ဒယ်ဒီ စားမကောင်းဘူးလား......ဒီနေ့ဒယ်ဒီထမင်းသိပ်မစားသလိုပဲ.......ဘာဖြစ်လို့လဲ ဒယ်ဒီ
မဟုတ်ပါဘူး ဒယ်ဒီ ဗိုက်သိပ်မဆာလို့ပါ......
အစာလွန်သွားလို့လားဒယ်ဒီ
အင်းအဲ့လိုဖြစ်မယ်ထင်တယ် သစ်ရိပ်.......
ဒါနဲ့လေ ကွန်က လူကြီးဆန်သွားတယ်နော်...အပြောအဆိုကအစ အရင်ကထက် တည်ငြိမ်သွားတယ် ဝတ်ပုံစားပုံကလည်း ယဥ်ယဥ်လေးနဲ့သိပ်ကိုလှလာတာပဲ.....နော်မှိုင်း.....မှိုင်းသတိထားမိတယ်မလား.....
အင်းကိုယ်လည်းသတိထားမိပါတယ်.....
ရိပ်လေ ကွန့်ကိုတွေ့တွေ့ချင်း အံသြသွားတာ တွေ့မယ့်တွေ့တော့ ဒယ်ဒီ့ရုံးခန်းမှာလာတွေ့တယ်လေ..."
စက် စကားဝိုင်းထဲ ဝင်မပြောဖြစ်ပါ.....ကွန့်အကြောင်းသာတွေးမိနေတယ်......
ကွန်က သူ့ကိုခွင့်မလွှတ်လောက်ဘူး စိတ်နာနေတာလေ ဘယ်ခွင့်လွှတ်ပါ့မလဲ အခုလို ကုမ္ပဏီနဲ့အလုပ်တွဲလုပ်ပေးတာကိုပဲ ကျေးဇူးတင်ရမယ်
ဘာပဲဖြစ်ဖြစ် ဒီမိန်းကလေးနဲ့မှ ပြန်လှုပ်ရှားခဲ့တဲ့သူ့နှလုံးသားကိုလိမ်ညာခဲ့တဲ့အပြစ်ပဲပေါ့ သူက မဖြစ်သင့်ဘူးဆိုပြီး အရာအားလုံးကို စည်းခြားခဲ့တာကို အဲ့အကျိုးဆက်က ကွန့်အပေါ် မလုပ်သင့်တဲ့လုပ်ရပ်ကိုသူကျူးလွန်မိခဲ့တာပဲ.....................မင်း ငါ့ကို မင်းဘဝထဲဝင်ခွင့်ပေးပါဦးမလား ကွန်
***********************************************
"ကျွန်မကို ဘာကိစ္စများပြောချင်လို့လဲ ဥက္ကဋ္ဌမှိုင်း project ကိစ္စက ဥက္ကဋ္ဌမှိုင်း ပေးထားတဲ့ အချက်အလက်တွေနဲ့ဆက်လုပ်နေပါတယ်
အဲ့တာ မေးချင်လို့ မင်းဘာလိုအပ်တာရှိလဲ
အဆင်ရောပြေရဲ့လားပြေပါတယ် လိုအပ်တာလည်းမရှိပါဘူး....."
projectက အခုမှ စလုပ်တာဆိုပေမယ့် ကွန့်ရဲ့ကျွမ်းကျင်မှုကြောင့် project တစ်ဝက်အထိပြီးထားပြီ ကွန်က ကုမ္ပဏီ လာတာထပ် အိမ်မှာပဲ အလုပ်လုပ်တာများတယ် ဘာလို့ ကုမ္ပဏီမှာ အလုပ်မလုပ်တာလည်းမေးကြည့်တော့ စိတ်ရှုပ်လို့တဲ့ သူသိတာပေါ့ ကွန်က ကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုရင် သူနဲ့အမြဲတွေ့နေရမှာလေ ဒါ့ကြောင့် သူ့ဖက်က ကုမ္ပဏီကို ခေါ်ပြီဆိုရင် မလာချင်လာချင်နဲ့လာရတာ
KAMU SEDANG MEMBACA
"8 Letters"☕💔🥀
Fiksi Umum"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...