"8 Letters"
Part-11"အခုရန်ကုန်မှာပဲအခြေချနေတာလား
ဟုတ်တယ် အန်ကယ် အလုပ်တွေကဒီမှာပဲဆိုတော့ အခြေချဖြစ်သွားတယ်
အေးကွာ အကူအညီလိုတာပဲဖြစ်ဖြစ် အလုပ်နဲ့ပက်သက်လို့တိုင်ပင်ချင်တာပဲဖြစ်ဖြစ် အန်ကယ့်ကိုဆက်သွယ်လို့ရတယ် ဒီမှာ အန်ကယ့်လိပ်စာကဒ်
ဟုတ်ကဲ့ ကျေးဇူးပါ အန်ကယ်
ရပါတယ်ကွာ...."
သူ့သားအရွယ်လောက်ရှိတာမို့ သူ့ကိုအန်ကယ်လို့ခေါ်တာကိုလက်ခံလို့ရပေမယ့် ကွန့်ရှေ့မှာ အန်ကယ်လို့အခေါ်ခံရတာတော့မကြိုက်ဘူး....သူအသက်ကြီးနေပြီဆိုတာကို လာသတိပေးနေသလိုပဲ
ခန့်ထည်မိုး ကွန်နဲ့အန်ကယ်ရဲ့ပုံစံတွေကြောင့် အနည်းငယ်ရိပ်မိသလိုတော့ရှိနေသည်
နေ့လည်စာအတူစားပြီးနောက်မှာ စကားစမြည်ပြောဆိုပြီးနောက် နှုတ်ဆက်ကာ အိမ်ပြန်ခဲ့ကြသည်
ကွန်က ကားမောင်းနေသည့် သူ့ဘက်ကိုလှည့်ကာ....
"ဦးမှိုင်း တမင်တကာ ကွန်တို့ထိုင်နေတဲ့ဆိုင်ကိုလာချောင်းတာမလား
မဟုတ်ရပါဘူးဗျာ ကိုယ်တစ်ကယ်ချိန်းထားတဲ့ကိစ္စပျက်သွားလို့ တခြားနေရာမသွားချင်တာနဲ့ ဒီဆိုင်ကိုပဲလာလိုက်တာပါ
မလိမ်နဲ့ ဦးမှိုင်း
ကွန် ဒီနေ့သွားစရာရှိတယ် ကျောင်းနေဘက်ယောကျ်ားလေးသူငယ်ချင်းနဲ့သွားတွေ့မယ်ဆိုကတည်းက ဦးမှိုင်း မျက်နှာမကောင်းတော့တာ ကွန်သိတယ်
ကွန့်ကိုလိုက်ပို့တယ်ဆိုတာကလည်း ဦးမှိုင်းစိတ်မချလို့လိုက်ပို့တာဆိုတာလည်းသိတယ်
ဦးမှိုင်း ချိန်းထားတယ်ဆိုတာကလည်း သက်သက်လိမ်ပြောတာမလား.....မဟုတ်ပါဘူး ကွန်ရယ်....အလုပ်ကိစ္စကတစ်ကယ်ချိန်းထားတာပါ
ကိုယ်မလိမ်ပါဘူးဗျာ.....ဆင်ခြေဆင်လက်တွေအပြည့်ပဲ
ကိုယ်ကလူပါဗျာ
အဲ့တော့ လူခြေလူလက်ပေါ့လေ
ဟားဟား ကွန်ကဟာသပြောတတ်တာပဲဗျ
တော်ပြီ ဦးမှိုင်းနဲ့စကားမပြောတော့ဘူး
စိတ်မဆိုးပါနဲ့ဗျာ
ŞİMDİ OKUDUĞUN
"8 Letters"☕💔🥀
Genel Kurgu"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...