"သည်းငယ်......သက်သာရဲ့လား ဘယ်လိုနေသေးလဲ
ဟုတ် သက်သာပါတယ် ဦးစက်ရဲ့ ကွန်ရေသောက်ချင်တယ်
အင်း ကိုယ်ယူပေးမယ်
သည်းငယ် ဒီမှာ ရေရပြီ
ဟုတ်
အဟင်း ဦးစက် သီချင်းဆိုပြနေရင်း အစပိုင်းမှာတင် ကွန်အိပ်ပျော်သွားတာအဟက် ကိုယ့်အသံမကောင်းလို့များလား....သည်းငယ်
မဟုတ်ပါဘူးကောင်းပါတယ် ကွန်အိပ်ချင်နေတာမို့တစ်ခါတည်း အိပ်ပျော်သွားတာပါဦးစက်ရဲ့
တော်သေးတာပေါ့ဗျာ ကိုယ့်သည်းငယ်လေး အိပ်ပျော်သွားလို့"
သည်းငယ်က ကုတင်ပေါ်မှဆင်းမလို့လုပ်နေသည်မို့
"သည်းငယ်ဘာလိုချင်လို့လဲ ကိုယ့်ကိုပြော
ကိုယ်ယူပေးမယ်လေကွန် သန့်စင်ခန်းသွားချင်လို့"
သန့်စင်ခန်းသွားပြီးပြန်လာသည့်"ကွန်" ဦးစက်ကို အခန်းထဲမှာမတွေ့တော့ပဲဖြစ်နေသည်
ဦးစက်အပြင်ထွက်သွားတယ်ထင်တယ်...အိပ်ခန်းထဲမှဧည့်ခန်းအပြင်ကိုထွက်လာတော့ ညနေခင်းတောင်ရောက်နေလေပြီ.....ဟူး....ပျော်စရာကောင်းတဲ့အချိန်လေးတွေကုန်ဆုံးရမှာကို အခုတော့ နေမကောင်းဖြစ်လို့အခန်းအောင်းနေရပြီ
"သည်းငယ်
ရှင်
ဦးစက် ဘယ်သွားတာလဲသြော် ကိုယ် Reception ကိုခဏသွားတာပါ
အင်း
ညနေစာဘာစားချင်လဲသည်းငယ်
ဟင့်အင်းမစားချင်ဘူး
အဲ့လိုမရဘူးနော်
အားရှိမှအမြန်သက်သာလာမှပေါ့ကလေးငယ်ရဲ့
ကိုယ်ကိုယ်တိုင် ချက်ကျွေးရမလားဟိုတယ်မှာလေဦးစက်ကလည်း
သူတို့ကဧည့်သည်ကိုစားဖိုဆောင်ထဲဝင်ခွင့်မပြုလောက်ဘူးဟုတ်သားဘဲ ကိုယ်မေ့သွားတယ် အဟက်
ခေါက်ဆွဲပြုတ်စပ်စပ်လေးစားချင်လားသည်းငယ်
ခံတွင်းသိပ်မတွေ့ရင်အဲ့လိုလေးစားချင်လားပင်လယ်စာခေါက်ဆွဲပြုတ်မှာပေး
ဟုတ်ပြီ ကိုယ်မှာလိုက်မယ်
ကိုယ်ပါစားမယ်
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...