Part-46 ဇာတ်သိမ်းပိုင်း

488 4 0
                                    

"ကလေးငယ် "

"ဦးစက် လေးငယ်ရောပြန်ပါမလာဘူးလား

အင်း ဒီနေ့တော့ သူအိမ်မှာပဲနေခဲ့တော့မယ်တဲ့
သည်းငယ်လည်း သတိရပြီဆိုရော သူလည်း စိုးရိမ်နေတာတွေပေါ့သွားတယ်ထင်တယ်

အဟင်း ဦးစက် ညနေစာစားခဲ့ပြီးပြီလား

အင်း ပြီးခဲ့ပြီ သည်းငယ်ရော ဒီနေ့ညနေစာကို ခံတွင်းတွေ့ရဲ့လား

အင်း ခံတွင်းမတွေ့လည်း အားရှိဖို့စားရမှာပဲလေ မဟုတ်ရင် ကွန် အကြာကြီး ဆေးရုံတက်နေရမှာပေါ့
ဆေးခါးတွေလည်း ‌ဆက်သောက်နေရဦးမှာ

အဟွန်း အလည်လေး

ဦးစက် ကွန့်ကိုချည်းပဲ ဂရုစိုက်မနေနဲ့ဦး အလုပ်ကိုလည်း ဂရုစိုက်ပါဦးရှင် ကိုသူရလည်း ကွန်နေကောင်းတာနဲ့ နားရက်ရှည်ယူသွားလောက်တယ် သိလား သူချည်းအလုပ်တွေဒိုင်ခံလုပ်နေရလို့လေ

အဟွန်း ကိုယ်သိပါတယ်ဗျာ သူရကိုလည်း နားရက်ရှည်ပေးဖို့စီစဉ်ထားပါတယ် ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး သည်းငယ် သေ‌ချာနေ‌ပြန်ကောင်းပြီဆိုမှ ကိုယ် အလုပ်တွေကို သေချာပြန်အာရုံစိုက်မှာ

ဒေါက်တာက အခြားစိုးရိမ်စရာတွေလည်းမရှိဘူးဆိုတော့ ကွန်နေပြန်ကောင်းဖို့က သေချာနေပါပြီ

ဟုတ်တာပေါ့ သေချာပေါက် ကိုယ့်သည်းငယ် နေပြန်ကောင်းလာမှာ ကိုယ်အတပ်ပြောရဲတယ်

ဆေးစစ်မှုတွေ လုပ်ပြီးရင်တော့ လုံးဝစိတ်ချလို့ရသွားပါပြီ
ဦးစက်တို့လည်း အရမ်းကြီးစိတ်မပူရတော့ဘူး

အဓိကက သည်းငယ်သက်သာလာဖို့သာ အဓိကပါဗျာ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဦးစက် ကွန့်ဖုန်းလေး တစ်ချက်ယူပေးပါဦး

အင်း ကိုယ်ယူပေးမယ်
ဒီမှာနော် သည်းငယ်

ဟုတ် "

ခုနလေးကမှ ဆေးသွင်းထားရတာမို့ လှုပ်ရှားမရတာကြောင့် ဦးစက်ကို ဖုန်းယူပေးဖို့ပြောရခြင်းဖြစ်သည်

"ဟဲလို နွယ်ရီ

ကွန် နင်ခွဲစိတ်မှုလုပ်ထားရတယ်ဆို ဘာလို့ငါ့ကိုအသိမပေးတာလဲ ငါလာခဲ့မှာပေါ့ အခုတော့ သစ်ရိပ်နဲ့ဖုန်းပြောဖြစ်မှပဲ ငါ နင့်အကြောင်း သိရတော့တယ် နင်ကလေ အရင်အတိုင်းပဲသိလား ငါတို့ကိုဆို နင့်ရဲ့အခြေအနေနဲ့ပက်သက်ရင် ဘယ်တော့မှအကုန်ပြောပြလေ့မရှိဘူး

"8 Letters"☕💔🥀Donde viven las historias. Descúbrelo ahora