Part-31

68 0 0
                                    

"ဦးစက်........

ဗျာ.......

မမေ့နဲ့နော် ကွန့်ကို ပုံပြင်ပြောပြရမှာနော် ဒီအတိုင်းအိပ်သွားဖို့မမျှော်လင့်နဲ့ သေချာပေါက် ဒီနေ့ ဦးစက် ကွန့်ကို ပုံပြင်ပြောကိုပြောပြရမှာ .....

ကိုယ်မမေ့ပါဘူး အခုသည်းငယ်ကို ပြောပြဖို့ ပုံပြင်စဉ်းစားနေတာ ကိုယ့်ကလေးငယ်လေး ဘယ်လိုပုံပြင်နားထောင်ချင်လဲ

ဘယ်လိုပုံပြင်ပဲဖြစ်ဖြစ်ရတယ် အဓိကက ဦးစက်ပြောပြတာဖြစ်နေဖို့ပဲလိုတယ်.....

ဟုတ်ပါပြီဗျာ....."

သူ့လက်ပေါ်မှာ အိပ်ရင်း ပုံပြင်နားထောင်ဖို့ စိတ်အားထက်သန်စွာ စောင့်နေသည့် ကလေးငယ်ကြောင့် "စက်" ပုံပြင်စပြောဖို့ပြင်ရသည်.....

ဘာပုံပြင်ပြောရပါမလိမ့်.....

"သည်းငယ်....

ရှင်....

ယုန်နဲ့လိပ် ပုံပြင် နားထောင်မလား

အဲ့တာက ကွန်သိပြီးသားပုံပြင်လေ ဦးစက်ကို ပြန်ပြောလို့တောင်ရတယ် တခြားပုံပြင်ပြောပြ

ယုန်နဲ့လိပ် ပုံပြင်က တစ်ပုဒ်ထဲအပြီးမဟုတ်ဘူးလေ သည်းငယ်

နောက်ထပ်ရှိသေးလို့လား

အင်း ရှိသေးတယ်
ဒုတိယပုံပြင်နဲ့ တတိယပုံပြင် ဆိုပြီးနှစ်ပုဒ်ကျန်သေးတယ်

အာ့ဆို ဒုတိယပုံပြင်ကို ဆက်ပြောပြ
ကွန် ဦးစက်ကို ဖတ်ရင်း နားထောင်ပြီး အိပ်တော့မယ်

အိုကေပါဗျာ....
ဒါဆို ကိုယ်စပြောပြတော့မယ်နော်

အင်း......"

ယုန်နဲ့လိပ်ရဲ့ ပထမပြိုင်ပွဲမှာ ယုန်က ပန်းတိုင်ရောက်ခါနီးမှာ တစ်ရေးအိပ်လိုက်တာကြောင့် အရှုံးနဲ့ရင်ဆိုင်လိုက်ရတာကို သည်းငယ်သိတယ်နော်

အင်း သိတယ်လေ

အဲ့လို ယုန်ကရှုံးသွားတော့ တောထဲမှာ ယုန်တွေဘယ်နေရာကိုသွားသွား ကဲ့ရဲ့ဝေဖန်တာကိုခံရတယ် အစာရှာထွက်လည်း အဲ့လိုကဲ့ရဲ့ဝေဖန်တာကို ကြားနေရတော့ ယုန်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ဖို့ လိပ်တွေနဲ့ ပြိုင်ပွထပ်ကျင်းပဖို့ သွားကမ်းလှမ်းတယ်.....

"8 Letters"☕💔🥀Where stories live. Discover now