Part-37

81 1 0
                                    

"သမီးငယ်...."

ကွန် လေးငယ်ရဲ့ စိုးရိမ်တကြီးခေါ်လိုက်သံကိုကြားပြီးနောက် ဘာကိုမှသတိမရတော့ပေ။

"သမီးငယ် ကွန်လေး သတိထားပါဦး သမီးရယ်
သမီးငယ်
သမီးငယ်....."

ကွန်လေးက နဖူးစပ်မှာလည်း ချွေးသီးချွေးပေါက်လေးတွေ စို့နေသည်
ဒီကလေး ချွေးထွက်များပြီး အားနည်းလို့ သတိမေ့သွားတာလား
ဆေးရုံသွားတာက ပိုစိတ်ချရသည်

သမီးငယ်ကို ကားထဲအရင်ပို့ခဲ့ပြီး ကားသော့ပြေးယူကာ ဆေးရုံသို့ အမြန်မောင်းလာခဲ့သည်

"လေးငယ်တို့ကို စိတ်ပူအောင် မလုပ်ပါနဲ့လား သမီးရယ် "

စိတ်ပူနေတဲ့ဇောနဲ့ အမြန်မောင်းလာတာမို့ ဆေးရုံကို အချိန်ဘယ်လောက်မှမကြာလိုက်ဘဲ ရောက်လာခဲ့သည်

"ဆရာမ ဆရာမ ကျွန်တော့်သမီးငယ်ကို ကြည့်ပေးပါဦးဗျာ

လူနာက ဘာဖြစ်တာလဲရှင့်

လှေကားပေါ်ကခြေချော်ကျပြီး သတိမေ့သွားတာဗျ

ဟုတ်ပြီ ဟုတ်ပြီ လူနာရှင်စိတ်ကိုအေးအေးထားပါ ကျွန်မတို့ကြည့်ပေးပါ့မယ်
သီသီရေ ဒေါက်တာခန့်ကို တစ်ချက်သွားခေါ်ပေးပါဦး

ဟုတ်ကဲ့ မမွန် "

_____ _____ ______ _____ _____ ____ ____ ______

သည်းငယ်အိမ်ကို သူရောက်တော့ ခြံတံခါးက သော့ခတ်ထားကို တွေ့လိုက်ရသည်
ဘယ်သွားကြတာပါလိမ့်
သည်းငယ်ဆီဖုန်းဆက်ကြည့်တော့ မကိုင်ပေ။

"ဘာလို့ဖုန်းမကိုင်တာလဲကွာ "
ငါးခါလောက် ခေါ်ကြည့်နေပေမယ့် ဖုန်းမကိုင်ပေ။

မြင့်မိုရ်ဆီဆက်ကြည့်တော့လည်း ချက်ချင်းဖုန်းမကိုင်ပေ။

"အစ်ကို့ အစ်ကို့ "

မြင့်မိုရ် ကွန်လေးအတွက် စိတ်ပူနေတာမို့ ဖုန်းလာနေတာလည်း အာရုံမရသလို ဘေးကခေါ်နေတာကိုလည်း ဂရုမစိုက်မိပေ။
လက်ကို လာထိတော့မှ ခေါ်နေတာကို ကြားမိသည်

"ဗျာ ဘာဖြစ်လို့လဲ

အစ်ကို့အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ဖုန်းလာနေတယ် အစ်ကိုအာရုံလွင့်နေလို့ထင်တယ် ဖုန်းလာနေတာကြာပြီဗျ

"8 Letters"☕💔🥀Where stories live. Discover now