လား။ယုန်လေးတွေအများကြီးရှိတော့ပိုကောင်းတာပေါ့။ငါတော့ယုန်လေးတွေမြင်ရင်မနေနိုင်တော့ဘူး။သွားကိုင်တော့မယ်။"
စောကပြောပြောဆိုဆိုနှင့်ယုန်လေးတွေရှိတဲ့ဖက်ကိုသွက်လက်တဲ့ခြေလှမ်းတွေနှင့်ထွက်သွားတယ်။နန်းနှင့်မိုးလည်းယုန်လေးတွေကိုင်ချင်တာနှင့်စောနောက်လိုက်သွားတယ်။
"တကယ်တော့အဲ့ဒီယုန်လေးတွေကmommyမွေးတာမဟုတ်ပါဘူး။မင်းကယုန်လေးတွေချစ်တယ်ဆိုတော့ကိုယ်မင်းအတွက်မွေးပေးထားတာပါ၊ချစ်ရတဲ့သူငယ်ချင်းကောင်မလေးရေ။"မဟာယုန်လေးတွေနှင့်ပျော်နေကြတဲ့သူငယ်ချင်း၃ယောက်ဖက်ကိုကြည့်ရင်းတွေးလိုက်တယ်။
မဟာ"စိုင်းရေ၊စိုင်း။ညီလေး၊ဘယ်မှာလဲ။"
မဟာတိတ်တခိုးချစ်နေရတဲ့သူငယ်ချင်းချစ်သူလေးအကြောင်းတွေးနေရင်းနှင့်မှစိုင်းကိုမတွေ့တာကြောင့်အော်ခေါ်လိုက်တယ်။
စိုင်း"လာပြီ၊ကိုကြီးရေ။"
မဟာ"ညီ၊မင်းဘယ်ရောက်နေတာလဲ။"
စိုင်း"ကျွန်တော်ပန်းပင်လေးတွေလှလို့ဓာတ်ပုံရိုက်နေတာ။ယုန်လေးတွေအများကြီးပါလား။"
မဟာ"ဟုတ်တယ်။mommyမွေးထားတာ။"
စိုင်း"ကျွန်တော်ယုန်လေးတွေသွားကြည့်လိုက်အုန်းတယ်။ကိုကြီးလည်းလိုက်ခဲ့လေ။"
ကျွန်တော်စကားဆုံးတော့ကိုကြီးမဟာကလက်မနှင့်လက်ညှိးဝိုင်းလိုက်ပြီးokလို့လုပ်ပြတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮💮
ကျွန်တော်နှင့်ကိုကြီးမဟာမမနန်းတို့ရှိတဲ့နေရာသွားတယ်။ကျွန်တော်ယုန်လေးတွေချစ်လို့ချီလိုက်ပြီးအမွှေးလေးကိုပွတ်ပေးလိုက်တယ်။ယုန်လေးတွေကတော်တော်လူယဥ်တာပဲဗျာ။ကျွန်တော်ကိုင်တာအကိုင်ခံတယ်။ကျွန်တော်ပွတ်ပေးတာကိုငြိမ်ပြီးဇိမ်ခံနေတာ။အရမ်းချစ်ဖို့ကောင်းတာပဲ။ကျွန်တော်ယုန်လေးတွေကိုချစ်လို့အမှတ်တရဓာတ်ပုံရိုက်လိုက်တယ်။ယုန်လေးကိုချီထားတဲ့မမနန်းကိုလည်းကျွန်တော်ဓာတ်ပုံခိုးရိုက်လိုက်တယ်။ယုန်လေးတွေနှင့်ပျော်နေတဲ့မမနန်းကအရမ်းချစ်ဖို့ကောင်းတာပဲ။ကျွန်တော်တို့တွေယုန်လေးကိုအတန်ကြာကြည့်ပြီးတော့အပြင်သွားဖို့ပြင်ဆင်ကြတယ်။မနက်၇နာရီခွဲပဲရှိသေးတာကြောင့်ရာသီဥတုကရေချိုးဖို့အေးနေတယ်။ကိုကြီးမဟာတို့အိမ်ကရေပူရေအေးစက်ရှိလို့တော်သေးတာပေါ့။ရေပူလေးနှင့်နွေးနွေးလေးရေချိုးခဲ့ကြတယ်။ကျွန်တော်နှင့်ကိုကြီးမဟာကရေချိုးအဝတ်အစားလဲပြီးတော့အပြင်သွားဖို့အဆင်သင့်ဖြစ်နေပေမဲ့မမနန်းတို့မိန်းကလေး၃ယောက်ကတော့make-upပြင်နေတုန်းဖို့ကျွန်တော်နှင့်ကိုကြီးမဟာဧည့်ခန်းထဲမှာထိုင်ပြီးဂိမ်းဆော့ရင်းမမနန်းတို့ကိုစောင့်နေတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮
နာရီဝက်လောက်ကြာတော့မမနန်းတို့၃ယောက်အောက်ထပ်ဆင်းလာကြတယ်။
စော"စိုင်း၊မဟာ၊ငါတို့အဆင်သင့်ဖြစ်ပြီသွားကြမယ်လေ။"
မဟာ"ဟာ၊ခဏလေးဒီမှနိုင်ခံနီးနေပြီ။"
စိုင်း"ဟုတ်တယ်၊ပွဲပြီးခါနီးနေပြီ။"
နန်း၊စော၊မိုး"ဘာ!!!"
နန်းတို့၃ယောက်စိုင်းတို့၂ယောက်ကိုပြိုင်တူအော်လိုက်တယ်။နန်းတို့ရဲ့အသံကြောင့်စိုင်းနှင့်မဟာလန့်ပြီးနှစ်ယောက်လုံးဖုန်းတွေလွှတ်ကျသွားတယ်။
မဟာ"စိုင်းရေ။အခြေအနေမကောင်းဘူး။ငါတို့နှစ်ယောက်ကိုလက်မပါခင်မင်းသမီး၃ယောက်သွားလိုတဲ့ခရီးကိုအမြန်လိုက်ပို့မှဖြစ်မယ်။"
စိုင်း"ဟုတ်တယ်၊ကိုကြီးရေ။"
ကျွန်တော်ရယ်၊ကိုကြီးမဟာရယ်ပေါင်းပြီးမနန်းတို့ကိုစလိုက်တယ်။
စော"ကဲပါ၊စမနေနှင့်တော့။သွားကြမယ်။ဘာမှမစားရသေးဘူး၊ဗိုက်ဆာနေပြီ။"
မိုး"အေးလေ။၈နာရီတောင်ထိုးနေပြီ။"
နန်းတို့၈နာရီလောက်အိမ်ကထွက်လာတယ်။ခရီးစဥ်မစခင်အရင်ဆုံးresturantတခုမှာမနက်စာဝင်စားလိုက်တယ်။ပြီးတော့မှနန်းတို့ခရီးစဥ်စခဲ့တယ်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
chapter-24 coming soon.
🎀🎀Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
عاطفيةစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...
