Part-16💔🥀

130 2 0
                                    

8 Letters "
Part-16

"ဟဲလို မမွန်း

အေး အခြေအနေဘယ်လိုလဲ ငါလိုချင်တဲ့ ပုံစံအတိုင်း ရခဲ့ရဲ့လား

ဟုတ်ကဲ့ ရခဲ့တယ် မမွန်း
ကျွန်တော် ပုံတွေViberကတဆင့်ပို့ပေးလိုက်မယ်
မမွန်းသဘောကျမှာပါ

ဟုတ်ပြီ ငါပုံတွေကြည့်ပြီးတာနဲ့ဘာဆက်လုပ်ရမလဲဆက်ပြောမယ်
တာဝန်ကျေတယ် ထူးသစ် မင်းနားလို့ရပြီ"

မိနစ်ပိုင်းအတွင်းမှာပဲ Viberကနေnotification soundလေးဝင်လာလေသည်

"အဟင်း ဇနီးဟောင်း နဲ့ပြန်လည်တွေ့ဆုံခြင်းခေါင်းစဥ်လေးနဲ့ဆိုသိပ်လိုက်မှာပဲ........"

အခုကစပြီး နင်တို့နှစ်ယောက်အတွက် မုန်တိုင်းလာပြီ.....အရာအားလုံးတစ်စစီဖြစ်သွားစေမယ့်မုန်တိုင်းပေါ့ အဟွန်း "

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧည့်ခန်းမှာရှိနေသည့် မြူခိုး အိမ်ရှေ့စင်ဝင်အောက်ရှိကားရပ်သံကိုကြားလိုက်ရသည်

"ဒယ်ဒီ

မအိပ်သေးဘူးလား သား

ဟုတ် ဒယ်ဒီ့ကိုပြောစရာရှိလို့စောင့်နေတာ

သမီးရော....

ရိပ်ကအနားယူနှင့်ပြီဒယ်ဒီ

အင်း သားကဘာပြောမလို့လဲ

ရပါတယ် အရေးမကြီးပါဘူး ဒယ်ဒီမျက်နှာမကောင်းဘူးနော် ပွဲမှာ ဘာအဆင်မပြေတာကြုံလာရလို့လဲ

ဒီနေ့ပွဲမှာ မေနန်းရိပ်ခင်နဲ့တွေ့ခဲ့တယ်

ဗျာ ဒေါ်မေနန်းရိပ်ခင်နဲ့တွေ့ခဲ့တယ် ဟုတ်လား ဒယ်ဒီ

ဟုတ်တယ် ဘာကြောင့်ရောက်နေမှန်းမသိပေမယ့် ဒယ်ဒီတို့နဲ့ပြန်ပက်သက်ချင်နေပုံရတယ်

ကောင်းတဲ့ရည်ရွယ်ချက်မဖြစ်နိုင်ဘူးထင်တယ်နော်ဒယ်ဒီ

ဟုတ်တယ် ဒယ်ဒီလည်းအဲ့လိုပဲတွေးတယ်....သားကိုတွေ့ချင်တယ်ဆိုပြီး ဒယ်ဒီ့ကိုခွင့်တောင်းနေတယ်

မတွေ့ချင်ဘူး ဒယ်ဒီ
တွေ့လည်း သူစိမ်းတွေပဲ
သားအမိတော်စပ်ပေမယ့် သားရဲ့အမေလို့ခံစားရမှာမဟုတ်ဘူးဒယ်ဒီ
နောက်ပြီး သားအမေလို့မသတ်မှတ်ချင်ဘူး

"8 Letters"☕💔🥀Hikayelerin yaşadığı yer. Şimdi keşfedin