Part-42

89 0 0
                                    

သည်းငယ်ကို အောက်ထပ်မှာ မတွေ့တာမို့ အပေါ်ထပ်ကိုလိုက်ရှာကြည့်တော့ ဝရံတာမှာရပ်နေတာကို တွေ့လိုက်ရသည်

ကွန် ကြယ်တွေကို မော့ကြည့်ရင်း အတွေးကမ္ဘာထဲမြောနေတုန်း ကွန့်အား ပုဝါလေးလာခြုံပေးသည်ကို ခံစားလိုက်ရသည်

"ဦးစက်
ကြည့်ပါဦး အရမ်းလှတာပဲနော် ကြယ်လေးတွေက သူ့အစုအဝေးလေးနဲ့သူရှိနေတာမို့ မြင်ရသူတိုင်းအတွက် တစ်ကယ်ကိုလှပတဲ့မြင်ကွင်းလေးဖြစ်နေတယ်

အွန်း သည်းငယ်ပြောသလိုလှတယ် ဒါပေမယ့် ကိုယ့်အတွက် မင်းကသာအလှဆုံးလေး

အဟွန်း လျှောက်ပြောနေတယ်

မယုံရင် နမ်းမယ်ဗျာ "

"ဦးစက် အကျင့်ပုတ်ကြီး

အဟက် ကိုယ့်ဇနီးကိုယ် ချစ်လို့နမ်းတာကိုဗျာ

မသိဘူး သွား အနားမကပ်နဲ့ "

"မရဘူး ကပ်မှာပဲ "

သည်းငယ်က သူ့အားလေးနဲ့ရုန်းလို့မလွယ်တာကြောင့် သူ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးရှိနေလေသည်

"သည်းငယ်
ကိုယ်တို့ခရီးသွားခဲ့တုန်းက အချိန်လေးတွေကို သတိမရဘူးလားဟင် အဲ့တုန်းကအရမ်းပျော်ဖို့ကောင်းခဲ့တာနော် ကိုယ့်သည်းငယ်လေးပျော်နေတာကို မြင်ရတာ ကိုယ့်အတွက် ပျော်ရွှင်မှုတစ်ခုပဲ

ကလောကို ထပ်သွားလည်ချင်သေးတယ် ကွန် ရောဂါပျောက်သွားပြီဆိုရင် လိုက်ပို့ပေးနော် ဦးစက် အဲ့ကျရင် မြူခိုးတို့မိသားစုနဲ့လေးငယ်တို့ကိုပါ ခေါ်သွားမယ် မိသားစုလိုက်ခရီးထွက်ကြမယ် ပျော်စရာသိပ်ကောင်းမှာပဲနော်ဦးစက်

အင်း ကလေးငယ်သဘောဗျာ ကိုယ်ကအဓိကမင်းနဲ့အတူသွားရဖို့ပဲ
ခဏလေးနော် သည်းငယ် ကိုယ် Album သွားယူလိုက်ဦးမယ်

ဟုတ် "

"ဒီမှာ ရပါပြီ "

ဦးစက်က ကွန်တို့ကလောမှာရိုက်ခဲ့တဲ့ပုံတွေကို Album သပ်သပ်ထည့်ထားတာမို့ အချိန်မရွေးပြန်ကြည့်လို့ရသည်

"ဒီမှာ ကြည့်ပါဦး ကိုယ့်သည်းငယ် ပန်းလေးတွေနဲ့ရိုက်ထားတာ ပန်းတွေကတောင်အရှုံးပေးရမယ်ဗျာ

"8 Letters"☕💔🥀Onde histórias criam vida. Descubra agora