ကွန် အိပ်ယာမှထဖို့လုပ်တော့ ခြေထောက်နဲ့လက်တွေက ထုံကျင်နေတာမို့ လှုပ်ရှားမရပဲဖြစ်နေသည်
"ဘယ်လိုဖြစ်တာလဲ ရုတ်တရက်လှုပ်ရှားမရဖြစ်တာက "
ကွန် ကြိုးစားပြီးထကြည့်ပေမယ့် မရပါ
အခန်းတံခါးပွင့်လာသံကြားလို့ လှမ်းကြည့်တော့ ဦးစက်နဲ့ လေးငယ် ဝင်လာတာဖြစ်သည်"သမီးငယ် နိုးနေပြီပဲ လေးငယ်တို့က သမီးအကြိုက်မနက်စာပြင်ဆင်ပြီး လာခေါ်တာ
ကွန် ထမရဘူးဖြစ်နေတယ် လေးငယ်
ဟင် သည်းငယ် ထလို့မရဘူးလား ဘယ်လိုမျိုးထလို့မရတာလဲ
ခြေထောက်နဲ့လက်တွေ ထုံနေတာ ဦးစက် ထိတွေ့မှုခံစားလို့မရဘူး "
ဒေါက်တာပြောသလို လက္ခဏာတွေပြတာ တဖြည်းဖြည်းများလာပြီ
" ဘာမှမဖြစ်ဘူးနော် သွေးခြောက်နေလို့ဖြစ်ပါလိမ့်မယ် သည်းငယ် "
မြင့်မိုရ်ရော သူပါ သည်းငယ်ရဲ့ခြေထောက်နဲ့လက်တွေကို ထုံကျင်တာသက်သာသွားအောင် နှိပ်ပေးရသည်
"ရပြီ လေးငယ် ဦးစက်
ကွန် ပြန်ပြီးလှုပ်ရှားလို့ရပါပြီသေချာရဲ့လား
အင်း သေချာပါတယ် ဦးစက်တို့အောက်ဆင်းနှင့်ပါ ကွန် မျက်နှာသစ်ပြီး ဆင်းလာခဲ့မယ်
သည်းငယ်ကိုစိတ်မချလို့စောင့်နေမှာ မျက်နှာအရင်သွားသစ်လိုက်နော်
ဟုတ်တယ် မျက်နှာသွားသစ်လိုက် သမီးငယ် လေးငယ်တို့စောင့်နေမှာ ပြီးရင် မနက်စာစားပြီးတာနဲ့ တို့တူမရီးတွေ သွားစရာရှိတယ်
အင်း "
"မြင့်မိုရ် သည်းငယ်က အခု ခြေလက်ထုံကျင်တဲ့လက္ခဏာပါစပြနေပြီ
အေး ဆေးစစ်ချက်အဖြေတွေအမြန်ရပါစေကွာ
ဒါမှ ခွဲစိတ်မှုအမြန်လုပ်လို့ရမှာ
ငါကတော့ ဖြစ်နိုင်ရင် ပြင်သစ်မှာ ခွဲစိတ်မှုလုပ်စေချင်တယ် ဟိုမှာကငါ့အိမ်လည်းရှိနေတာမို့ ဆေးရုံတက်ဖို့ကိုပဲငါတို့ပြင်ဆင်ရမှာ မင်းဘယ်လိုသဘောရလဲ ငါ ဒီကဆရာဝန်တွေကို မယုံကြည်တာမဟုတ်ပေမယ့် ပိုပြီးစိတ်ချရချင်လို့လေ
BINABASA MO ANG
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...