Part-17💔🥀

97 2 0
                                    

မုန်တိုင်းပြီးရင် လေပြေလာတတ်သလို လေပြေလာပြီးရင်လည်း မုန်တိုင်းဟာ တစ်ဖန်ပြန်လည်လာတတ်စမြဲပါပဲ......................

သတင်းစာရှင်းလင်းပွဲလုပ်အပြီးမှာ သူနှင့်သည်းငယ်ကို ဝေဖန်မှုတွေရပ်တန့်သွားပေမယ့် တိုးတိုးသဲ့သဲ့ဝေဖန်သံတွေကတော့ကြားနေရစမြဲပဲ...........

"ဒယ်ဒီလည်းနော် ကွန့်အချစ်ကိုရပြီးကတည်းက သားတို့နဲ့မနက်စာအတူစားတယ်ဆိုတာကိုမရှိတော့ဘူး
ကွန်နဲ့ပဲမနက်စာအတူစားနေတာ

ဟားဟား ဒယ်ဒီလည်းအခုမှသည်းငယ်နားကပ်ရတာလေကွာ
သားတောင်သစ်ရိပ်နားအမြဲကပ်နေပြီးတော့

အဟမ်း ဒယ်ဒီနော် မြှားဦးကသားဖက်ပြန်လှည့်လာနေတယ်

ဟားဟား ဒယ်ဒီ သည်းငယ်ဆီသွားလိုက်ဦးမယ်
သစ်ရိပ်ကိုဂရုတစိုက်နဲ့နေနော် ကိုယ်ဝန်ကနုနေသေးတာ ပေါ့လို့မရဘူး

ဟုတ်ကဲ့ပါဒယ်ဒီရယ်....."

ချစ်သူနဲ့မနက်စာအတူစားဖို့ရည်ရွယ်ထားသည့်မနက်ခင်းလေးဟာ စိတ်ဆင်းရဲစရာတွေနဲ့ကြုံလာရမယ်ဆိုတာ ဘယ်သူသိခဲ့မှာလဲ........

"သည်းငယ်........နိုးပြီလားဗျ.....

အင်း နိုးပြီ ဦးစက် အခုမနက်စာပြင်နေတာ....ဦးစက်ရောက်တော့မှာလားဟင်

ကိုယ် ခဏနေရောက်မယ်သည်းငယ်
သည်းငယ်ကြိုက်တဲ့မုန့်လေးလည်းဝယ်လာခဲ့တယ်

အဟင်း ကားကိုဂရုစိုက်မောင်းနော် ဦးစက်

ဟုတ်ကဲ့ပါဗျ "

တီး....တီး.....တီး....

"ဦးစက်ကားဟွန်းတီးသံပဲ......."

"သည်းငယ်....Morning

Morning ဦးစက်.....ကားကိုခြံထဲမောင်းလို့ရပြီ

ဟုတ်ကဲ့ပါဗျာ

ဟင် မနက်စာကို ခြံထဲကခုံလေးမှာပြင်ထားတာပဲ

အင်း ဟုတ်တယ် ဒီနေ့မနက်ခင်းရာသီဥတုလေးကနေလို့ကောင်းလို့လေ.....
ဦးစက်အဆင်မပြေလို့လား....ဒါဆို ကွန်အထဲကိုပြန်ရွှေ့လိုက်မယ်လေ......

ပြေပါတယ်ဗျာ....ခြံထဲမှာဆိုတော့ လေကောင်းလေသန့်လည်းရတယ်.....

"8 Letters"☕💔🥀Where stories live. Discover now