Part-22💔🥀

98 1 0
                                    

"သည်းငယ် ဘယ်ရောက်နေတာလဲဗျ....."

ကွန် စံပယ်ပန်းတွေဆင်းခူးနေတုန်း ဦးစက်အသံကို ကြားလိုက်ရသည်
မနက်ပိုင်း မိုးနံ့သင်းသင်းလေးနဲ့စံပယ်ပင်ရနံ့လေးတွေကြောင့် ခြံထဲဆင်းပြီး စံပယ်ပန်းခူးချင်စိတ်ပေါ်လာတာကြောင့် ဦးစက် မနိုးသေးခင် ခြံထဲဆင်းကာ စံပယ်ပန်းခူးနေခြင်းဖြစ်သည်.....

"စက် " အိပ်ယာနိုးနိုးချင်း သည်းငယ်အခန်းထဲသွားကြည့်တော့ ကုတင်လေးက သပ်သပ်ရပ်ရပ်ဖြစ်နေပြီး သည်းငယ်ကိုမတွေ့တာမို့ အိမ်ထဲလှည့်ပတ်ရှာကြည့်တော့လည်း မတွေ့ဘူး
ခြံထဲကိုလှမ်းကြည့်လိုက်တော့ ဂါဝန်အဖြူရောင်လက်ရှည်လေးနဲ့ထီးလေးဆောင်းပြီး စံပယ်ပန်းတွေ လိုက်ခူးနေသည့် သည်းငယ်ကိုတွေ့လိုက်ရတာကြောင့် အိမ်အဝင်ဝမှာ ထားထားသည့်ပုံးထဲက ထီးကိုဆောင်းကာ သည်းငယ်ဆီသို့လျှောက်လာခဲ့သည်

"ဦးစက်........morning ပါရှင့်

morning ပါဗျာ.... သည်းငယ်ကို အခန်းထဲမှာမတွေ့လို့ လန့်သွားတာပဲ....

ဟီးဟီး ကွန်ဘယ်မှမသွားပါဘူးဦးစက်ရဲ့...ဦးစက်တွေ့တဲ့အတိုင်း စံပယ်ပန်းလေးတွေအများကြီးပွင့်နေလို့ ဘုရားပန်းကပ်ဖို့နဲ့ ...."ကွန်"ပန်ဖို့လိုက်ခူးနေတာပါ

ကိုယ်ကူခူးပေးရမလားသည်းငယ်.....

အင်း ခြင်းထဲမှာနည်းနေသေးတယ်....နှင်းဆီအဝါလေးတွေဘေးက အပင်လေးတွေဆီကထပ်ခူးပေးပါဦး

ဟုတ်ပြီဗျာ သည်းငယ် ပန်းခြင်းလေးကိုယ့်ကိုပေးလိုက်....လက်ထဲထည့်ရင်အောက်ပြုတ်ကျကုန်မှာစိုးလို့....

ဟုတ် ဒီမှာ ဦးစက် "

စံပယ်ပန်းကူခူးပေးနေသည့် ဦးစက်ရဲ့ပုံစံလေးက ကြွေချင်စရာကြီး
အိမ်နေရင်း ပုဆိုးပဲဝတ်တတ်သည့်ဦးစက်က တစ်ကယ်ကြည့်ကောင်းလွန်းသည်........

"ကဲဒီလောက်ဆိုရပြီထင်တယ်.....သည်းငယ်
ထပ်ခူးချင်သေးလား

ဟင့်အင်းရပြီဦးစက်

ဒါဆို ကိုယ်တို့အိမ်ထဲဝင်ကြရအောင် မနက်စာလည်းပြင်ရဦးမယ်

ဦးစက်.......

ဗျာ

ဒီနေ့မနက် မနက်စာကို အပြင်ထွက်စားရအောင်
အပြင်လည်းမထွက်ရသေးဘူးဆိုတော့လေ....

"8 Letters"☕💔🥀Donde viven las historias. Descúbrelo ahora