"8 Letters "
Part-12ညစျေးကိုတော့ ရောက်လာပြီ သူ့ဘေးကမိန်းမပျိုလေးက စိတ်အားထက်သန်စွာနဲ့ညစျေးလျှောက်လည်ဖို့ပြင်နေလေသည်.....
"ဦးမှိုင်း မြန်မြန်လာလို့
လာနေပါပြီဗျာ ကားရပ်ဖို့နေရာရှာနေတာနဲ့ နောက်ကျနေတာပါ"
ညစျေးဆိုသည့်အတိုင်းပင် လျှပ်စစ်မီးရောင်အောက်မှာ သူ့နေရာနှင့်သူ စျေးဆိုင်များကရှိနေကာ စားသုံးသူ၊ဝယ်ယူသူတွေအပြည့်နှင့် စည်ကားလှပေသည်
လမ်းပေါ်၌ ညစျေးကို လျှောက်ပတ်ကြည့်နေကြသည့်လူများလည်းရှိနေပေသည်
ထိုလူများထဲတွင် သူနှင့်ကွန်လည်းပါဝင်ပေသည်
ကွန်က အခုမှညစျေးကိုပြန်လျှောက်ရလို့ထင်သည် မျက်နှာလေးကပြုံးရွှင်နေသည်သူ ညစျေးကို မရောက်ဖြစ်တာနှစ်အတော်ကြာနေပေပြီ
သားဖြစ်သူနှင့်ရှေ့ရေးအတွက် စီးပွားရေးကို တစိုက်မတ်မတ်လုပ်ဖို့ကိုသာအာရုံစိုက်ခဲ့ရတော့ အခုလိုညစျေးလျှောက်ဖို့ဆိုတာ အလှမ်းဝေးခဲ့လေသည်ကွန်နှင့်အခုလို ညစျေးလျှောက်လည်ရတာပျော်ဖို့ကောင်းသည်
ကွန်က လမ်းမှာ တွေ့သမျှ မုန့်ဆိုင်တိုင်းကနေ ဝယ်ပြီး လမ်းလျှောက်ရင်းစားသွားလေသည်သူကတော့ ခုနကစားခဲ့သည့်ဟော့ပေါ့နှင့်ဗိုက်ပြည့်နေပြီဖြစ်တဲ့အတွက် ကွန့်လိုထပ်မစားနိုင်တော့ပေ
"ဦးမှိုင်းမစားဘူးလား ဒီအကင်လေးကစားကောင်းတယ် စားကြည့်ပါလား
ကိုယ်ဗိုက်ပြည့်နေပြီကွန်ရဲ့ မစားတော့ဘူး
ဒါပေမယ့်....ဒါပေမယ့် ဘာဖြစ်လည်း......
ကွန်ခွံကျွေးရင်တော့စားမယ်လေ
အန်ကယ်ကတော့Noပါရှင်
ဦးမှိုင်း မစားရင် ကွန်အများကြီးစားရတာပေါ့အဟက် "
"ဦးမှိုင်း
ဗျာ
အမယ် ကွန်ခေါ်လိုက်ရင် "တဗျာဗျာ"နဲ့
ဦးမှိုင်းယဥ်ကျေးနေတာယဥ်ကျေးတာမဟုတ်ပါဘူးဗျာ
ကွန်ခေါ်ရင်အဲ့လိုထူးထူးမိသွားတာပါဗျာ
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...