Part-41

87 0 0
                                    

"သည်းငယ်  အိပ်ရာထရမယ့်အချိန် ရောက်ပြီနော်
ကလေးငယ် သည်းငယ်လေး ကိုယ့်ကလေးလေး မ‌ထသေးဘူးလားဟင် "

သူ နိုးနေပေမယ့် သည်းငယ်က နိုးမလာသေးပါ

"သည်းငယ်
သည်းငယ် "

အရင်က အခုလောက်အထိ မနိုးရပါ သူ စ နိုးကတည်းက ကလေးငယ်က နိုးနေပြီ
အခုက ဆက်အိပ်နေဆဲပင်

"သည်းငယ် ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့ကွာ သည်းငယ် ထပါဗျာ "

"သည်းငယ်ကို အိပ်နေရာက ပွေ့ချီကြည့်လည်း ဆက်အိပ်နေဆဲပင် "

ကော်ဖီသောက်နေသည့် မြင့်မိုရ် တစ်ယောက် ‌အပေါ်ထပ်လှေကားကနေ ကွန်လေးကိုပွေ့ချီပြီး ဆင်းလာတဲ့ တိမ်လွင့်ကိုတွေ့လိုက်ရသည်

"တိမ်လွင် ကွန်လေးဘာဖြစ်လို့လဲ မင်းကဘာလို့ကွန်လေးကိုပွေ့လာတာလဲ

ငါ သည်းငယ်ကိုနိုးတာ နိုးမရဘူးကွ ဒီလိုပဲဆက်အိပ်နေတာ

ဟမ် အဲ့ အဲ့တာဆိုရင် ငါတို့ဆေးရုံပို့မှဖြစ်မယ်
ငါကားမောင်းမယ် မင်းကနောက်ခန်းမှာ ကွန်လေးကိုပွေ့ထားပြီးလိုက်ခဲ့

အင်း မြန်မြန်သွားမှဖြစ်မယ် "

သည်းငယ် ဘာမှမဖြစ်ပါစေနဲ့

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

"လူနာက ရုတ်တရက် သတိမေ့သွားတာပါ

ဗျာ ဘာ့ကြောင့်မေ့သွားရတာလဲဒေါက်တာ

အကြိတ်ရဲ့ဖိအားဒဏ်ကြောင့်ပါအခုချိန်ကဆေးရဲ့အာနိသင်ကို အကြိတ်ကပြန်လည်ခုခံနေပြီမို့ လူနာက အခုလိုခံစားရတာပါ

နောက်ပိုင်းရော အခုလိုသတိမေ့တာမျိုးဖြစ်နိုင်လား ဒေါက်တာ

ဖြစ်နိုင်ပါတယ် အဲ့ကျရင် အရမ်းစိတ်မပူဖို့မလိုပါဘူး လူနာကို သက်သောင့်သက်သာဖြစ်စေမယ့် အဝတ်လဲပေးပြီး လေကောင်းလေသန့်ရတဲ့နေရာမှာပဲ ထားပေးပါ ဒါဆို သတိပြန်ရလာပါလိမ့်မယ်
ကျွန်တော့်ကိုခွင့်ပြုပါဦး တခြားလူနာတွေကြည့်ဖို့ရှိသေးလို့ပါ

ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာ "

"တော်သေးတာပေါ့ကွာ အခုလောက်ပဲမို့လို့ ငါ့မှာလန့်သွားတာပဲ

"8 Letters"☕💔🥀Donde viven las historias. Descúbrelo ahora