Part-1💔🥀

635 8 0
                                    

"ဦးကလေ ဘာလို့များ ငါ့ခံစားချက်ကိုအသိအမှတ်ပြုမပေးရတာလဲဟင်
ငါသူ့ကိုချစ်တာ အစစ်အမှန်ပါ
ဦးက နည်းနည်းလေးတောင် ငါ့အပေါ် မနူးညံ့ဘူး အဟက် ငါကလွဲရင်ပေါ့လေ တစ်ခြားသူတွေ အပေါ်မှာဆို သူ့ရဲ့အရယ်အပြုံးကိုတွေ့ရတယ်
ဒါပေမယ့် ငါနဲ့ဆိုရင် ဦးရဲ့မျက်နှာက အမြဲတည်တင်းနေတာပဲ
ဦးကတော်တယ်၊အရည်အချင်းရှိတယ်၊အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ကျခဲ့ပေမယ့် ကိုယ့်ရင်သွေးကို အကောင်းဆုံး ပြုစုပျိုးထောင်နိုင်တယ်။
ဦးက အသက်၃၆လို့မထင်ရအောင် ချောတယ်
ငါတို့ကျောင်းမှာဆို နင့်အဖေ နင့်ကိုလာကြိုရင် ကျောင်းသူတွေအပြင် ဆရာမတွေပါ ငေးရတာ
သိလား မှိုင်းစက်

အင်း ငါသိပါတယ် ကွန်
ဒယ်ဒီက မိန်းမတစ်ယောက်ကြောင့် အချစ်ကိုအယုံအကြည်မရှိတော့ဘူး၊သူ့ဘဝမှာ ငါကသာ အက္ခရာ ဖြစ်ပြီး စီးပွားရေးကိုပဲ တစိုက်မတ်မတ်ကြိုးစားခဲ့တာ။အဲ့တာကြောင့် နင့်ခံစားချက်ကို ဒယ်ဒီက မသိချင်ယောင်ဆောင်နေတာ

ဒီတစ်ခေါက် ဦး ငါ့အပေါ် ကျူးလွန်ခဲ့တဲ့လုပ်ရပ်ကို ငါသိပ်စိတ်နာသွားပြီ မှိုင်းစက်
ငါ့အပေါ် ဘယ်လောက်ပဲ အမြင်မကြည်ဖြစ်ပါစေ သူ့ရှေ့မှာ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့သူပဲလေဟာ ငါအဲ့လိုလုပ်ရပ်မျိုးမလုပ်နိုင်ဘူးဆိုတာ သိခဲ့ဖို့ကောင်းတယ်
ငါအဲ့နေ့က ဦးကိုတွေ့ချင်လို့ ကလပ်ကိုငါသွားခဲ့တာ
ဒါပေမယ့် ဟိုရောက်တော့ ဦးက တစ်ခုခုကို အလိုမကျဖြစ်နေတဲ့ပုံစံမို့ ငါ ဦးအနားသွားချင်ပေမယ့် အဝေးကပဲ ကြည့်နေခဲ့တာ
ခဏနေတော့ ဦးက အိမ်ပြန်မို့ထင်ပါတယ် ကားပါကင်ရှိတဲ့ဘက်ကိုထွက်လာတဲ့လမ်းမှာ ဒေါ်နန်းရိပ်မွန်းက ပေါ်လာပြီး ဦးကိုအတင်းတွဲခေါ်သွားတာ
ဦးပုံစံက တစ်ခုခုကို အလိုမကျဖြစ်နေတဲ့ပုံစံဆိုပေမယ့် ဆေးမိနေမယ်လို့တော့ငါမထင်ထားဘူး

အဲ့တာကြောင့် နင် ငါတို့ကိုဖုန်းဆက်ခဲ့တာလား ကွန်

သစ်ရဲ့အမေးကို........"အင်းဟုတ်တယ် ဦးကိုခေါ်သွားတဲ့အခန်းဆီငါသွားချင်ပေမယ့် ဒေါ်နန်းရိပ်မွန်းက လျှော့တွက်ထားလို့ရတဲ့လူမျိုးမဟုတ်ဘူး
သူ ဦးကိုခေါ်သွားတုန်းကလည်း သူ့ဘေးမှာ လူနှစ်ယောက် ပါလာတယ် အဲ့လူတွေကပဲဦးကိုတွဲခေါ်သွားတာ
ဦးပုံစံက ဆေးအများကြီးမိထားတဲ့ပုံစံပဲ မှိုင်းစက်

"8 Letters"☕💔🥀Where stories live. Discover now