Part-32

70 0 0
                                    

°• °• °•

"သည်းငယ် ကိုယ့်ကလေးငယ်လေး ထသေးဘူးလားဗျ အိပ်ပုတ်လေး

ဟာ ဦးစက် ငြိမ်ငြိမ်နေလို့ ကွန်အိပ်ရေးဝသေးပါဘူးဆို နိုးနေရင်လည်း ဘေးမှာ ငြိမ်ငြိမ်နေ

ညကစောစောအိပ်လို့နဲ့တူတယ် မနက်အစောကြီးနိုးနေတာ ကိုယ်ပျင်းတယ် သည်းငယ်ရဲ့

ပျင်းရင်ဆော့လေ ဘာလို့ကွန့်ကိုနိုးနေတာလဲ

ဟမ် ကိုယ်ကလူကြီးလေ ဘာကိုဆော့ရမှာလဲဗျ
ကလေးငယ်နော် အိပ်ချင်မူးတူးနဲ့ဘာတွေပြောနေတာလဲဗျ.........

ဟာ့ ဦးစက် အကျင့်မကောင်းဘူးကွာ.....

အဟွန်း.....ကလေးငယ်လည်းအိပ်ရေးဝနေပါပြီဗျာ
ထတော့လေနော် ကိုယ်တို့မနက်အစောလမ်းလျှောက်ထွက်ရအောင်

အခုမှ မနက်၅နာရီခွဲပဲရှိသေးတာကို ဦးစက်နော်

‌မနက်အစောကျန်းမာရေးအတွက် လမ်းလျှောက်ပေးရတယ် ကလေးငယ်ရဲ့

နောက်ရက်မှလျှောက်မယ်လေနော် အခုတော့အိပ်ဦးမယ်

ဟေ့ မအိပ်နဲ့တော့လို့ကလေးငယ်

ရဘူး အိပ်မှာပဲ"

အဟွန်း ဘယ်လိုမှနိုးမရတဲ့ကလေးငယ် သူ့ကိုကျောပေးကာ တစ်ဖက်ကိုလှည့်အိပ်သွားလေရဲ့

~~~~~~~~~~ ~~~~~~~~ ~~~~~~~~

မနက်၇နာရီထိုးကျတော့ သည်းငယ်နိုးလာလေသည်
သူ့ကိုစကားမပြောဘဲ လုပ်စရာရှိတာကိုသာ လုပ်နေသည့်ကလေးငယ် ကြည့်ရတာ မနက်အစောပိုင်း လာနိုးလို့ စိတ်ကောက်နေသည်ထင်သည်

"ကလေးငယ်......ကိုယ့်ကိုစကားမပြောပါလား

ဘာ့ကြောင့်လဲ ဦးစက်သိလား

May be ကိုယ် ကလေးငယ်အိပ်နေတာကိုလာနိုးမိလို့ထင်တယ်

Right သူများအိပ်ကောင်းနေတာကို သက်သက်လာနိုးတာ

အဟက် ကိုယ်က စေတနာနဲ့ပါ‌ဗျာ

ဘာမှ မစေတနာဘူး ဦးစက်လည်း ပြီးတော့ပြန်အိပ်သွားတာပဲကို

အဟွန်း ကိုယ့်ကလေးငယ်သိတယ်ပေါ့

သိတာပေါ့ ငြိမ်သွားလို့ အပြင်ထွက်လမ်းသွားလျှောက်တယ်ထင်တာ ဘယ်ဟုတ်မလဲ ကွန့်ဘေးနားမှာ လာကပ်အိပ်နေတာလေ

"8 Letters"☕💔🥀Where stories live. Discover now