"ဟဲလို လေးငယ်
အေးသမီးပြော
ကွန် အခုလေးငယ်ရှိတဲ့ပြင်သစ်ကိုလာခဲ့မလို့
ဟမ်...အဲ့မှာ ဘာဖြစ်လို့လဲ သမီးကွန်
လေးငယ်ကိုပြောပြစမ်းသမီး အဲ့မှာ ကျောင်းဆက်တက်ချင်လို့ လေးငယ်
ဟုတ်ပြီ ဘယ်နေ့လာမှာလဲကွန်
အခုပဲလေးငယ် ကွန် လေယာဉ် စီးနေပြီ
ဟမ်....မိကွန် လေးငယ်ကိုနောက်နေတာမလား
ဟုတ်ဘူး ကွန်တစ်ကယ်ပြောတာ"
ကျစ် ဒီတူမတစ်ယောက်နဲ့တော့ခက်တာပဲ.....
"ဟုတ်ပြီ ဟုတ်ပြီ လေယာဉ် ဆိုက်မယ့်အချိန်ကိုလေးငယ်ကိုပြော
လေးငယ် လာကြိုမယ်မနက်၅နာရီ လေးငယ်
အိုကေ နားတော့ လေယာဉ် အကြာကြီး စီးရမှာ
ဟုတ်ကဲ့ လေးငယ်"
............................................................................
"မှိုင်း
ဟင် ရိပ်ပြောလေ......
ကွန် အရမ်းနာကျင်နေမှာ
အင်း ကိုယ်လည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး ရိပ်ရာ
ဒယ်ဒီက ကိုယ့်ရဲ့အမေ ဒေါ်စိမ်းမြခင်ကြောင့် လုံးဝမချစ်တတ်တော့တာ
ကွန့်အပေါ် ဆက်ဆံတဲ့ပုံစံက ရက်စက်လွန်းတယ်....အင်း.......ရိပ်လည်းဘယ်လိုလုပ်ပေးရမလဲ မသိတော့ဘူး မှိုင်းရယ်..........
တီ...တီ...တီ....တီ......
ဘယ်သူဆက်တာလဲ မှိုင်း
နွယ်ရီဆက်တာရိပ်............
ဟဲလို နွယ်ရီ မနက်အစောကြီး ဆက်တာ ဘာဖြစ်လို့လဲ
မှိုင်းစက် သစ်ရိပ်ရော နင့်ဘေးမှာ ရှိလား.........."
နွယ်ရီ့အသံက အလောတကြီးနဲ့ပြောနေတဲ့အသံပဲ
"ကို စပီကာဖွင့်လိုက်...........
နင်တို့အခုငါပြောတာသေချာနားထောင်နော်
ဘာဖြစ်လို့လဲ နွယ်ရီ
ကွန်....ကွန်...အခုဒီနိုင်ငံမှာမရှိတော့ဘူး.....
ဟမ်..........ကွန်ကလေ
VOUS LISEZ
"8 Letters"☕💔🥀
Fiction générale"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...