"8 Letters"
Part-13"ခင်....မင်းဘယ်ကပြန်လာတာလဲ
ဘယ်ကပြန်လာရမှာလဲ...လောင်းကစားဝိုင်းကပေါ့ရှင်
ဟုတ်လား နိုင်ခဲ့ရဲ့လား
နိုးပါ ပါသမျှပိုက်ဆံမကုန်ခင် ဆန္ဒကို ထိန်းပြီး ပြန်လာခဲ့ရတယ်
ဆက်ဆော့နေရင်ပြန်လာစရာလမ်းစရိတ်တောင်မရှိတော့မှာစိုးလို့လေကိုယ်တို့အခုဘယ်လိုလုပ်ကြမလဲခင်
လောင်းကစားကြွေးတွေရော ကုမ္ပဏီကလှည့်ထုတ်ထားတဲ့ရန်ပုံငွေတွေရောပြန်ဆပ်ရတော့မှာ....ပေးထားတဲ့ အချိန်ကနီးလာပြီ
သည်သုံးလအတွင်းမှာကိုယ်တို့ပိုက်ဆံအမြန်ရှာနိုင်မှဖြစ်မယ် မဟုတ်ရင် ထောင်ကျရင်ကျ မကျရင်လက်စဖျောက်ခံရတော့မှာခင်ရဲ့ကျွန်မလည်းရှာနေတာပဲလေရှင်
ရမှမရတာဘယ်တတ်နိုင်ပါ့မလဲ.......ရှင်လည်းနည်းနည်းပါးပါးတွေးတောကြံဆပါဦးကိုယ်လည်းရှိသမျှအကြံအကုန်ထုတ်ပြီးရှာနေတာပဲကွာ
ပိုက်ဆံကတစ်ကျပ်တောင်ရှာမရသေးဘူးခင်တို့သည်အတိုင်းဆက်သွားနေလို့တော့မဖြစ်ဘူးနော် ကို
အင်း ကိုယ်လည်းတွေးမိပါတယ်...."
လင်မယားနှစ်ယောက်စလုံးလောင်းကစားကိုအပျော်ကစားရာကနေ မကစားရမနေနိုင်စွဲသွားပြီသကာလ
ကုမ္ပဏီရန်ပုံငွေကိုပါ လောင်းကစားအတွက်ထုတ်သုံးမိတာကြောင့် အခုအကြွေးပတ်လည်ဝိုင်းနေကာ ရှိသမျှပိုက်ဆံလေးကို ခြစ်ကုပ်ပြီးသုံးစွဲနေရသည့်အခြေအနေမှာ ရောက်နေလေသည်>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
"ကိုရေ....ကို.....ထပါဦး
ဘာလဲခင်ရယ် အိပ်လို့ကောင်းနေတာကို
မနက်၇နာရီထိုးနေပြီလေကိုရယ် ဆက်အိပ်မနေနဲ့တော့
မရဘူး အိပ်မှာပဲ
ခင်ကပြောစရာရှိလို့နိုးတာကိုမထလည်းနေပေါ့
ကဲပြော ဘာပြောမလို့လဲ
ခင့်မိဘတွေအမွေပေးထားတဲ့ပစ္စည်းတွေကမယူရသေးဘူးလေ
အဲ့တာမြန်မာပြည်ပြန်ပြီးသွားယူမယ်.....ပြီးရင်အဲ့ပစ္စည်းတွေကိုရောင်းချပြီးအကြွေးတွေဆပ်လိုက်မယ်လေ
ဒါဆို ညတိုင်း အကြွေးဆပ်ဖို့ပိုက်ဆံအတွက် တွေးပူစရာမလိုတော့ပဲ အေးဆေးအိပ်လို့ရပြီ
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...