Part-39

93 1 0
                                    

"သည်းငယ် "

အားလုံးစီစဉ်ပြီးခါမှ ကွန့်ကို လက်ခံဖို့တောင်းဆိုနေကြသည်

လက်ခံလိုက်သင့်လား ဒီနေရာကနေ ထွက်သွားလိုက်သင့်လား

လက်ခံလိုက်မယ်ဆိုရင် ဦးစက်လက်ကိုတွဲပြီး မဂ်လာလျှောက်လမ်းထက်ကို လျှောက်၍ မဂ်လာပွဲကို ကျင်းပရုံပေ

အကယ်၍ ကွန်ငြင်းဆန်လိုက်မယ်ဆိုရင် "ဦးစက်"ရဲ့ဂုဏ်သိက္ခာ ကျဆင်းရလိမ့်မည်

"ကလေးငယ် မင်းအဆင်မပြေရင် ငြင်းလိုက်လည်း ရတယ်နော် "

"တိမ်လွင် မင်း...."

"ဒယ်ဒီ့....."
သူ့စကားကြောင့် မြင့်မိုရ်နှင့်သားက သူ့အားအလန့်တကြားခေါ်လာသည်

"ကိုယ့်ဂုဏ်သိက္ခာကို ငဲ့တွက်စရာမလိုဘူး မင်းအဆင်မပြေဘူးဆိုရင် ကိုယ် ဒီမဂ်လာပွဲကို ရပ်လိုက်မယ်
ကိုယ် မင်းကိုအခုလိုအခက်အခဲဖြစ်သွားစေမိတဲ့အတွက် တောင်းပန်ပါတယ် "

ဦးစက်ကလေ ကွန့်ကိုအမြဲရွေးချယ်ရခက်အောင်လုပ်တယ်
ကွန် ငြင်းမယ်ဆိုရင်တောင် လိုက်လျောဖို့တွေးထားတာပဲ
ကွန် ဘာဆက်လုပ်သင့်လဲ

"လူဆိုးကြီး အကျင့်ပုတ်ကြီး ကွန်မငြင်းနိုင်မှန်းသိလို့ အခုလိုစီစဉ်ထားတာမလား "

သည်းငယ်က သူ့ကိုပြောလည်းပြော သူ့ရင်ဘတ်ကို လက်ဖဝါးနုနုလေးဖြင့် ထုနေလေသည်

"ကိုယ့်သည်းငယ် ဒီမဂ်လာပွဲကိုလက်ခံလိုက်ပြီပေါ့နော်

အင့်ဟယ် အင့်ဟယ် လက်မခံလို့ရမလား ဦးစက်ရဲ့ဂုဏ်သိက္ခာ၊လေးငယ်ရဲ့ဂုဏ်သိက္ခာကရှိသေးတယ်လေ

ကျေးဇူးတင်ပါတယ် သည်းငယ်ရယ် ကိုယ့်ကိုမင်းရဲ့လက်တွဲဖော်အဖြစ်လက်ခံပေးလို့ တစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ "

" သတို့သားတော့ မဂ်လာဆောင်ခါနီး သတို့သမီးလေးစိတ်ဆိုးအောင် လုပ်မိတယ်ထင်တယ် ""

အခမ်းအနားမှူးစကားကြောင့် ဧည့်ပရိတ်သတ်တွေဆီမှ ရယ်သံလေးတွေထွက်လာခဲ့သည်

"ကဲ သတို့သား၊သတို့သမီးလေးရေ မဂ်လာပွဲစတင်ချိန်နီးကပ်နေပြီဖြစ်တဲ့အတွက် မဂ်လာလျှောက်လမ်းထက်၌ နေရာယူပေးပါရန် မေတ္တာရပ်ခံပါတယ်ဗျ"

"8 Letters"☕💔🥀Onde histórias criam vida. Descubra agora