Part-29

67 1 0
                                    

"ဦးစက်.....ဒီနေ့ဘယ်တွေကိုလျှောက်လည်မလဲ...

အင်း ကိုယ်တို့ဒီနေ့ မနက်ပိုင်း ကလောစျေးကိုသွားလည်မယ်...သည်းငယ်မနက်စာစားချင်ရင် အဲ့မှာ ကလောဒေသအစားအစာတွေရောင်းတယ်....ဒီမှာ စားသွားမလား....ကလောစျေးမှာစားမလား

ကလောစျေးမှာပဲစားမယ်....ဦးစက်ရော
ကိုယ်က သည်းငယ်သဘော
မနက်စောစောလေးသွားတာကပိုကောင်းတယ်....

ဟုတ် "

"သည်းငယ်...သွားမယ် ကားရောက်နေပြီလို့ Reception ကလှမ်းပြောတယ်

ဟုတ် ဦးစက်"

"ဒီနေ့ ဘယ်ကိုသွားမလဲဗျ...

ကလောစျေးအရင်သွားမယ်....

အိုကေ တက်ဗျာ"

သည်းငယ်က ကလောစျေးကိုလည်းရောက်ရော သူ့ကိုမစောင့်တော့ဘဲ အရှေ့ကနေလျှောက်သွားပြီး စိတ်ဝင်တစား လိုက်ကြည့်နေလေသည်

မနက်စာကို တို့ဟူးနွေးစားခဲ့ကြပြီး နောက်ထပ်လည်မယ့်နေရာတွေမှာစားဖို့မုန့်တွေနဲ့ အမှတ်တရပစ္စည်းတစ်ချို့လည်းဝယ်ခဲ့သည်

ထို့နောက် ကလောမြို့ရှိ နာရီစင်ကိုလည်းသွားလည်ခဲ့သည်
သူ့သည်းငယ်လေးကို ဓာတ်ပုံလှလှလေးတွေ အများကြီး ရိုက်ပေးဖြစ်သည်.....ရှုခင်းလှတာရယ် သူ့သည်းငယ်လေးကလှနေတာရယ်နဲ့ ပုံတွေကရိုက်ဖြစ်သွားတာဖြစ်သည်
နှစ်ယောက်တွဲပုံလေးတွေလည်း အများကြီး ရိုက်ဖြစ်ခဲ့လေသည်

"ဦးစက်....

ဗျာ ကွန်လေ Social media မှာ ကလောနဲ့ပက်သက်ပြီးရှာကြည့်လိုက်တာ ယူကလစ်ပင်တန်းလမ်းလည်းရှိတယ်တဲ့ ရွာငံဖက်မှာလို့တွေ့တယ်

ဟုတ်တယ်ဗျ
အဲ့မှာ ဓာတ်ပုံရိုက်ဖို့ရှုခင်းတော်တော်လှတယ်.....သဘာဝဆန်ဆန်ဓာတ်ပုံလေးတွေလိုချင်ရင် အဲ့နေရာကိုသွားကြတာများတယ်

အိုကေ ဒါဆို ကျွန်တော်တို့အဲ့ကိုသွားမယ်....မသွားခင် နေ့လည်စာကိုအရင်ဝင်စားကြရအောင်
အခုကနေ့လည်စာစားချိန်ရောက်နေပြီဆိုတော့....

ဟုတ်ကဲ့ ဒါဆို ဒီနားကစားလို့ကောင်းတဲ့ဆိုင်တစ်ဆိုင်ကိုမောင်းလိုက်မယ်"

"8 Letters"☕💔🥀Onde histórias criam vida. Descubra agora