Part-40

115 0 0
                                    

ညက ဝရံတာတံခါးကိုပိတ်ဖို့မေ့မိခဲ့တာကြောင့် နေရောင်ခြည်အလင်းရောင်က သူတို့အိပ်ခန်းဆီသို့ ဝင်ရောက်လာသည်
နွေးထွေးသည့် အလင်းရောင်ကြောင့် အရင်ဆုံးနိုးလာသူက "စက်"ဖြစ်သည်
"သူ့ကိုကျောပေးကာ ရင်ခွင်ထဲ၌ အိပ်ပျော်နေသည့် ကလေးငယ်ဟာ အခုထိမနိုးသေးပေ

"အဟွန်း ကိုယ့်ဇနီးလေး
အသည်းယားဖို့ကောင်းလိုက်တာဗျာ "

မနက်ခင်းတိုင်းမှာ သည်းငယ်နဲ့အတူ နိုးထရမယ့် နေ့ရက်တွေကို ပိုင်ဆိုင်ရတဲ့ သူက အပျော်ရွှင်ရဆုံးလူသားတစ်ဦးပင်

ချစ်ရသည့် သည်းငယ်အား ဇနီးအဖြစ်ပိုင်ဆိုင်ခဲ့ရပြီးနောက် သူ့ဘဝမှာ လိုချင်တဲ့အရာဆိုတာမရှိတော့ပေ
သည်းငယ်သာ သူ့အနားမှာရှိနေပေးရင်ရပြီမို့ ကျန်တာတွေမလိုအပ်ပါ

သည်းငယ်ကို ဖတ်ပြီးဆက်အိပ်ချင်ပေမယ့် သည်းငယ်အတွက် မနက်စာပြင်ပေးချင်တာမို့ အိပ်ရာမှထလာခဲ့သည်

•°•°•°•°•°•°°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•^•^•^^•°•^•^

"ကွန် နိုးလာတော့ ဘေး၌ ဦးစက် မရှိပေ
အိပ်ရာထသွားပြီထင်သည်

ဦးစက်က သူထသွားမှန်းမသိအောင် ကွန့်ဘေးမှာ ဖတ်လုံးလေးတွေနှင့် နွေးနွေးထွေးထွေးထားပေးခဲ့သည်
ထိုအနွေးဓာတ်ကြောင့် မနက်၈နာရီထိုးသည်အထိ ကွန်အိပ်ပျော်နေခဲ့တာဖြစ်သည်

အခန်းတံခါးဖွင့်သံကြားတာမို့ ကွန်ပြန်အိပ်နေလိုက်သည်
ဦးစက်ကိုမျက်နှာချင်းမဆိုင်ရဲတာကြောင့်ဖြစ်သည်

"သူ့သည်းငယ်လေးက နိုးနေပြီမှန်းသိသာပါသည်
မျက်လုံးမှိတ်ထားပေမယ့် ငြိမ်ငြိမ်မနေပေ "

အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးငယ်ကို နိုးပေးရမှာပေါ့ဗျာ

ဘယ်လောက်မှမလိုတော့သည့် အကွာအဝေးမှာ ဦးစက်ဆီမှ အသက်ရှူလိုက်တိုင်းထွက်လာသည့် လေတို့က ကွန့်ပါးပြင်အား ထိကပ်နေသည်

ကွန် ဆက်ပြီးမနေနိုင်တော့တာမို့

"ဦးစက် တမင်သက်သက်လုပ်နေတာမလား

အဟွန်း ကလေးငယ်နိုးလာပြီပဲ
ကိုယ့်နမ်းတောင်မနမ်းရသေးဘူး ဘာလို့နိုးလာတာလဲဗျ

"8 Letters"☕💔🥀Where stories live. Discover now