Part-20💔🥀

105 4 0
                                    

သူရကအလိုက်သိစွာ ကားနောက်ခန်းကို လိုက်ကာချ၍သီးသန့်ထားလို့ရသည့်ကားကိုယူလာသည်
ထို့ကြောင့် ကွန့်ကိုသူရင်ခွင်ထဲလွတ်လပ်စွာထား၍ အနားယူနိုင်သည်

"ကိုယ်တို့အမြဲအတူရှိသွားနိုင်ဖို့တောင်းဆုပြုပါရစေ......"

"အကယ်၍ နောင်ဘဝသာရှိခဲ့မယ်ဆိုရင် သည်းငယ်နှင့်အတူပြန်လည်မွေးဖွားလာ၍ အခက်အခဲအတားအဆီးတို့မရှိသော ချစ်ခြင်းတရားကို တည်ဆောက်သွားနိုင်ရပါလို၏"

"ဘော့စ် ရောက်ပြီဗျ......."

အချိန်ကြာမြင့်စွာ ခရီးဆက်လာပြီးနောက်မှာ တောင်ကြီးမြို့ရှိသူစီစဥ်ထားရာနေအိမ်သို့ ရောက်ရှိခဲ့သည်
သည်းငယ်လေးက သူ့ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာအိပ်ပျော်နေသည်မို့ မနိုးရက်တော့ဘဲ သူရကိုကားတံခါးဖွင့်စေ၍ သည်းငယ်အတွက်စီစဥ်ထားသည့်အိပ်ခန်းဆီသို့ ပွေ့ချီလာပြီး ကုတင်ထက်၌ ညင်သာစွာ ချပေးရင်း ချစ်ရသူ၏မျက်နှာနုနုလေးအား အမြတ်တနိုးကြည့်နေမိတာ နာရီဝက်ခန့်ကြာမြင့်သွားလေသည်

သူရ....ဘော့စ်အခန်းထဲ လိုအပ်တဲ့ပစ္စည်းတွေသွားထားပြီးတာနဲ့ ရန်ကုန်ပြန်တော့မည်ဆိုတဲ့အကြောင်း အသိပေးမို့ လိုက်ရှာကြည့်တော့ အခန်းထဲမှာ အိပ်ပျော်နေသည့်မမိုးကွန်ရက်ရှင်ကို ထိုင်ငေးကြည့်နေသည့်ဘော့စ်ကို တွေ့လိုက်ရသည်

အချစ်ဟာ ဘယ်အသက်အရွယ်မဆို ထိတွေ့မိလိုက်တာနဲ့ အချိန်တိုင်း စက္ကန့်တိုင်းမှာ နေရာယူစိုးမိုးထားဆဲပါလား......

"ဒေါက် ဒေါက် ဒေါက် "

ဖွင့်ထားသည့်အခန်းတံခါးအား ဖြည်းညင်းစွာ တံခါးခေါက်လိုက်ပြီး သူရှိနေကြောင်းဘော့စ်အားအသိပေးလိုက်သည်.....

သည်းငယ်အားငေးကြည့်မိနေတာ အခန်းတံခါးဝမှာရှိနေသည့်သူရအားသတိမထားမိသည့်အထိပင်
သူရအသံပေးတော့မှ အသိဝင်လာပြီး သည်းငယ်အခန်းတံခါးကိုအသံမထွက်အောင်ပိတ်ခဲ့ပြီး ဆရာတပည့်နှစ်ယောက် ဧည့်ခန်းဆီသို့ထွက်လာခဲ့သည်

"ဘော့စ် လိုအပ်တာတွေအကုန် ကျွန်တော် ပြင်ဆင်ပေးထားခဲ့ပြီးပြီဗျ.....ဘော့စ်တို့လိုအပ်တာရှိရင် ထွက်ဝယ်လို့ရအောင် ကားကိုကျွန်တော်မယူသွားတော့ဘူး....

"8 Letters"☕💔🥀Donde viven las historias. Descúbrelo ahora