Part-28

79 0 0
                                    

တီး....တီး.....တီး......

"ဟဲလို ဦးစက်

သည်းငယ် ကိုယ်ခဏနေရောက်မယ်နော်

ဟုတ် ဦးစက်...."

ဦးစက်မရောက်ခင် သွားဖို့ပြင်ဆင်ခြင်းကိုမြန်မြန်လေးအပြီးသတ်လိုက်သည်

ခဏအကြာ ဦးစက်ရဲ့ကားဟွန်းတီးသံကို ကြားလိုက်ရသည်

"ဦးစက်....Morning

Morning ပါဗျာ သည်းငယ်

မုန့်ထုပ်တွေကွန့်ကိုပေး....ဦးစက်

ရတယ် ကိုယ်ပဲသယ်ခဲ့လိုက်မယ်

ဟုတ် "

မနက်စာစားပြီးတော့...ကွန့်လက်ဂေ့ချ်အိတ်ကို ကားနောက်ခန်းထဲထည့်ဖို့ဦးစက်ကူညီပေးသည်
အိမ်တံခါးတွေကိုအားလုံးလိုက်စစ်ပြီးတာနဲ့ Mainခလုတ်ကိုချပြီး အိမ်မတံခါးကြီးကို သော့ခတ်လိုက်သည်
ခြံတခါးသော့မခတ်ခင် ဦးစက်ကားကိုအရင်မောင်းထွက်စေပြီးမှ သော့ခတ်လိုက်သည်

"ရပြီ ဦးစက်

ဒါကိုယ်တို့နှစ်ယောက်ရဲ့ပထမဆုံးခရီးထွက်ခြင်းနော် သည်းငယ်

အင်း ရင်ခုန်နေတယ်....မရောက်ဖူးသေးတဲ့ကလောမြို့ကို ဦးစက်နဲ့အတူခရီးထွက်ရလို့ပျော်တယ်

ကိုယ်ရောပဲ....ကိုယ်တို့နှစ်ယောက်အတွက် အမှတ်တရကောင်းတွေဖန်တီးကြမယ်

အင်း ချစ်တယ် ဦးစက်

ကိုယ်လည်း ချစ်တယ်

ကိုယ့်ကိုအာဘွားလေးမပေးချင်ဘူးလား

ဒီဖက်ကို တိုးလေ....

ကိုယ်တိုးပြီးပြီ

အာဘွားသိပ်မလိုချင်ရှာဘူးရယ်

ကိုယ့်ရဲ့မနက်ခင်းလေးကို သည်းငယ်ရဲ့အာဘွားလေးနဲ့မပြည့်စုံစေချင်ဘူးလားဟင်"

အပြောတတ်သည့်ဦးစက်ကြောင့် ဦးစက်ပါးပြင်ကိုအာဘွားပေးရပြန်သည်

"အာဘွား
ပေးပြီးပြီနော်
ကားအေးဆေးမောင်းတော့ဦးစက်

ဟုတ်ကဲ့ပါဗျာ သည်းငယ်သဘောအတိုင်းပါ

အဟင်း "

မနက်၇နာရီမှာ ရန်ကုန်ကနေထွက်လာခဲ့ပြီး ညနေ၅နာရီမှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိကလောမြို့လေးသို့ ရောက်ရှိခဲ့သည်
ကွန်တို့ တစ်ခါတည်း ကြိုတင်Bookingလုပ်ထားသည့် "The Hotel -Kalaw Hill Lodge "သို့မောင်းလာခဲ့သည်
ဧည့်ကြိုလေးတွေလာကြိုပေးပြီး လက်ဂေ့ချ်များကူသယ်ပေးပြီး ဧည့်ကြိုတစ်ဦးမှ ကားအားပါကင်၌သွားရပ်ပေးသည်

"8 Letters"☕💔🥀Donde viven las historias. Descúbrelo ahora