နန်းတစိမ်းယောင်္ကျားလေးတယောက်နှင့်မထင်မှတ်ပဲဒီလိုဖြစ်သွားတဲ့အတွက်အရမ်းရှက်တာပဲ။စိုင်းနှင့်မျက်နှာကိုဘယ်လိုကြည့်ရမလဲတောင်မသိတော့ဘူး။"တော်တော်တုံးတဲ့မိနန်းမွန်ရယ်။"နန်းကိုယ့်ကိုကိုယ်စိတ်ထဲကပြောရင်းအပြစ်တင်လိုက်တယ်။နန်းကိုစိုင်းကမျက်နှာငယ်လေးနှင့်တောင်းပန်စကားပြောတာကြောင့်နန်းလည်းရှက်ရှက်နှင့်ပဲစကားပြန်ပြောလိုက်တယ်။
နန်း"ရပါတယ်။ဒါကစိုင်းရဲ့အပြစ်မဟုတ်ပါဘူး။နန်းကချော်လဲမှာကြောက်ပြီးတော့ဆွဲမိဆွဲရာဆွဲလိုက်မိတာပါ။sorryနော်စိုင်း။"
စိုင်း"ဟုတ်ကဲ့၊ကျွန်တော့်ကိုခွင့်လွှတ်ပေးတဲ့အတွက်မမနန်းကိုကျေးဇူးတင်ပါတယ်နော်။"
နန်း"အေးပါစိုင်းရဲ့။စိုင်းလုပ်စရာရှိတာသွားလုပ်တော့လေ။ဘိုးဘိုးအတွက်နေ့လည်စာအမှီချက်ရမှာမလား။"
စိုင်း"ဟုတ်ကဲ့၊အဲ့တာဆိုကျွန်တော့်ကိုခွင့်ပြုပါအုန်း။"
စိုင်းထွက်သွားတော့မှနန်းလည်းသက်ပြင်းချနိုင်တော့တယ်။နန်းရှက်ပေမဲ့စိုင်းကကိုယ့်မောင်လေးအရွယ်ဆိုတော့ကို့မောင်လေးပဲလို့သတ်မှတ်လိုက်ပြီးရှက်တဲ့စိတ်ကိုတဖြေးဖြေးနှင့်ပျောက်အောင်ဖျောက်လိုက်တယ်။"ကျောင်းသွားဖို့မေ့တော့မလို့။အချိန်ကလည်းမပေါ့တော့ပါလား။စောကိုပဲလာခေါ်ခိုင်းရတော့မှာပဲ။ဒီအချိန်ဆိုသူလည်းအိမ်ကနေကျောင်းကိုစထွက်မဲ့အချိန်ပဲ။"နန်းတွေးရင်းစောကိုဖုန်းဆက်ပြီးလမ်းကြုံ၀င်ခေါ်ခိုင်းလိုက်တယ်။၁၅မိနစ်လောက်ကြာတော့စောရောက်လာတယ်။စောနန်းကိုတွဲပြီးကားပေါ်တင်ပေးလိုက်တယ်။နောက်တော့နန်းတို့သူငယ်ချင်း၂ယောက်uniကိုခရီးဆက်ခဲ့တယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮
ကျောင်းမှာနန်းခြေတောက်ကတော်တော်သက်သာသွားတယ်။နားလိုက်လို့ထင်တာပဲ။နေ့လည်စာစားချိန်ရောက်တော့နန်းတို့သူငယ်ချင်း၃ယောက်ကန်တင်းမှာနေ့လည်စာသွားကြတယ်။
မိုး"နန်း၊နင့်ကိုမေးရအုန်းမယ်။မနက်တုန်းကclassတက်နေလို့မမေးလိုက်မိဘူး။နင့်ခြေတောက်ကဘယ်လိုဖြစ်လို့ဒဏ်ရာရသွားတာလဲ။"
စော"အေး၊ဟုတ်တယ်။ငါလည်းသိချင်တယ်။ဘယ်လိုဖြစ်တာလဲနန်းရဲ့။"
နန်း"ဒီလိုသူငယ်ချင်းတို့ရဲ့.........။"
နန်းလည်းစိုင်းနှင့်စတွေ့ခဲ့တဲ့အချိန်ကစပြီးစိုင်းနှင့်မတော်တဆနမ်းမိခဲ့တဲ့အထိပြောပြလိုက်တယ်။
နန်းပြောတာကိုနန်းရဲ့သူငယ်ချင်းတွေကသေချာနားထောင်နေကြတယ်။ပြီးတော့နန်းနှင့်စိုင်းနှင့်မတော်တဆနမ်းမိတာကိုပြောတုန်းကဆိုရင်စောတို့၂ယောက်ရယ်လိုက်ကြတာပြောမနေနှင့်။
နန်း"တော်ရုံရယ်ကြပါအမတို့ရယ်။ရှက်တောင်ရှက်လာပြီ။အဲ့လိုမှန်းသိမပြောပါဘူး။"
စော"အေးပါနန်းရယ်။မရယ်တော့ပါဘူး။sorryပါ။"
မိုး"ငါရောပဲ။sorryနော်။"
နန်း"အင်းပါ။"
စော"ဒါနှင့်ဒီနေ့နင့်အိမ်မှာညစာလိုက်စားမယ်နော်။"
မိုး"ငါရောပဲ။"
နန်း"ဘာလို့လဲ။"
စော"နင်ပြောသလိုစိုင်းမွန်ရဲ့လက်ရာကောင်းလားလို့စပ်စုမလို့။ပြီးတော့အဆင်လေးကိုကြုံတုန်းငမ်းမလို့၊နော်မိုး။"
မိုး"ဒါပေါ့။"
မိုးနှင့်စောနှင့်လက်ဝါးချင်းရိုက်လိုက်တယ်။
နန်း"အမလေး၊ဒါမျိုးကျတော့၂ယောက်သားအတိုင်အဖောက်ကိုညီလို့။အတန်းချိန်လည်းနီးနေပြီ။စားလို့ပြီးပြီဆိုတော့သွားကြမယ်လေ။"
စော"အားလုံးလည်းစားပြီးပြီဆိုတော့သွားကြမယ််လေ။"
မိုး"အေး၊အဲ့ဒါဆိုလည်းသွားကြမယ်။ဒီနေ့ဝိုင်းကိုငါရှင်းလိုက်မယ်။နင်တို့မရှင်းနှင့်တော့။"
နန်းတို့သူငယ်ချင်း၃ယောက်အတန်းတက်ဖို့သွားကြတယ်။ကျောင်းဆင်းတော့စောနှင့်မိုးနှင့်ကနန်းအိမ်မှာညစာလိုက်စားကြတယ်။
နန်း"ကဲ၊ချစ်သူငယ်ချင်းလေးတွေအခုဆိုမောနေရောပေါ့။အအေးလား၊အပူလား။"
မိုး"အအေးပဲသောက်မယ်၊နန်းရယ်။ရာဥတုပူနေတော့အအေးသောက်မှအမောပြေမှာ။"
စော"ငါရောပဲ။အအေးပဲသောက်ချင်တယ်။"
နန်း"စိုင်း၊နန်းတို့အတွက်ရေခဲသေတ္တာထဲကcoke၃ဗူးယူပေးပါလား။"
စိုင်း"ဟုတ်ကဲ့။"
ကျွန်တော်လည်းမီးဖိုခန်းထဲသွားပြီးဧည့်သည်တွေနှင့်မမနန်းဖို့အအေးသွားယူလိုက်တယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮
မိုး"ကောင်လေးကဆင်လိုက်တာဟယ်။koreaမင်းသားတွေတောင်ရှုံးလောက်တယ်။"
စော"ဟုတ်ပါ့ဟယ်။မိနန်း၊မှန်မှန်ပြောစမ်း။ဒီကောင်လေးကိုအလုပ်ခန့်တာရိုးရောရောရဲ့လား။"
နန်း"Iကိုyouတို့လိုများထင်နေလား။နန်းကစိုင်းရဲ့ဟင်းချက်လက်ရာကိုတကယ်ကြိုက်လို့အလုပ်ခန့်ထားတာ။"
နန်းသူငယ်ချင်းတွေနှင့်စကားပြောနေတုန်းစိုင်းကအအေးဘူးတွေလာချပေးတယ်။
နန်း"သူငယ်ချင်းတို့သောက်လေ။"
နန်းစောနှင့်မိုးတို့ကိုအအေးဘူးတွေပေးလိုက်တယ်။
နန်း"စိုင်း၊နန်းရဲ့သူငယ်ချင်းတွေကဒီမှာညစာစားမှာ။ထမင်းနှင့်ဟင်းမလောက်ရင်ထပ်ချက်ထားလိုက်နော်။"
စိုင်း"ဟုတ်ကဲ့။ကျွန်တော်ထပ်ချက်ထားလိုက်မယ်။"
ကျွန်တော်လည်းမီးဖိုခန်းထဲ၀င်ပြီးမမနန်းတို့သူငယ်ချင်းအတွက်ထမင်းထပ်ချက်ထားလိုက်တယ်။ဟင်းကတော့လောက်တာမို့ချက်စရာမလိုတော့ဘူးလေ။မမနန်းကတော့သူ့သူငယ်ချင်းတွေနှင့်စကားပြောနေတာရယ်လို့မောလို့။ကျွန်တော်မမနန်းတို့သူငယ်ချင်း၃ယောက်ကိုကြည့်ပြီးအရမ်းအားကျတာပဲ။stateကျောင်းတုန်းကအကြောင်းအမျိုးမျိုးကြောင့်သူငယ်ချင်းမထားခဲ့ပေမဲ့uniရောက်ရင်တော့မမနန်းရဲ့သူငယ်ချင်းတွေလိုခင်ဖို့ကောင်းပြီးဖော်ရွေတဲ့သူငယ်ချင်းတွေအများကြီးထားမယ်လို့ကျွန်တော်စိတ်ကူးယာဥ်လိုက်တယ်။
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Chaptet-7 coming soon💌💌💌.
🎀🎀Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
عاطفيةစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...
