"8 Letters "
Part-7"နွယ်ရီက အပြာနုရောင်ပိုးသား ကြိုးတစ်လုံးcrop topလေးကို အဖြူရောင် skirtအတိုလေးနှင့်တွဲဖတ်ဝတ်ဆင်ထားပြီး ဆံပင်ခွေတို့ကို လူငယ်ဆန်ဆန် ဆံထုံးအမြင့်ထုံးထားသည်
ကွန်က ခါးဘေးနားမှာ ကြိုးအရှုံ့လေးတွေပါသည့် အနီရောင်လက်ပြတ် crop topအကျီလေးကိုဂျင်းဘောင်းဘီအကျပ်နှင့် တွဲဖက်ဝတ်ဆင်ထားပြီး ခါးထိရှည်သည့်ဆံနွယ်ရှည်တို့ကို ခပ်မြင့်မြင့်စုစည်းထားသည်.....နွယ်ရီက ဒေါက်စီးထားပြီး ကွန်က sneakerအဖြူလေးကိုဝတ်ဆင်ထားသည်
လှပချောမောသည့် မိန်းကလေးနှစ်ယောက် ကလပ်ထဲသို့ဝင်လာသည့်တစ်လျှောက်လုံး ကလပ်ထဲရှိပုရိသတို့၏အမြင်အာရုံအားလွှမ်းမိုးထားသည်
"နွယ်ရီ ငါတို့ဒီမှာထိုင်ကြမယ်....ဒီနားကသီချင်းသံသိပ်မဆူတော့နားညည်းသက်သာတယ်
အင်း ကောင်းတယ် ကွန်
ငါက ကော့တေးမှာမှာ နွယ်ရီ
နင်ရောဘာသောက်မှာလဲငါ့ကိုလည်း ကော့တေးပဲမှာပေး
အိုကေ "
waiterတစ်ယောက်ကိုလှမ်းခေါ်ကာ ကော့တေးနှင့်စားဖွယ်တစ်ချို့မှာယူလိုက်သည်
"ခဏနေမှသွားကကြတာပေါ့...အခုတော့ မထိုင်ရတာကြာပြီဖြစ်တဲ့clubမှာ အေးဆေးထိုင်ရင်းအဆင်ငမ်းလိုက်ဦးမယ်
နွယ်ရီ နင်ဇာတိကပေါ်လာပြီနော်
အဆင်ငမ်းတာလေးလျှော့ပါဦးဟဲ့မရပါဘူး ရခဲလှတဲ့လူ့ဘဝမှာ အဆင်ကတော့သေချာပေါက်ငမ်းရမယ်ဟဲ့
အဆင်ငမ်းတယ်ဆိုတာ ကျန်းမာရေးဂရုစိုက်ခြင်းတစ်မျိုးပဲဟဲ့ဆိုစမ်းပါဦး
ငါတို့နေ့စဥ်လုပ်ဆောင်နေရတဲ့အရာတွေက မျက်စိမြင်မှရတာမလား
ဟုတ်တယ်လေ
အဲ့မျက်စိလေးတွေကျန်းမာနေဖို့လည်းလိုတယ်မလား
ဒါပေါ့ လိုတာပေါ့
နောက်ပြီး ဦးနှောက်ကြည်နေဖို့လည်းလိုတယ်လေ
အင်းလေ
အဲ့တာကြောင့် မျက်စိနဲ့ဦးနှောက်ကြည်နေဖို့အတွက် အဆင်ငမ်းပေးဖို့လိုတယ်
ဒါမှ မျက်စိလေးကြည်ပြီး ဦးနှောက်လေးကလည်း ကြည်လင်လန်းဆန်းနေမှာ
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...