Part-5

201 3 0
                                    

"8 Letters "
Part-5

"ကိုယ်မင်းကို သဘောကျတယ် "ကွန် "
ဒီစကားကမင်းအတွက်ရယ်စရာဟာသဖြစ်နေနိုင်တယ်
"ကိုယ်"ဆိုတဲ့ နာမ်စားကို သုံးရတာကလည်း မင်းက ကိုယ်သဘောကျရတဲ့ မိန်းကလေးဖြစ်နေလို့ပဲ

ရှင်မသောက်ရသေးဘဲမူးနေတာလား ဥက္ကဋ္ဌမှိုင်း

ကိုယ်မမူးဘူး....

ရှင်ပြောသလိုအခုကြားလိုက်ရတဲ့စကားတွေက ကျွန်မအတွက်တော့ ဟာသပဲ ဥက္ကဋ္ဌမှိုင်း
ရှင်က ရှင့်ဂုဏ်သိက္ခာကိုအလေးထားတဲ့သူမလား...ကျွန်မလို ရှင့်သမီးအရွယ်ပဲရှိနေတဲ့မိန်းကလေးတစ်ယောက်ကို သဘောကျကြောင်း ဝန်ခံနေတာ ရှင့်ဂုဏ်သိက္ခာထိခိုက်မယ်လို့မစဥ်းစားမိဘူးလား
ကျွန်မရဲ့သဘောထားကရှင့်အတွက် Noဆိုတဲ့အဖြေပဲထွက်လာမှာ
အသက်လေးဆယ်ကျော်မှ မိန်းကလေးတစ်ယောက်ဆီကအငြင်းခံရတာ ရှင့်မာနကိုထိခိုက်မှာပဲ

မထိခိုက်ပါဘူး....ကိုယ်ဝန်ခံရတာကလည်း မင်းကိုသဘောကျနေမိပြီဆိုတာကို ချုပ်တည်းမထားနိုင်တော့တာမို့ဖွင့်ပြောတာ
မင်းဖက်ကအဖြေပြန်ပေးဖို့မလိုအပ်ပါဘူးကွန်"

ဒီလူပြောနေတဲ့ပုံစံက မသိရင် သူမကပဲ အတင်းအဖြေပြန်ပေးချင်နေတဲ့ပုံပေါက်နေတယ်
အလကားဘဝမြင့်နေတဲ့လူကြီး
ဒီနေရာမှာ ဆက်ထိုင်ချင်စိတ်မရှိတော့တာမို့
"ကျွန်မပြန်တော့မယ် ဥက္ကဋ္ဌမှိုင်း ခွင့်ပြုပါဦး

နေပါဦး ကွန် ရောက်တာမကြာသေးဘူးလေ
အေးဆေးနေပါဦး

မနေချင်ဘူး ရှင်နဲ့အတူရှိနေရတာ စိတ်ရှုပ်ရတယ်

အိုကေ ကိုယ်ဘာမှဆက်မပြောတော့ဘူး

ရှင့်ဘာရှင်ပြောချင်ပြောမပြောချင်နေ...ကျွန်မကတော့ ပြန်မှာပဲ

နေပါဦးကွန်

ရှင် ကျွန်မလက်ကိုလွှတ်

အိုကေ
မင်းဒီနေရာကို ကိုယ်နဲ့အတူလာခဲ့တာလေ
မင်းဘယ်လိုပြန်မှာလဲ
Busကားမှတ်တိုင်နဲ့လည်းဝေးတယ်နော်
ညနေဘက်မင်းတစ်ယောက်တည်းလမ်းမပေါ်မှာကားငှားစီးမယ်ဆိုရင်လည်း အန္တရာယ်များတယ်

လေးငယ်ကို လာကြိုခိုင်းလိုက်မယ်
ရှင်စိတ်ပူစရာမလိုဘူး

"8 Letters"☕💔🥀Où les histoires vivent. Découvrez maintenant