"8 Letters "
Part-14 ပထမပိုင်းမခြွေခင်မှာပင် ကြွေခဲ့မိတဲ့အချစ်ပန်းကလေးများကိုကွယ်
ထာဝစဉ် ချစ်မလား
မကြာခင် ပစ်သွားမလားအတူတူ နေမယ် တစ်သက်လုံး မခွဲဖို့ ရည်မှန်းထားခဲ့ပေမယ့်
မနေချင်ရင်လည်း မင်းရဲ့သဘောပဲကွယ်
ယူသွားဦးပေါ့ တို့ရဲ့အချစ် တို့ဘဝအားလုံးလိုရင်
ကြည်ဖြူစွာပေးလှူမယ် တို့အသည်းဦးအချစ်ဦးလေးမို့အရူးအမူးပဲ
မင်းအလိုပြည့်ဖို့ဆိုရင် လိုချင်ယူသွား
မျက်ရည်များလည်းယူယူ..ငိုစေချင်သလား မျက်ရည်လေး များယူ
အခုရက်ပိုင်း ကွန့်စိတ်တွေပျော်နေသည်
အကြောင်းရင်းကတော့ ဦးစက်နဲ့ချစ်သူတွေဖြစ်သွားပြီလေ
သူမချစ်ရသည့်အမျိုးသား၏နှလုံးသားအား ပိုင်ဆိုင်ခွင့်ရခဲ့လေပြီသီချင်းလေးညည်းနေရင်း ဦးစက်အကြောင်းတွေးနေတုန်း လေးငယ်ဆီမှဖုန်းဝင်လာလေသည်
"ဟဲလို သမီးငယ်
ဟုတ် လေးငယ်
အလုပ်တွေအဆင်ပြေရဲ့လားအင်း ပြေပါတယ် နောက်ရက်ပိုင်းလောက်ဆိုပြန်လာလို့ရပြီ
ဟုတ်
သမီးငယ်
ရှင်
လေးငယ်မလာတော့ဘဲ သမီးပဲပြန်လာလိုက်တော့မလား
ဟင် ဘာလို့လဲ လေးငယ် "
(မလာဘူးနော် ကွန်နဲ့ဦးစက်ကအခုမှချစ်ရတာ လေးငယ်အဖျက်သမားမလုပ်ပါနဲ့....)
စိတ်ထဲက ငိုချင်နေပြီ
"လေးငယ်ပြန်လာလည်း မြန်မာမှာ တစ်ပတ်ပဲနေရမှာလေ
အဲ့တော့ ခဏတဖြုတ်နဲ့တော့ပြန်မလာတော့ဘူးလေ
သမီးငယ်ပဲပြန်လာခဲ့လိုက်တော့ ဟိုကောင်နဲ့ဆက်လုပ်ရမယ့် အလုပ်တွေ လည်းပြီးပြီဆိုတော့ ဆက်မနေနဲ့တော့ ကြားလား မနက်ဖြန်လောက်လာမလားသမီးငယ်ဟင် လေးငယ်အတည်ကြီးပြောနေတာလား😭
အသံကဝမ်းနည်းနေတဲ့လေသံနဲ့
လွမ်းစရာတွေရှိနေလို့လား....မိကွန်
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...