သူရ....တောင်ကြီးကိို မနက်အစောပိုင်းလောက်ရောက်လာခဲ့သည်.......
တစ်ညလုံး ကားမောင်းလာတာကြောင့် လူက လေးလံထိုင်းမှိုင်းနေသလိုဖြစ်နေသည်.....
မနက်၆နာရီရှိနေပြီဆိုတော့ ဘော့စ်အိပ်ယာနိုးလောက်ပြီထင်သည်.....တီး...တီး...တီး....
"ဟဲလို သူရ....မင်းရောက်ပြီလား
ဟုတ်ကဲ့ ကျွန်တော် အခုခြံရှေ့မှာပါ ဘော့စ်
ဟွန်းတီးလိုက်ရင် တခြားသူတွေကိုပါအားနာစရာမို့လို့ ဘော့စ်ဖုန်းကိုဆက်လိုက်တာပါဗျ....ကောင်းပြီ ငါတံခါးလာဖွင့်ပေးမယ်....
ဟုတ်ကဲ့ ဘော့စ် "
ဖုန်းဆက်ပြီး မကြာဘူး အိမ်မတံခါးပွင့်လာပြီး ဘော့စ်ထွက်လာလေသည်
"ကားကိုအထဲမောင်းလို့ရပြီ သူရ
ဟုတ်ကဲ့ ဘော့စ်
morning ပါဘော့စ်
morning မင်းလည်းတစ်ညလုံးကားမောင်းလာရတာပင်ပန်းနေလောက်ပြီ
တစ်ရေးအိပ်လိုက်ဦး....ငါတို့နေ့လည်မှခရီးစထွက်မယ်....ဟုတ်ကဲ့ ဘော့စ် "
~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဦးစက်.......
သည်းငယ်......ထိုင်
မနက်စာကို ကြက်ဥလိပ်နဲ့ ပသျှူးထမင်းကြော်ပြင်ထားတယ်.....သည်းငယ်အကြိုက်ကော်ဖီလေးရောပဲ.....ဟုတ်
ဒါနဲ့ ဦးစက်.....ရန်ကုန်ပြန်ဖို့ကွန်ဘာပြင်ဆင်ပေးရဦးမလဲ.....ရတယ်သည်းငယ် ပြင်ဖို့မလိုဘူး
ခဏလေးပဲသွားမှာဆိုတော့ အဝတ်အစားတွေယူသွားဖို့မလိုဘူးအင်း ကိုသူရရောရောက်ပြီလား
ကားသံတော့ကြားလိုက်သလိုပဲ....ကွန်အိပ်ချင်မူးတူးနဲ့မို့နားကြားမှားတာလည်း ဖြစ်နိုင်ပါတယ်သည်းငယ်ကြားတာမှန်တယ်.....သူရရောက်နေပြီ
အင်း အခုမတွေ့ပါလား
အိပ်နေတယ် ဒီကောင် တစ်ညလုံး ကားမောင်းလာတာလေ
သြော်.....
မနက်စာကစားရတာအဆင်ပြေရဲ့လားသည်းငယ်
အင်း ပြေတယ် ဦးစက်
ဦးစက်လက်ရာကအမြဲစားကောင်းနေတော့ ဦးစက်မရှိရင် "ကွန်"တော့ အစားအသောက်ပျက်တော့မှာပဲ...
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...