"8 Letters "
Part-15"ဒယ်ဒီ နည်းနည်းလောက်ဖြစ်ပြုံးပါဦးလား
မင်းအေးဆေးနေစမ်း မြူခိုးရာ
ဒယ်ဒီရယ် သားတို့လည်းအတင်းလိုက်လာတာမဟုတ်ဘူးလေဗျာ
သိတယ် သည်းငယ်ခေါ်လို့လိုက်လာရမှန်း
ဒါပေမယ့် မင်းတို့ပါတော့သည်းငယ်က ဒယ်ဒီ့ကိုအနားအကပ်မခံတော့ဘူးကွအဲ့တာကဒယ်ဒီ ကွန့်အနားကပ်တိုင်းဘာသွားလုပ်လဲမှမသိတာ
နော့်ရိပ်"အရိပ်အကဲမကြည့်တဲ့သူမခင်ပွန်းဟာ ဒယ်ဒီစိတ်မဆိုးဆိုးအောင်လိုက်စနေလေသည်
"မှိုင်း ငြိမ်ငြိမ်နေပါလားဟင်
ဒယ်ဒီကားမောင်းနေတာကိုအနှောင့်အယှက်သွားမပေးပါနဲ့လားကိုယ်က အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး
ဒယ်ဒီ့မျက်နှာကမကြည်လို့မေးကြည့်တာပါကွာ"နည်းနည်းလေးအထွန့်တက်လိုက်ရမှကျေနပ်သည့်သူမခင်ပွန်း
တစ်ကယ်မလွယ်ပေ......"ကဲ ရောက်ပြီ ဆင်းကြတော့
ခြံတံခါးဘဲလ်တီးလိုက်မယ်"
တီးတောင်မ်...တီးတောင်မ်....တီးတောင်မ်.....
မီးဖိုချောင်မှာ ညနေစာကိုပြင်ဆင်နေသည့် ကွန် ခြံရှေ့မှဘဲလ်တီးသံကိုကြားလိုက်ရသည်
"ဦးစက်တို့ရောက်ပြီထင်တယ်
ခြံတံခါးသွားဖွင့်ပေးဦးမှပဲ"သူမထင်သည့်အတိုင်းပင် မြူခိုးကဘဲလ်တီးသည့်နေရာမှာရှိနေ၍ သူမအားလက်လှမ်းပြနေလေသည်
"လာပြီ မြူခိုးရေ
ရိပ်ရောပါတယ်မလား
ပါပါတယ်ဗျာ
ဦးစက်ကားကိုအထဲမောင်းလို့ရပြီ
ဟုတ်ပြီ သည်းငယ်"
"လာရိပ်....ငါ့သူငယ်ချင်းလေးက ကိုယ်ဝန်ရှိလာမှပိုလှလာသလိုပဲ
မျက်နှာလေးကနုယွနေတာပဲအဟင်း သည်ပုံစံပါပဲကွန်ရယ်
ကိုယ့်လက်ကိုတွဲနော်ရိပ် သတိထားပြီးလျှောက်
ရပါတယ် မှိုင်းရယ်
အခုမှ ကိုယ်ဝန်လနုသေးတာ အဲ့လောက်ကြီး ဂရုစိုက်ဖို့မလိုပါဘူး
VOUS LISEZ
"8 Letters"☕💔🥀
Fiction générale"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...