Part-24💔🥀

76 0 0
                                    

တစ်ဖက်မှကြားလိုက်ရသည့်အသံသည် သူ့ရင်အား ဓားနဲ့ခွဲလိုက်သလိုပင်

"သည်းငယ်.....သည်းငယ်.......

ဟားဟား ရှင့်သည်းငယ်လေးက ရှင့်ရဲ့ခေါ်သံကို ပြန်မထူးနိုင်တော့ဘူးရှင့်....မွန်းရဲ့ရိုက်ချက်က ပြင်းသွားတယ်ထင်တယ်....တစ်ခါတည်း မေ့သွားတာပဲ
ဟားဟား

မွန်းရေ...တိမ်လွင်နဲ့မြင့်မိုရ်ဟိန်းလည်း ရှော့ခ်ရသွားတယ်ထင်တယ်....အသံထပ်ထွက်မလာတော့ဘူးနော်
အဟင်းဟင်း

ဘယ်လိုလဲ စကားလေးဘာလေးပြန်ပြောကြပါဦး

မင်းတို့အခုဘယ်မှာရှိနေတာလဲ...."

အစ်ကို့အသံက အံကြိတ်ပြောနေသည့်အသံပင်

"မပြောခင် သဘောတူညီချက်လေးလုပ်ရအောင်

သောက်ရစ်မရှည်နဲ့နန်းရိပ်မွန်း
မင်းပြောစရာရှိတာပြော...."

မြင့်မိုရ်ဟိန်းလည်း တော်တော်ဒေါသထွက်နေတာပဲ
အဟင်း

"အိုကေ ပြောရမှာပေါ့
အစ်ကို့ရဲ့ပိုင်ဆိုင်မှုတွေကို မမေနန်းရိပ်ခင်ဆီလွှဲပြောင်းပါတယ်ဆိုတဲ့စာချုပ်ကို ယူလာခဲ့.......မနက်ဖြန်မနက်မှာ ထပ်ဆက်သွယ်မယ်....မွန်းတို့ပြောတဲ့အတိုင်းလိပ်စာအတိုင်းအစ်ကိုလာခဲ့.....ရဲတွေခေါ်လာလို့ကတော့ မိုးကွန်ရက်ရှင်အလောင်းပဲရသွားမယ်နော်.....မွန်းအကြောင်းကို အစ်ကိုသိပါတယ်.....

သိတယ် မင်းဘယ်လောက်အထိအောက်တန်းကျပြီး ယုတ်မာတတ်လဲဆိုတာ
မင်းတို့ပြောတဲ့အတိုင်း စာချုပ်ယူလာခဲ့မယ်
ငါရောက်တဲ့အချိန်ထိ သည်းငယ်ကိုထပ်ပြီးနာကျင်အောင်မလုပ်မိစေနဲ့....သည်းငယ်ကိုယ်ပေါ်မှာဒဏ်ရာတစ်ချက်တွေ့တာနဲ့ မင်းတို့နှစ်ယောက်လည်း သေလမ်းကိုမြန်းရပြီသာမှတ်ထားလိုက်တော့

Woww!! ကြက်သီးတောင်ထတယ်ရှင်....ဒါပေမယ့် အစ်ကို့စကားတွေကမကြောက်စေတာတော့ အမှန်ပဲ.....

အစ်ကိုတို့ကိုဒီနေ့တစ်ရက်လုံးအချိန်ပေးထားတယ်နော်
မနက်ဖြန် မနက်မှအဆင်သင့်မဖြစ်သေးဘူးဆိုရင် မိုးကွန်ရက်ရှင် ဒီလောကကြီးထဲကနေပျောက်ကွယ်သွားပြီလို့သာသိထားလိုက်တော့......
သြော်ဒါနဲ့ မြင့်မိုရ်ဟိန်းပါလိုက်ချင်ရင် လိုက်လာခဲ့လို့ရတယ်နော်....အဓိကက ရဲတွေမပါလာဖို့ပဲ
ဘိုင်ဘိုင့်........."

"8 Letters"☕💔🥀Where stories live. Discover now