Part-34

65 0 0
                                    

•° •° •° •°

" ကွန် မနက်ပိုင်းတရေးအိပ်လိုက်ပြီး နေ့လည်လောက်ကျတော့ ပြန်နိုးလာလေသည်
ကွန် ခေါင်းအနည်းငယ်မူးနေသေးပေမယ့် မနက်ကလောက်မဟုတ်တော့တာမို့ ဆက်မအိပ်တော့ဘဲ ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းသို့ဝင်လာခဲ့သည်

ရေပါတစ်ခါတည်းချိုးလိုက်တာမို့ ခန္ဓာကိုယ်က လန်းဆန်းသွားသည် ပေါ့ပေါ့ပါးပါးဖြစ်မည့် ရေညှိရောင်ဂါဝန်ရှည်လေးကို ဝတ်ဆင်လိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်

နေ့လည်စာကို မနက်ကလိုပဲ ပေါင်မုန့်နဲ့နို့နဲ့ပဲ စားလိုက်သည် လူကနေမကောင်းချင်သလို ဖြစ်နေတာမို့ အစားစားချင်စိတ်လည်းမရှိပေ

ဧည့်ခန်းကဆိုဖာမှာထိုင်ရင်း အပေါ်ထပ်ကနေ တစ်ခါတည်းယူလာခဲ့သည့် လက်တော့ပ်ကိုဖွင့်၍ ပို့‌ထားသည့် အီးမေးလ်တို့ကို စစ်လိုက်သည်

အများကြီးဝင်နေတာပါလား ဒါတွေအမြန်လက်စသတ်မှပါပဲ မဟုတ်ရင် နောက်ထပ်လက်ခံထားသည့်အလုပ်တွေနှင့် ထပ်သွားလိမ့်မည်
"စက်" သူရပို့ထားသည့် စာရင်းတွေကို လက်မှတ်ထိုးနေပေမယ့် သူ့စိတ်က သည်းငယ်ဆီသို့ ပျံ့လွင့်နေတာဖြစ်သည်

ဒီကလေး တစ်ကယ်ရော နေကောင်းတာဟုတ်ရဲ့လားပုံမှန်ဆို နေ့လည်နေ့ခင်း သူ့ဆီဖုန်းဆက်နေကျ အခုထိဆက်မလာသေးပုံထောက်ရင် တစ်ခုခုများ ဖြစ်နေတာလား
တွေးရင်း တွေးရင်း စိတ်ပူနှုန်းlevelက မြင့်လာလေသ ည်  ထိုအချိန် ဖုန်း callတစ်ခုဝင်လာလေသည်
"သည်းငယ်"ဆီမှ ဖြစ်သည်
"ဟဲလို ကလေးငယ်

အင်း ဦးစက်

ကိုယ်အခုလေးတင် မင်းဆီဖုန်းဆက်မလို့

ဟုတ် ဦးစက် နေ့လည်စာ စားပြီးပြီလား

ကိုယ်.....

မစားရသေးဘူး မမိုး ကျွန်တော်ပြောနေတာကို နားမထောင်ဘူးဗျာ အခုထိအလုပ်ကိုပဲ သည်းကြီးမည်းကြီး အာရုံစိုက်နေတာ"

သူမဖြေရသေးခင်မှာ မိကျောင်းသားလေး သူရက ဝင်အာချောင်သွားလေသည်

"မင်း...."

သူရကို ဆူမလို့ရှိသေး.....သည်းငယ်ဖက်မှ စကားသံထွက်လာသည်

"8 Letters"☕💔🥀Where stories live. Discover now