သားဖြစ်သူရဲ့စကားကြောင့် သူ့အတွေးတွေကို ပြန်စဉ်းစားနေမိသည်
"အင်း သားပြောတာလည်းမှန်ပါတယ် ဒယ်ဒီ ကွန်နဲ့တိုင်ပင်သင့်တယ်
ဒယ်ဒီတို့လက်ထပ်ပွဲဖြစ်လာမှာပါ သားတို့ဘေးကနေ ကူညီပေးဖို့အသင့်ပဲ
အဟွန်း အဖေမိန်းမရဖို့ ကူညီမယ်ပေါ့
ဒါပေါ့ သားက ရိပ်နဲ့ ကိုယ်ပိုင်မိသားစုဘဝလေးတည်ဆောက်နေတာ ဒယ်ဒီတစ်ယောက်တည်းအထီးကျန်နေရတာ မလိုချင်ပါဘူးဗျာ
ဒယ်ဒီ့ဘေးမှာ ဒယ်ဒီချစ်တဲ့ကွန်လည်းရှိနေတာ အမြန်ဆုံးလက်ထပ်ပြီး မိသားစုဘဝလေးတည်ဆောက်ဖို့ပဲကျန်တော့တယ်ဒယ်ဒီကျန်တာမတွေးပါဘူးကွာ ကွန့်အတွက်ပဲ ကွန်အဆင်ပြေဖို့က ဒယ်ဒီ့အတွက် ဦးစားပေးအရာပဲ...."
သူကတော့ ဒယ်ဒီတို့ကိုအမြန်ဆုံးလက်ထပ်စေချင်ပြီ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"ကွန် အခု ဆေးရုံသွားပြဖို့ပြင်နေတာဖြစ်သည်
ဟိုနေ့ကတည်းက အသိဆရာဝန်နဲ့ ကြိုတင်စာရင်းပေးထားတာမို့ လူနာကြည့်ချိန်အမီသွားရုံပါပဲ"ဟဲလို
သည်းငယ် အခုအိမ်မှာလား
မဟုတ်ဘူး အပြင်သွားစရာလေးရှိလို့ ဦးစက်
ဂရုစိုက်သွားနော် သည်းငယ်
ဟုတ် ဒါဆို ဒါပဲနော် ဦးစက်
ဟုတ်ကဲ့ပါဗျာ"
ဟူး....အဲ့ဦးစက်ကလေ ဆေးရုံသွားမယ့်အချိန်ကျမှ ကွက်တိဖုန်းဆက်လာတယ်
ရင်တုန်သွားတာပဲ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဘော့စ်
ပြော သူရ
SG Company က ဦးနေခန့်မှူးနဲ့အတူ Lorena coffee ဆိုင်မှာ တွေ့ဖို့ရှိပါတယ်
ဘယ်အချိန်လဲသူရ
နေ့လည်၂နာရီပါ ဘော့စ်
ကောင်းပြီ
ရော့ ဒီစာရင်းတွေကို စီမံဌာနဖက်ကို ပေးလိုက် ဒီစာရင်းတွေအတိုင်း ထုတ်ကုန်ပိုင်းကို စလို့ရပြီဆိုတာပါပြောလိုက်ဟုတ်ကဲ့ ဘော့စ်
ပြီးရင် ကားအဆင်သင့်သွားထုတ်ထား ငါ ဒီစာရင်းတွေ လက်မှတ်ထိုးပြီးတာနဲ့ ဆင်းလာခဲ့မယ်
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...