"ဒယ်ဒီနဲ့လေးငယ် ထိုင်ပြီး စောင့်ပါလားဗျာ မတ်တပ်ရပ်စောင့်နေတာကြာလာရင် ခြေထောက်ညောင်းလာလိမ့်မယ်
ရတယ် မြူခိုး လေးငယ်အဆင်ပြေတယ် ကွန်လေးကို စိတ်ပူလို့ ထိုင်လို့မရဘူး
ဒယ်ဒီတို့ကိုစိတ်မပူနဲ့ သား ဒယ်ဒီတို့ အဆင်ပြေတယ် "
နှစ်ယောက်စလုံးက အဆင်ပြေတယ်ဟုသာပြောရင်း မတ်တပ်ရပ်စောင့်နေလေရဲ့
"မှိုင်း ခွဲစိတ်မှုက ကြာလိုက်တာနော်
အင်း တခြားအချိန်တွေမှာ အချိန်ကဘယ်လောက်မှမကြာဘူးလို့ထင်ရပေမယ့် ကိုယ်တစ်ကယ်စောင့်နေရတဲ့အလှည့်ကျတော့ အချိန်တွေကုန်တာ နှေးလိုက်တာလို့ ထင်ရတယ်
ဟုတ်တယ်နော် ကွန့်ခွဲစိတ်မှုက ခဏလေးနဲ့ပြီးမယ့်ခွဲစိတ်မှုမျိုးမဟုတ်တော့ ထပ်စောင့်ရဦးမယ်ထင်တယ်
အင်း "
လေးနာရီကြာခွဲစိတ်မှုအပြီးမှာ Operation Room တံခါးပွင့်လာပြီး တာဝန်ခံဒေါက်တာကို တွေ့လိုက်ရသည်
"ကျွန်တော့်ဇနီးခွဲစိတ်မှု အောင်မြင်ရဲ့လား ဒေါက်တာ
အောင်မြင်ပါတယ် ခွဲစိတ်နေစဉ်အတွင်းမှာလည်း စိုးရိမ်စရာမရှိခဲ့ပါဘူး
အကြိတ်ကိုဖယ်ထုတ်လိုက်ပြီးပြီဆိုတော့ ကင်ဆာဆဲလ်မရှိတော့ဘူးမလား ဒေါက်တာ
ဟုတ်ကဲ့ ကင်ဆာဆဲလ်ရှိနေတဲ့အကြိတ်ကို ဖယ်ထုတ်လိုက်တာမို့ စိတ်ပူစရာမလိုတော့ပါဘူး
အခု လူနာက ခွဲစိတ်ပြီးခါစမို့ ပိုးသတ်ခန်းထဲမှာ ခဏထားရပါလိမ့်မယ် နောက်သုံးရက်နေရင် ရိုးရိုးအခန်းကို ပြန်ရွှေ့လို့ရပါပြီ လူနာရှင်တွေအနေနဲ့ ဝင်တွေ့မယ်ဆိုရင် ပိုးသတ်ဝတ်စုံ၊နှာခေါင်းစည်းတို့ကို ဝတ်ဆင်ပြီး လက်ကို သန့်စင်အောင် ဆေးပြီးမှ ဝင်ကြည့့်လို့ရပါမယ်ဟုတ်ကဲ့ပါ ဒေါက်တာ
ဒေါက်တာ့ကို ကျေးဇူးတင်ပါတယ်ရပါတယ်ဗျာ ဒါကကျွန်တော့်တာဝန်ပါ
ခွင့်ပြုပါဦးဗျဟုတ်ကဲ့ပါဒေါက်တာ "
"အခုမှပဲစိတ်အေးရတော့တယ်
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...