ဒီနှစ်ဆိုရင်ကျွန်တော်တောင်ဆေးကျောင်းပြီးတော့မယ်။ဒီနှစ်ပြီးရင်တော့ကျွန်တော်အိမ်မက်တွေပြည့်မြောက်သွားပြီပေါ့။မေမေဖြစ်စေချင်တဲ့ဆရာ၀န်ကြီးတယောက်ကျွန်တော်ဖြစ်တော့မယ်။မေမေမေကကျွန်တော့်ကိုအမြဲတမ်းဆရာ၀န်လုပ်ဖို့ပြောတာကျွန်တော်မှတ်မိသေးတယ်။ဆရာ၀န်ဖြစ်တော့မဲ့မေမေရဲ့သားကိုမေမေမြင်ခွင့်မရတော့ဘူးပေါ့နော်!!!လို့ကျွန်တော်တွေးလိုက်တယ်။စာမေးပွဲနီးနေပြီမို့ကျွန်တော်စာတွေကျက်ရင်းမေမေကိုသတိရသွားတယ်။မေမေအကြောင်းတွေပြန်တွေးရင်းကျွန်တော်မျက်ရည်တွေဝဲလာတယ်။
နန်း"စိုင်းရေ၊နန်းပါ။"
စိုင်း"မမနန်း၊လာလေ။တံခါးဖွင့်ထားတယ်။"
ကျွန်တော်မျက်၀န်းမှာရှိတဲ့မျက်ရည်စလေးတွေကိုသုတ်လိုက်ရင်းပြောလိုက်တယ်။
နန်း"စိုင်း၊စာတွေကျက်နေရတာပင်ပန်းနေပြီလား။"
စိုင်း"မပင်ပန်းပါဘူးမမနန်းရဲ့။စာတွေကများပေမဲ့ကျွန်တော်ကစာတွေပုံမှန်ကျက်ထားတော့ပြန်နွေးနေရုံပါ။"
နန်း"စိုင်းကစာပုံမှန်လုပ်တဲ့သူဆိုတော့စာလုပ်ရတာဘယ်အခက်အခဲရှိမလဲ။အခုစာလုပ်တာခဏရပ်ပြီးတော့အားရှိအောင်ကြက်ပေါင်းရည်လေးလေးသောက်လိုက်အုန်း။"
စိုင်း"ဟုတ်ကဲ့မမနန်း။"
ကျွန်တော်မမနန်းယူလာပေးတဲ့ကြက်ပေါင်းရည်သောက်လိုက်တယ်။မမနန်းကညအိပ်၀တ်စုံကျောက်စိမ်းရောင်၀မ်းဆက်လေးပေါ့ပေါ့ပါးပါး၀တ်ထားတယ်။ညအိပ်ခါနီးတောင်ဘာလို့ဒီလောက်တောင်လှနေတာလဲမမနန်းရယ်???လို့ကျွန်တော်တွေးလိုက်တယ်။မမနန်းကကျွန်တော့်ရဲ့နှလုံးသားကိုပိုင်ဆိုင်သွားတဲ့ကောင်မလေးပါ။ကျွန်တော်မမနန်းအပေါ်မောင်နှမထက်ပိုတဲ့ခံစားချက်တွေထားမိနေတယ်။ကျွန်တော့်အဲ့ဒီခံစားချက်တွေမထားသင့်မှန်းသိပေမဲ့ကျွန်တော့်ခံစားချက်တွေကိုထိန်းလို့မရခဲ့ဘူး။မမနန်းကိုမြင်တာနှင့်ကျွန်တော့်ရဲ့ရင်ခုန်သံတွေကမြန်မြန်လာပြီးမမနန်းကိုတစ်ရက်ထက်တရက်ပိုပိုပြီးမြတ်နိုးလာမိတယ်။မမနန်းကကျွန်တော့်နှလုံးသားကိုပိုင်ဆိုင်ထားတဲ့မြတ်နိုးရဆုံးသောကျွန်တော့်ချစ်သူလေးပါဗျာ။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Lãng mạnစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...