"ဦးစက်........ကွန်သတိပေးနေတာကို အခုမှလွှတ်ပေးရလား.......
အဟက်ကိုယ့်အကြောင်းကိုယ်သိလို့ ကိုယ်မင်းကို ဧည့်ခန်းမှာ သွားထိုင်ပါလို့ပြောသားပဲ......ကလေးငယ်က သွားမှမသွားပဲကို.....
အဲ့တော့ ကိုယ်ကလည်းအလွတ်မပေးတော့ဘူးလေဗျာ.....ဘာမှဆင်ခြေလာမပေးနဲ့....ဦးစက်နမ်းချင်လို့နမ်းတယ်ပေါ့....ကွန့်ကိုအပြစ်လွှဲမချနဲ့....မရဘူး
အဟား ပြောနေတဲ့ပုံစံလေးကအသည်းယားစရာလေးပါလားဗျာ....မင်းနဲ့ပက်သက်ရင် ကိုယ်ကအရာရာစွဲလမ်းနေရတာ....ဒီ့ထက်ပိုပြီးစွဲလမ်းအောင် မပြုစားပါနဲ့လား......
ဘာလဲ ဦးစက်က အပြုစားမခံချင်လို့လား....
မဟုတ်ဘူး မင်းကိုယ့်ဘေးနားကနေပျောက်ကွယ်သွားရင် ကိုယ်ပါလဲပြိုသွားလိမ့်မယ်......ဘာလို့ဆို ကိုယ့်ဘဝရဲ့ရှင်သန်ခြင်းက မင်းအပေါ်မူတည်နေတာမို့ပါသည်းငယ်...........
အဟင်း ဦးစက်ကသိပ်စကားတတ်တာပဲ......
ကိုယ်စကားတတ်တယ်ဆိုတာထပ် နှလုံးသားထဲကလာတဲ့စကားသံတွေပါဗျာ......
အဟင်း ကွန်အခုကတည်းက တစ်ခါတည်း မှာထားမယ်နော်.....ဦးစက်
ဟုတ်ကဲ့ ပြောပါခင်ဗျ.....
အဟင်း.........
အကယ်၍ ကွန်သာ ဦးစက်အနားကနေ ထာဝရပျောက်ကွယ်သွားစေမယ့် အကြောင်းတရားမျိုးရှိလာခဲ့ရင် လဲပြိုမသွားစေရဘူးလို့ကွန့်ကို ကတိပေးရမယ်နော်......
ကွန်မရှိလည်း ဦးစက်ဘဝကို အရိုးရှင်းဆုံးနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းသွားရမယ်......
ဖြစ်ပျက်ခဲ့ပြီးတဲ့ အရာတွေပေါ်မှာ အရမ်းမခံစားပါနဲ့......ကွန်ကဦးစက်ကို အေးချမ်းပျော်ရွှင်နေတာလေးကိုပဲ မြင်ချင်တာ.....ကလေးငယ်ကိုလက်လွှတ်ဆုံးရှုံးရမယ့် အကြောင်းတွေမပြောပါနဲ့လား......
အဟင်း..........
ဒါတွေကတစ်ချိန်ကျရင်ဖြစ်လာ........."ဦးစက်က ကွန့်အား စကားဆုံးအောင် ပြောခွင့်မပေးဘဲ နှုတ်ခမ်းချင်းထပ်မံထိကပ်လာလေသည်.....ဒီတစ်ခါတော့ ခုနကနမ်းခဲ့သလိုအနမ်းမျိုးမဟုတ်ပဲ ဖိကပ်သည်ဆိုရုံလေးတင်.........ညင်သာသည့်အနမ်းလေးပါပင်......
ESTÁS LEYENDO
"8 Letters"☕💔🥀
Ficción General"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...