Part-44

104 0 0
                                    

"ဒယ်ဒီ

အင်း

ကွန် ခွဲစိတ်မှုလုပ်မယ့်ရက်က သိရပြီလား

မသိရသေးဘူး ဒေါက်တာက အကြောင်းကြားပေးမယ်လို့တော့ ပြောထားတယ် ကွန့်လိုပဲ ခွဲစိတ်လူနာတွေရှိသေးတာမို့ စောင့်တော့စောင့်ရဦးမယ်

သား စိတ်မကောင်းဘူးဒယ်ဒီရာ အမှန်ဆို အခုချိန်က ဒယ်ဒီတို့အတွက် အပျော်ရွှင်ရဆုံးနေ့ရက်လေးတွေဖြစ်နေရမှာ
ဒီရောဂါကြောင့် ဒယ်ဒီတို့စိတ်ပူပန်နေရတယ်

အရာအားလုံးက ကံကြမ္မာအလိုကျလေ သူစီမံထားတဲ့ဇာတ်ကွက်အတိုင်း ဖြစ်လာမှာပဲ
ဒယ်ဒီတို့မဖြစ်ချင်ပါဘူး မကြုံ‌‌တွေ့ချင်ပါဘူးဆိုပြီး ရှောင်ပြေးလို့မရဘူး ဒယ်ဒီတို့လက်ခံရမှာပဲ သား

ဟိုကိစ္စသာမဖြစ်ခဲ့ရင် ကွန်အခုလိုရောဂါဖြစ်လာမှာမဟုတ်ဘူး ဒယ်ဒီ

ပြီးပြီးသားကိစ္စတွေကိုပြန်တွေးနေရင် အကုသိုလ်များတယ် သား
ဒယ်ဒီတို့အနေနဲ့ အခုကြုံနေရတဲ့အရာကို ခံနိုင်ရည်ရှိစွာ ကျော်ဖြတ်နိုင်ဖို့ကိုပဲ အာရုံစိုက်ထားရမယ် "

ဒယ်ဒီ ဘယ်လိုခံစားနေရမလဲဆိုတာ သားတွေးကြည့်လို့ရပါတယ်
ကွန် အမြန်ဆုံးသက်သာပါစေလို့ သားဆုတောင်းပေးပါတယ် ဒယ်ဒီ

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

"လေးငယ်ရေ ဦးစက်ကိုတွေ့မိလားဟင် ကွန် လိုက်ရှာတာမတွေ့လို့

တိမ်လွင်က အရေးကြီးကိစ္စရှိလို့ အပြင်ခဏထွက်သွားတယ် သမီးငယ်ကိုပြောပြသွားတယ်လေ

ဟုတ်လား
အင်း ကွန် ခဏမေ့သွားတာဖြစ်မယ်

သမီးငယ်ကို လေးငယ်တိုင်ပင်ချင်တာရှိတယ်

ဟုတ် ပြောလေ လေးငယ်

သမီးရဲ့ခွဲစိတ်မှုကို ဒီမှာမဟုတ်ဘဲ ပြင်သစ်မှာလုပ်စေချင်တယ်
ဒီကဆေးပညာကိုမယုံကြည်တာမဟုတ်ပေမယ့် သမီးအတွက် အကောင်းဆုံးဖြစ်မယ့်ကုသမှုမျိုးကို လုပ်စေချင်တယ်

ကွန် ဒီမှာပဲခွဲစိတ်မှုလုပ်ချင်တယ် လေးငယ်
ပြင်သစ်ကိုမသွားချင်ဘူး လေးငယ်တို့လည်းအလုပ်ရှုပ်တယ်လေ ဟိုပြောင်းရဒီပြောင်းရနဲ့
နောက်ပြီး ဦးစက်က သူ့အလုပ်တွေက လက်လွှတ်ထားလို့ရမယ့်အခြေအနေမဟုတ်သေးဘူး
ကွန်သာ ပြင်သစ်မှာခွဲစိတ်မှုလုပ်ရင် အားလုံးအတွက် အလုပ်ပိုစေမိလိမ့်မယ်

"8 Letters"☕💔🥀Where stories live. Discover now