"ကလေးငယ် လက်တွေအေးစက်နေတာပဲဗျာ
သိပ်ပြီးစိတ်မလှုပ်ရှားပါနဲ့ ကိုယ်တို့အကောင်းဆုံးလုပ်နိုင်မှာပါအင်း "
"သမီးငယ် စိတ်ကိုအေးအေးထား စိတ်လှုပ်ရှားလွန်းရင် သမီးခေါင်းတွေကိုက်လာလိမ့်မယ်
ဟုတ် လေးငယ် ""
ကွန် စိတ်ကိုတည်ငြိမ်အောင်ထားရင်း"မမိုးကွန်ရက်ရှင် အထဲဝင်လို့ရပါပြီရှင့်
ဟုတ်ကဲ့ရှင့် ""
ဆေးစစ်မှုတွေမှာ ကွန်တစ်ယောက်ပဲဝင်ခွင့်ရှိတာမို့ "စက်"နဲ့ "မြင့်မိုရ်"က အပြင်မှာ စောင့်ကျန်နေခဲ့သည်
"တိမ်လွင်
ပြော
မင်း ကွန်လေးရောဂါအခြေအနေကို ဘယ်အချိန်ကစရိပ်မိခဲ့တာလဲ
မင်းမှတ်မိလား
သည်းငယ် ဟမ်ဘာဂါနဲ့ကြက်ကြော်စားချင်တယ်လို့ ပြောတော့ ညနေပိုင်း သည်းငယ်ဆီမလာခင် ဝင်ဝယ်ခဲ့တယ်လေ
သည်းငယ် အဲ့အချိန်မှာ စားလိုက်ပေမယ့် အန်ချင်သလို ဖြစ်သွားတာကို ငါသတိထားမိလိုက်တယ်
ဒါပေမယ့် ငါရိပ်မိမှာစိုးလို့ အန်ချင်တာကို သည်းခံပြီး ကြိတ်မှိတ်စားနေခဲ့တယ် ငါခြံထဲခဏဆင်းလိုက်ဦးမယ်ပြောပြီး သည်းငယ်ရှေ့ကနေ ခဏရှောင်လိုက်တော့ သည်းငယ် သန့်စင်ခန်းကို တန်းပြေးတာလေ မင်းလည်း သည်းငယ်နောက်ချက်ချင်းပြေးလိုက်သွားတာကိုငါမြင်လိုက်တယ်
အဲ့တည်းက ငါစစုံစမ်းခဲ့တာငါ မင်းကိုမပြောပြရတဲ့အကြောင်းအရင်းကိုတော့ မင်းခန့်မှန်းမိမှာပါ
ငါသိပါတယ် ဒါပေမယ့် မြင့်မိုရ် ငါတို့လက်ထပ်မယ့်ကိစ္စကိုတော့ သဘောတူပေးပါ
သည်းငယ်ရဲ့အနားမှာ ချစ်သူဆိုတာထပ် ခင်ပွန်းအဖြစ်နဲ့ ငါဂရုစိုက်ပေးချင်တယ် ဒီရောဂါကြောင့်နဲ့တော့ ငါတို့လက်ထပ်မယ့်ကိစ္စကို နောက်မဆုတ်စေချင်ဘူးကွန်လေးရဲ့ ဦးနှောက်အကြိတ်က ကြီးထွားမှုမြန်နေတယ် တိမ်လွင်
အဲ့အကြိတ်ကြောင့် ကွန်လေးခင်မျာ ရောဂါရဲ့ဒဏ်ကိုခံနေရတာ
သူတောင့်ခံနေတာက မင်းနဲ့ငါ့ကြောင့်ပဲ သူသာ ရောဂါသည်တစ်ယောက်လိုနေရင် ငါတို့ပိုပြီးစိတ်ထိခိုက်မှာစိုးလို့ ဘာရောဂါမှမခံစားရသလို ကြိုးစားနေနေတာ တိမ်လွင်
ငါ့ဆုံးဖြတ်ချက်ထပ် ကွန်လေးရဲ့ဆုံးဖြတ်ချက်က ပိုအရေးပါတယ် အဲ့တော့ ကွန်လေးရဲ့သဘောတူမှုကိုပဲ မင်းရအောင်ယူပါ ကွန်လေးလက်ခံရင် ငါ့ဖက်ကသဘောတူပြီးသားပဲ
BINABASA MO ANG
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...