"ရိပ်.......ဒယ်ဒီ....ကွန်နဲ့တွေ့မှာပါနော့်.....
အင်း တွေ့မှာပါ ကိုသူရကသေချာစုံစမ်းပြီးမှဒယ်ဒီ့ကိုလှမ်းအကြောင်းကြားတာဆိုတော့လေ.....
ကိုယ် စိတ်ပူတယ်......
မပူပါနဲ့ မှိုင်းရဲ့......."
~~~~~~~~~~~~~~~~~~~~~~~
သည်းငယ်ရှိတဲ့မြို့ကိုတော့ရောက်လာခဲ့ပြီ......သည်းငယ်နဲ့တွေ့ခွင့်ရဖို့ပဲကျန်တော့တယ်......
ပထမဆုံး သူတည်းဖို့စီစဥ်ထားသည့်ဟိုတယ်သို့သွားကာ အနားယူလိုက်သည်။
ညနေစောင်းတွင် သည်းငယ်တို့နေသည့်လမ်းသို့ ဟိုတယ်မှTaxiငှား၍ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။သူရောက်သွားသည့်အချိန်က ညနေစောင်းဘက်ဖြစ်ပြီး မှောင်နေပြီမို့ လမ်းထဲ၌ လူသွားလူလာမရှိတော့သည်ကိုတွေ့ရသည်။
နောက်ရက်တွေလည်းရှိသေးသည့်အတွက် Taxiသမားကိုဟိုတယ်ကိုပဲပြန်မောင်းခိုင်းလိုက်သည်။
~~~~~~~~~~~~~~~~~~~~~
အခုသူရှိနေတာ....သည်းငယ်တို့အိမ်ရှေ့ကပန်းခြံရှေ့မှာဖြစ်သည်.....မနက်အစောပိုင်းမို့ လေ့ကျင့်ခန်းလုပ်သူတွေ၊လမ်းလျှောက်ထွက်လာသူတွေနှင့် မနက်ခင်းလေးဟာအသက်ဝင်နေသည်.......
သည်းငယ်တို့ကပန်းခြံနှင့်နီးသည့်အတွက် အိမ်ကနေလမ်းလျှောက်လာစရာမလိုတာကအဆင်ပြေသည့်အချက်ပင်..........မနေ့ကသူပြန်ခါနီး သည်းငယ်ကအိမ်ထဲမှထွက်လာကာ ပန်းခြံဘက်သို့လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရတာကြောင့် သည်းငယ်ဆီလျှောက်သွားပြီး မနက်ဖြန် မနက်စာစားဖို့ အကြောင်းပြချက်နဲ့ အပြင်သို့ထွက်လာဖို့မှာခဲ့သည်....တစ်လက်စတည်း ပတ်စပို့ပါတစ်ခါတည်းယူလာဖို့မှာခဲ့လိုက်သည်....သည်းငယ်ကပတ်စပို့ယူလာခိုင်းရခြင်းအကြောင်းကိုမေးပေမယ့် မသိမသာလှည့်ပတ်ကာအဖြေပေးခဲ့သည်
အခုသူက ပန်းခြံထဲရှိလူတွေနှင့်ရောနှောနေကာ သည်းငယ်တို့အိမ်ဘက်ကို အခြေအနေစောင့်ကြည့်နေတာဖြစ်သည်........
သူကြည့်နေရင်း.....အိမ်မတံခါးပွင့်လာပြီး သည်းငယ်နှင့်မြင့်မိုရ်ဟိန်းတို့ထွက်လာပြီး အိမ်ရှေ့၌ရပ်ထားသည့် ကားထဲသို့ဝင်ကာကားမောင်းထွက်သွားသည်ကိုတွေ့လိုက်ရသည်......
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...