Part-36

77 0 0
                                    

•° •° •° •°

အလုပ်အကြွေးတွေလည်း လက်စသတ်ပြီးပြီ ကိုမင်းထက်အပ်ထားတဲ့ ဒီဇိုင်းလည်း ဆွဲပြီးပြီ ဒီရက်ပိုင်းကတော့ ကွန် နားရက်ရလောက်ပါရဲ့
ဒေါက်တာက သူမကို အလုပ်တွေနားထားဖို့ ပြောထားပေမယ့် သူမလက်ခံထားတဲ့အလုပ်တွေက အရေးကြီးတာမို့ မနားဘဲ ဆက်တိုက်လုပ်နေခဲ့တာ

လက်တော့ပ်စခရင်ကို နာရီအတော်ကြာ ကြည့်ထားတာကြောင့် မျက်လုံးက ဝေဝါးလာသည် အာရုံကြောတွေက လေးလံထှိုင်းမှိုင်းလာတာမို့ သူမအနားယူဖို့လိုအပ်နေပြီ

နာရီကို ကြည့်မိတော့ မနက်၅နာရီထိုးနေပြီဖြစ်သည်
အလုပ်ကိုပဲ အာရုံစိုက်လိုက်တာ နာရီကိုသတိမထားမိသလိုဖြစ်သွားသည်

အလုပ်တွေလည်း အားလုံးပြီးသွားပြီမို့ အလုပ်စားပွဲမှ ထလာကာ ကုတင်၌လှဲ၍ စတင်အိပ်စက်လိုက်သည်

ကုတင်ဘေးမှ စားပွဲတင်နာရီမှ နိုးစက်သံမြည်လာလေသည်

တီတီ....တီတီ....တီတီ....

"ကျစ်စ် နိုးစက်သံပိတ်ဖို့မေ့သွားတာပဲ အိပ်လို့ကောင်းနေတာကိုဟာ"

Alarm ⏰ကို ထပိတ်ပြီး ဆက်အိပ်ဖို့ကြံရုံရှိသေး....ဖုန်းဝင်လာလေသည်

"ဟား.....ဘယ်ကဖုန်းဝင်လာပြန်ပြီလဲ....သူများအိပ်မလို့ပါဆိုဟာ"

Contact name ကို မကြည့်ဘဲ ကိုင်လိုက်တာ ဦးစက်ဖြစ်နေသည်

"ဟဲလို ဘယ်သူလဲ သူများအိပ်လို့ကောင်းနေတာကို ဘာလို့ဖုန်းဆက်တာလဲ

အဟွန်း....ကလေးငယ် ကိုယ်ပါဗျာ
အခုထိအိပ်နေတုန်းပဲလားဗျ ခါတိုင်း ဒီအချိန်သည်းငယ်နိုးနေပါပြီဗျာ

အာ......ဦးစက်လား ကွန်ကတခြားသူထင်လို့ ပြောနေတာ
ဆောရီး ဆောရီး

အဟွန်း ရပါတယ်ဗျာ နေ့လည်ထိဆက်မအိပ်နဲ့နော် သည်းငယ် ကျန်းမာရေးအတွက် မကောင်းဘူး

ဟုတ် ကွန် နည်းနည်းလေးပဲ ဆက်အိပ်မှာပါ ညကအလုပ်ထဲအာရုံစိုက်လွန်သွားတာ နာရီကြည့်မိတော့ မနက်၅နာရီထိုးနေပြီလေ ဟီးဟီး

သည်းငယ်ကတော့လေ ဂရုစိုက်မှပေါ့ဗျာ အလုပ်ကိုလောဘမကြီးရဘူးလေ သည်းငယ်ကျန်းမာရေးထိခိုက်လာလိမ့်မယ်ဗျ

"8 Letters"☕💔🥀Tempat cerita menjadi hidup. Temukan sekarang